Local News

၂ဝ၂၂ နှစ်ကုန်အထိ အပစ်ခတ်ရပ်စဲဖို့ စစ်ခေါင်းဆောင်ကမ်းလှမ်း

၂ဝ၂၂ နှစ်ကုန်အထိ အပစ်ခတ်ရပ်စဲဖို့ စစ်ခေါင်းဆောင်ကမ်းလှမ်း

စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းတိုက်နေတဲ့အချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs တွေနဲ့ ၂ဝ၂၂ နှစ်ကုန်အထိ အပစ်အခတ် ရပ်စဲသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို လက်ခံကြဖို့ သူက တောင်းဆိုပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မနေ့က တွေ့ဆုံစဉ်မှာ တောင်းဆိုလိုက်တာလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကလည်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ သက်ဆိုင်သူတွေအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ တင်းမာမှုတွေ လျှော့ချဖို့တို့ကို ရည်ရွယ်တဲ့ စစ်ခေါင်းဆောင်ရဲ့ တောင်းဆိုမှုအပေါ် ထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကရင်၊ ကချင်၊ ချင်း၊ ကယား၊ ရှမ်း စတဲ့ ပြည်နယ် တွေအပါအဝင် တခြား တိုင်းနဲ့ ပြည်နယ်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကတော့ …

အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှ ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မယ် ဆိုတာကို နားလည်ထားလို့ အပစ်အခတ် ရပ်စဲရေးကို ကြိုးပမ်းအားထုတ်ခဲ့ပြီးဖြစ်ကြောင်း၊

ဒါပေမဲ့ စစ်အာဏာရှင်တွေက နိုင်ငံရေးပြဿနာကို စိတ်ရင်းမှန်နဲ့ ဖြေရှင်းလိုစိတ် မရှိသရွေ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်လာဖို့မရှိဘူးကြောင်း ပြီးခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာကနေ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Photo: Myanmar Military
(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ၂၀၂၂ ဇန်နဝါရီ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဥ်)

Zawgyi

၂ဝ၂၂ ႏွစ္ကုန္အထိ အပစ္ခတ္ရပ္စဲဖို႔ စစ္ေခါင္းေဆာင္ကမ္းလွမ္း

စစ္ေကာင္စီတပ္ဖြဲ႕ေတြကို ေဒသခံ PDF နဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြ ေပါင္းတိုက္ေနတဲ့အခ်ိန္မွာ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ EAOs ေတြနဲ႔ ၂ဝ၂၂ ႏွစ္ကုန္အထိ အပစ္အခတ္ ရပ္စဲသြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြဘက္ကလည္း အပစ္အခတ္ရပ္စဲေရး ကမ္းလွမ္းခ်က္ကို လက္ခံၾကဖို႔ သူက ေတာင္းဆိုပါတယ္။

ျမန္မာႏိုင္ငံကို ေရာက္႐ွိေနတဲ့ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ မေန႔က ေတြ႕ဆုံစဥ္မွာ ေတာင္းဆိုလိုက္တာလို႔ စစ္ေကာင္စီရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကေမ႓ာဒီးယား ဝန္ႀကီးခ်ဳပ္ကလည္း အမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ေရ႐ွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရး ရ႐ွိဖို႔ သက္ဆိုင္သူေတြအၾကား အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈေတြ ျပဳလုပ္ဖို႔နဲ႔ တင္းမာမႈေတြ ေလွ်ာ့ခ်ဖို႔တို႔ကို ရည္႐ြယ္တဲ့ စစ္ေခါင္းေဆာင္ရဲ႕ ေတာင္းဆိုမႈအေပၚ ေထာက္ခံတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

အာဏာသိမ္းၿပီးေနာက္ပိုင္းကစလို႔ ကရင္၊ ကခ်င္၊ ခ်င္း၊ ကယား၊ ႐ွမ္း စတဲ့ ျပည္နယ္ ေတြအပါအဝင္ တျခား တိုင္းနဲ႔ ျပည္နယ္ေတြမွာလည္း စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕ေတြ၊ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ PDF ေတြ၊ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲေတြ ျဖစ္ပြားေနတာပါ။

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး NCA သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားၿပီး အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီနဲ႔ တိုက္ပြဲေတြျပင္းထန္ေနတဲ့ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးကေတာ့ …

အပစ္အခတ္ရပ္စဲၿပီး ႏိုင္ငံေရးျပႆနာေတြကို ေျဖ႐ွင္းႏိုင္မွ ျပည္တြင္းၿငိမ္းခ်မ္းေရး ရႏိုင္မယ္ ဆိုတာကို နားလည္ထားလို႔ အပစ္အခတ္ ရပ္စဲေရးကို ႀကိဳးပမ္းအားထုတ္ခဲ့ၿပီးျဖစ္ေၾကာင္း၊

ဒါေပမဲ့ စစ္အာဏာ႐ွင္ေတြက ႏိုင္ငံေရးျပႆနာကို စိတ္ရင္းမွန္နဲ႔ ေျဖ႐ွင္းလိုစိတ္ မ႐ွိသေ႐ြ႕ ျပည္တြင္းၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈ ျဖစ္လာဖို႔မ႐ွိဘူးေၾကာင္း ၿပီးခဲ့တဲ့ ကရင္ႏွစ္သစ္ကူးေန႔ သဝဏ္လႊာကေန ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

Photo: Myanmar Military
(ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ ကို ၂၀၂၂ ဇန္နဝါရီ ၇ ရက္ေန႔က ေနျပည္ေတာ္မွာ ေတြ႕ရစဥ္)

About the author

admin

Add Comment

Click here to post a comment