Local News

သရက်ချောင်းတွင် အသက်မပြည့်သေးသော ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၄ ဦးကို စစ်တပ်က ပစ်သတ်(ရုပ်/သံ)

သရက်ချောင်းတွင် အသက်မပြည့်သေးသော ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၄ ဦးကို စစ်တပ်က ပစ်သတ်(ရုပ်/သံအောက်တွင် ပါဝင်သည်)

ရန်ကုန်၊ ဇန်နဝါရီ ၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့၊ ကင်းရှေ့ကျေးရွာတွင် အသက်မပြည့်သေးသော ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးကို စစ်တပ်က ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ် သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်တပ်က PDF ဟုစွပ်စွဲကာ မောင်ခန့်ဇင်ထွေး အသက်၁၄ နှစ်၊ မောင်အောင်သက်ဖြိုး ၁၇ နှစ်၊ မောင်ရဲဇော်ထိုက် ၁၇ နှစ် ၊မောင်အောင်သက်ဖြိုးအသက် ၁၉ နှစ် တို့ကို ဦးခေါင်းတေ့၍ ပစ်သတ်သွားခြင်းဖြစ် ကြောင်း သိရှိရသည်။

ထားဝယ်မြို့နယ် သရက်ချောင်းမြို့ ကင်းရှေ့ကျေးရွာတွင် စစ်ကူလာသည့် စစ်ကောင်စီစစ် ကြောင်း သည် တိုက်ပွဲဖြစ်နေသည့် နေရာသို့ သွားရောက်ရန် ရွာကို ဖြတ်သန်းစဉ် လမ်းတွင် တွေ့သမျှ ယောင်္ကျားလေးမှန်သမျှကို လိုက်လံပစ်ခတ်သတ်ဖြတ်ကြောင်း သိရှိရသည်။

“ရွာသားတွေကလည်းကြောက်လန့်တစ်ကြား နဲ့ထွက်ပြေးကြတာပါ ကလေးတွေရောလူကြီးတွေရောပေါ့ အဲဒီအချိန်မှာ ပန်းရံလုပ်နေတဲ့ မောင်ခန့်ဇင်ထွေး အသက်၁၄ နှစ်၊ မောင်အောင်သက်ဖြိုး ၁၇ နှစ်၊ မောင်ရဲဇော်ထိုက် ၁၇ နှစ်၊

မောင်အောင်သက်ဖြိုး အသက်၁၉နှစ် တို့ကို PDFလို့ စွပ်စွဲပီး ဦးခေါင်းတေ့ပီးပစ်သတ်သွားတာပါ ကျွန်တော့တူအရင်းနှစ်ပါပါတယ်ဗျာ ဘာမှမသိတဲ့ကလေးတွေပါ။ ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မှာဖြစ်တာပါ” ဟု မိဘဆွေမျိုးတစ်ဦးက ပြောသည်။

Zawgyi

သရက္ေခ်ာင္းတြင္ အသက္မျပည့္ေသးေသာ ကေလးငယ္ ၃ ဦးအပါအဝင္ ျပည္သူ ၄ ဦးကို စစ္တပ္က ပစ္သတ္(႐ုပ္/သံေအာက္တြင္ ပါဝင္သည္)

ရန္ကုန္၊ ဇန္နဝါရီ ၇

တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္၊ သရက္ေခ်ာင္းၿမိဳ႕၊ ကင္းေ႐ွ႕ေက်း႐ြာတြင္ အသက္မျပည့္ေသးေသာ ကေလးငယ္ ၃ ဦး အပါအဝင္ ျပည္သူ ၄ ဦးကို စစ္တပ္က ဦးေခါင္းကို ေသနတ္ျဖင့္ ေတ့၍ ပစ္ သတ္သြားေၾကာင္း ေဒသခံမ်ားထံမွ သိ႐ွိရသည္။

စစ္တပ္က PDF ဟုစြပ္စြဲကာ ေမာင္ခန္႔ဇင္ေထြး အသက္၁၄ ႏွစ္၊ ေမာင္ေအာင္သက္ၿဖိဳး ၁၇ ႏွစ္၊ ေမာင္ရဲေဇာ္ထိုက္ ၁၇ ႏွစ္ ၊ေမာင္ေအာင္သက္ၿဖိဳးအသက္ ၁၉ ႏွစ္ တို႔ကို ဦးေခါင္းေတ့၍ ပစ္သတ္သြားျခင္းျဖစ္ ေၾကာင္း သိ႐ွိရသည္။

ထားဝယ္ၿမိဳ႕နယ္ သရက္ေခ်ာင္းၿမိဳ႕ ကင္းေ႐ွ႕ေက်း႐ြာတြင္ စစ္ကူလာသည့္ စစ္ေကာင္စီစစ္ ေၾကာင္း သည္ တိုက္ပြဲျဖစ္ေနသည့္ ေနရာသို႔ သြားေရာက္ရန္ ႐ြာကို ျဖတ္သန္းစဥ္ လမ္းတြင္ ေတြ႕သမွ် ေယာက်ၤားေလးမွန္သမွ်ကို လိုက္လံပစ္ခတ္သတ္ျဖတ္ေၾကာင္း သိ႐ွိရသည္။

“႐ြာသားေတြကလည္းေၾကာက္လန္႔တစ္ၾကား နဲ႔ထြက္ေျပးၾကတာပါ ကေလးေတြေရာလူႀကီးေတြေရာေပါ့ အဲဒီအခ်ိန္မွာ ပန္းရံလုပ္ေနတဲ့ ေမာင္ခန္႔ဇင္ေထြး အသက္၁၄ ႏွစ္၊ ေမာင္ေအာင္သက္ၿဖိဳး ၁၇ ႏွစ္၊ ေမာင္ရဲေဇာ္ထိုက္ ၁၇ ႏွစ္၊

ေမာင္ေအာင္သက္ၿဖိဳး အသက္၁၉ႏွစ္ တို႔ကို PDFလို႔ စြပ္စြဲပီး ဦးေခါင္းေတ့ပီးပစ္သတ္သြားတာပါ ကြၽန္ေတာ့တူအရင္းႏွစ္ပါပါတယ္ဗ်ာ ဘာမွမသိတဲ့ကေလးေတြပါ။ ဒီေန႔ မြန္းလြဲ ၁၂ နာရီ ၃၀ မွာျဖစ္တာပါ” ဟု မိဘေဆြမ်ိဳးတစ္ဦးက ေျပာသည္။

About the author

admin

Add Comment

Click here to post a comment