Local News

ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီကို အမြန်အရေးယူရန် နိုင်ငံတကာကို KNPP တောင်းဆို

ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီကို အမြန်အရေးယူရန် နိုင်ငံတကာကို KNPP တောင်းဆို

အပြစ်မဲ့ ပြည်သူလူထုများအား တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများမှ အမြန်ဆုံးအရေးယူဆောင်ရွက်မှုများအား ပြုလုပ်ဆောင်ရွက်သွားရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)က တောင်းဆိုလိုက်သည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအပေါ် KNPPက ယနေ့တွင် အရေးပေါ် သတင်းထုတ်ပြန်ခဲ့သည်။

ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံရေးအတွက် အမြန်ဆုံးကူညီဆောင်ရွက်ပေးရန် လေးလေးနက်နက် တောင်းဆိုလိုက်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ သို့ ဇန်နဝါရီ ၇ရက် နံနက်ပိုင်းမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်များပေါ် ကျရောက်ပြီး ပြည်သူ ၆ဦးထိ သေဆုံးခဲ့သည်ဟု ဆိုသည်။

ပြည်သူလူထုများလည်း ပိတ်မိနေရာ စစ်ကောင်စီက မြင်သမျှမည်သူ့ကိုမဆို ပစ်ခတ်သတ်ဖြတ်နေခြင်း ဖြစ်၍ ပြည်သူလူထု လွတ်မြောက်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊

ဇန်နဝါရီ ၇ရက် ညပိုင်းမှစ၍ ဇန်နဝါရီ ၈ရက်အထိဆက်တိုက် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက် နေခြင်းကြောင့်အပြစ်မဲ့ပြည်သူများ လွတ်မြောက်ရာ တိမ်းရှောင်နိုင်သော်လည်း အချို့မှာ ပိတ်မိနေဆဲဖြစ်သည်ဟု ဆိုသည်။

ဇန်နဝါရီ ၇ရက်ကလည်း ထိုင်း-ကရင်နီ နယ်စပ်တွင် စစ်ကောင်စီမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကရင်နီထိန်းချုပ်နယ်မြေအတွင်း ခိုလှုံနေသော စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ဒုက္ခသည် ၁၂၀၀ကျော် နယ်စပ်ကိုဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၀ ခန့်မှာ နယ်စပ်ဖြတ်ကျော်နိုင်ခြင်းမရှိသေးဟု ဖော်ပြခဲ့သည်။

KNPP လက်အောက်ခံ ကရင်နီတပ်မတော်(KA) အပါအဝင် ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများလုပ်ဆောင်နေရာ ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်များ၌ တိုက်ပွဲများ ပြင်းထန်နေသည်။

(ယနေ့ လွိုင်ကော်မြို့တွင် ပြည်သူများအား ပစ်ခတ်ခဲ့ရာတွင် အသုံးပြုခဲ့သည့် ရဟတ်ယာဥ်ကို တွေ့ရစဥ်)

Zawgyi

ျပည္သူမ်ားအား ေလေၾကာင္းမွဗုံးႀကဲတိုက္ခိုက္ေနသည့္ စစ္ေကာင္စီကို အျမန္အေရးယူရန္ ႏိုင္ငံတကာကို KNPP ေတာင္းဆို

အျပစ္မဲ့ ျပည္သူလူထုမ်ားအား တိုက္ေလယာဥ္၊ စစ္ရဟတ္ယာဥ္မ်ားျဖင့္ ဗုံးႀကဲတိုက္ခိုက္ေနမႈအေပၚ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမွ အျမန္ဆုံးအေရးယူေဆာင္႐ြက္မႈမ်ားအား ျပဳလုပ္ေဆာင္႐ြက္သြားရန္ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ(KNPP)က ေတာင္းဆိုလိုက္သည္။

