Local News

ထန်တလန်မြို့ကို စစ်သားများက နိုဝင်ဘာ ၂၆ ရက်နေ့တွင် မီးတင်ရှို့ခဲ့(ရုပ်/သံ)

ထန်တလန်မြို့ကို စစ်သားများက နိုဝင်ဘာ ၂၆ ရက်နေ့တွင် မီးတင်ရှို့ခဲ့(ရုပ်/သံ အောက်တွင်ပါသည်)

ရန်ကုန်၊ နိုဝင်ဘာ ၂၈

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထန်တလန်မြို့ကို ဝေဟင်မှ ဒရုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများအရ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများ၏ နေအိမ်များအတွင်း ဝင်ထွက်သွားလာနေမှုများ၊ မီးလောင်နေသည့် နေအိမ်များအနီးတွင် ရှိနေသည်ကို တွေ့ရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲများတွင် ထန်တလန်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များက မီးရှို့ပြီး စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ရာ ထွက်ပြေးသွားကြကြောင်း စွပ်စွဲပြောဆိုခဲ့သော်လည်း ဗီဒီယိုမှတ်တမ်းများတွင် စစ်သားများက မီးရှိုနေသည်ကို မြင်တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်သားများ၏ မီးရှို့ဖျက်ဆီးမှုများ၊ ရမ်းကားပစ်ခတ်မှုများကြောင့် မြို့ခံ တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ထန်တလန်မြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသာ ကျန်တော့ကြောင်း သိရှိရသည်။

စက်တင်ဘာလမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့တွင် ဘုရားကျောင်း ၄ ခုနှင့် နေအိမ် ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်ရန် သွားခဲ့သည့် ခရစ်ယာန်ဘာသာရေးဆရာ ၁ ဦးကို စစ်ကောင်စီတပ်သားများက ပစ်သတ်ခဲ့သည်။

Video Credit – The Chinland Post

Zawgyi

ထန္တလန္ၿမိဳ႕ကို စစ္သားမ်ားက ႏိုဝင္ဘာ ၂၆ ရက္ေန႔တြင္ မီးတင္႐ိႈ႕ခဲ့(႐ုပ္/သံ ေအာက္တြင္ပါသည္)

ရန္ကုန္၊ ႏိုဝင္ဘာ ၂၈

ႏိုဝင္ဘာလ ၂၆ ရက္ေန႔တြင္ ထန္တလန္ၿမိဳ႕ကို ေဝဟင္မွ ဒ႐ုန္းျဖင့္ ႐ိုက္ကူးထားေသာ ဗီဒီယိုမွတ္တမ္းမ်ားအရ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ေဒသခံျပည္သူမ်ား၏ ေနအိမ္မ်ားအတြင္း ဝင္ထြက္သြားလာေနမႈမ်ား၊ မီးေလာင္ေနသည့္ ေနအိမ္မ်ားအနီးတြင္ ႐ွိေနသည္ကို ေတြ႕႐ွိရသည္။

အၾကမ္းဖက္စစ္ေကာင္စီ ေျပာခြင့္ရ ေဇာ္မင္းထြန္းက သတင္းစာ႐ွင္းလင္းပြဲမ်ားတြင္ ထန္တလန္ၿမိဳ႕ကို ခ်င္းေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက မီး႐ိႈ႕ၿပီး စစ္ေကာင္စီတပ္သားမ်ားက လိုက္လံပစ္ခတ္ရာ ထြက္ေျပးသြားၾကေၾကာင္း စြပ္စြဲေျပာဆိုခဲ့ေသာ္လည္း ဗီဒီယိုမွတ္တမ္းမ်ားတြင္ စစ္သားမ်ားက မီး႐ိႈေနသည္ကို ျမင္ေတြ႕ရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလကုန္ပိုင္းမွစ၍ စစ္ေကာင္စီတပ္သားမ်ား၏ မီး႐ိႈ႕ဖ်က္ဆီးမႈမ်ား၊ ရမ္းကားပစ္ခတ္မႈမ်ားေၾကာင့္ ၿမိဳ႕ခံ တစ္ေသာင္းေက်ာ္သည္ ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေ႐ွာင္သြားၾကၿပီး ထန္တလန္ၿမိဳ႕ေပၚ၌ တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားသာ က်န္ေတာ့ေၾကာင္း သိ႐ွိရသည္။

စက္တင္ဘာလမွစ၍ အၾကမ္းဖက္စစ္ေကာင္စီတပ္၏ မီး႐ိႈ႕ဖ်က္ဆီးမႈေၾကာင့္ ထန္တလန္ၿမိဳ႕တြင္ ဘုရားေက်ာင္း ၄ ခုႏွင့္ ေနအိမ္ ၃၀၀ ေက်ာ္ ပ်က္စီးဆုံး႐ႈံးခဲ့ၿပီး မီးၿငႇိမ္းသတ္ရန္ သြားခဲ့သည့္ ခရစ္ယာန္ဘာသာေရးဆရာ ၁ ဦးကို စစ္ေကာင္စီတပ္သားမ်ားက ပစ္သတ္

ရုပ်သံအပြည့်အစုံအား ကြည့်ရန် Link 👇

https://www.facebook.com/227005777327352/posts/5051826248178590/

Recent Comments

No comments to show.