Local News

ဝန်ကြီးဌာနအသီးသီးရှိ CDM ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်းများ ကောက်ခံရန် စစ်ကောင်စီ အမိန့်ထုတ်

ဝန်ကြီးဌာနအသီးသီးရှိ CDM ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်းများ ကောက်ခံရန် စစ်ကောင်စီ အမိန့်ထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၈

အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးဌာနအသီးသီးရှိ CDM ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်းများကို ကောက်ယူရန် အမိန့်ထုတ်ထားပြီး ဖမ်းဆီးရန် ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောဆိုသည်။

“CDM တွေရှောင်နေကြပါ၊ ကျန်းမာရေး၊ ပညာရေး၊ မီးရထားဝန်ထမ်းများ အဓိ ကပါ၊ အခြားဝန်ကြီးဌာနတွေလည်းစာထုတ်ထားပါတယ်၊ ကိုယ်ရေးအချက် အလက်နဲ့ လိုက်မှာပါ၊

ကိုယ်ရေးအချက်အလက်မှာပါတဲ့ အိမ်လိပ်စာနဲ့လိုက် ဖမ်းမှာပါ၊ ပြည်ထဲရေး ရဲခွေး တွေကိုတာဝန်ပေးထားပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက CDM ပြုလုပ်ခဲ့၍ ထုတ်ပယ်ခဲ့သူ များ၏ ကိုယ်ရေး အကျဉ်းများ၊ CDM ပြုလုပ်ဆဲ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးတင်ပြရန် ညွှန်ကြားထားသည်။

Zawgyi


ရန်ကုန်၊ ဇန်နဝါရီ ၈





About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.