ကရင္နီ(ကယား)ျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ေပၚ၌ တိုက္ပြဲမ်ားျဖစ္ပြားၿပီး စစ္ေကာင္စီတပ္က တိုက္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားျဖင့္ ဗုံးႀကဲတိုက္ခိုက္ခဲ့ျခင္းအေပၚ KNPPက ယေန႔တြင္ အေရးေပၚ သတင္းထုတ္ျပန္ခဲ့သည္။

ျပည္သူလူထု၏ အသက္အိုးအိမ္လုံျခဳံေရးအတြက္ အျမန္ဆုံးကူညီေဆာင္႐ြက္ေပးရန္ ေလးေလးနက္နက္ ေတာင္းဆိုလိုက္သည္ဟု ေဖာ္ျပထားသည္။

စစ္ေကာင္စီတပ္သည္ လြိဳင္ေကာ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ား သို႔ ဇန္နဝါရီ ၇ရက္ နံနက္ပိုင္းမွစ၍ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ေနအိမ္မ်ားေပၚ က်ေရာက္ၿပီး ျပည္သူ ၆ဦးထိ ေသဆုံးခဲ့သည္ဟု ဆိုသည္။

ျပည္သူလူထုမ်ားလည္း ပိတ္မိေနရာ စစ္ေကာင္စီက ျမင္သမွ်မည္သူ႕ကိုမဆို ပစ္ခတ္သတ္ျဖတ္ေနျခင္း ျဖစ္၍ ျပည္သူလူထု လြတ္ေျမာက္ေရးအတြက္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း၊

ဇန္နဝါရီ ၇ရက္ ညပိုင္းမွစ၍ ဇန္နဝါရီ ၈ရက္အထိဆက္တိုက္ တိုက္ေလယာဥ္၊ ရဟတ္ယာဥ္မ်ား အသုံးျပဳ၍ ဗုံးႀကဲတိုက္ခိုက္ ေနျခင္းေၾကာင့္အျပစ္မဲ့ျပည္သူမ်ား လြတ္ေျမာက္ရာ တိမ္းေ႐ွာင္ႏိုင္ေသာ္လည္း အခ်ိဳ႕မွာ ပိတ္မိေနဆဲျဖစ္သည္ဟု ဆိုသည္။

ဇန္နဝါရီ ၇ရက္ကလည္း ထိုင္း-ကရင္နီ နယ္စပ္တြင္ စစ္ေကာင္စီမွ တိုက္ေလယာဥ္မ်ားျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈ ေၾကာင့္ ကရင္နီထိန္းခ်ဳပ္နယ္ေျမအတြင္း ခိုလႈံေနေသာ စစ္ေ႐ွာင္စခန္းမွ စစ္ေဘးေ႐ွာင္ဒုကၡသည္ ၁၂၀၀ေက်ာ္ နယ္စပ္ကိုျဖတ္ေက်ာ္ ထြက္ေျပးတိမ္းေ႐ွာင္ခဲ့ၿပီး ၂၀၀ ခန္႔မွာ နယ္စပ္ျဖတ္ေက်ာ္ႏိုင္ျခင္းမ႐ွိေသးဟု ေဖာ္ျပခဲ့သည္။

KNPP လက္ေအာက္ခံ ကရင္နီတပ္မေတာ္(KA) အပါအဝင္ ကရင္နီေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားသည္ စစ္ေကာင္စီတပ္ကို ခုခံတိုက္ခိုက္မႈမ်ားလုပ္ေဆာင္ေနရာ ဒီးေမာ့ဆို၊ လြိဳင္ေကာ္ၿမိဳ႕နယ္မ်ား၌ တိုက္ပြဲမ်ား ျပင္းထန္ေနသည္။

(ယေန႔ လြိဳင္ေကာ္ၿမိဳ႕တြင္ ျပည္သူမ်ားအား ပစ္ခတ္ခဲ့ရာတြင္ အသုံးျပဳခဲ့သည့္ ရဟတ္ယာဥ္ကို ေတြ႕ရစဥ္)

Recent Comments

No comments to show.