Local News

အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ် အကောင်အထည်ဖော်နိုင်ရေးပံ့ပိုးပေးမည်ဟု အာဆီယံအစည်းအဝေးတက်ရောက်ခွင့်မရသည့် မင်းအောင်လှိုင် လေသံပြောင်းပြော

အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ် အကောင်အထည်ဖော်နိုင်ရေးပံ့ပိုးပေးမည်ဟု အာဆီယံအစည်းအဝေးတက်ရောက်ခွင့်မရသည့် မင်းအောင်လှိုင် လေသံပြောင်းပြော

–People’s Spring

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ဘုံဆုံးဖြတ် ချက်၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရေး အပြည့်အ၀ ပံ့ပိုးသွားမည်ဟု အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ် ထွက်ပေါ်အပြီး ၈ လကျော် လိုက်နာအကောင်အထည်ဖော်ခြင်းမရှိခဲ့သည့် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်က အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ နေပြည်တော်ခရီးစဉ်တွင် ယင်းသို့ပြောဆိုခဲ့ကြောင်း စစ်ကောင်စီနှင့် ကမ္ဘောဒီးယား ပူးတွဲကြေညာချက်၌ ဖော်ပြ သည်။

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Park Sokhonn ဖြစ်ပြီး အလှည့်ကျဥက္ကဌစတင်တာဝန်ယူချိန်တွင် ဝန်ကြီးချုပ်ဟွန်ဆန်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာ နိုင်ငံခရီးစဉ်ကို ပံ့ပိုးပေးရန်နှင့် လက်ရှိ ပြည်တွင်းအခြေအနေများ ထည့်သွင်းစဉ်းစားကာ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံနိုင်ရေးပြောဆိုခဲ့သည်။

သို့ရာတွင် ပြီးခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) Erywan Yusof တာဝန်ယူချိန် ၅လအတွင်း မြန်မာပြည်လာရောက်နိုင်ခဲ့ခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီက အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိ သည့်အတွက် ပြီးခဲ့သည့်အာဆီယံထိပ်သီးညီလာခံအပါအဝင် ဆက်စပ်အစည်းအဝေးများသို့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးခဲ့၍ ကမ္ဘောဒီးယားက အလှည့်ကျဥက္ကဌ တာဝန်ယူချိန်တွင် အထက်ပါအတိုင်း ပံ့ပိုးကူညီမည်ဟု ပြောဆိုလာခြင်းဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအပြင်းအထန်ကန့်ကွက်သည့်ကြားမှပင် အကြမ်းဖက်မှုများ ဆက်တိုက် တိုးမြှင့်ကျူးလွန်နေသော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိတ်ကြား ချက်အရ နေပြည်တော်သို့ ၂ရက်ကြာလာရောက်ခဲ့သည်။

အဆိုပါခရီးစဉ်သည် မြန်မာ့အကျပ်အတည်းဖြေရှင်းရန် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်ဖော်ရေး မတူညီသည့်ချဉ်းကပ်မှုများဖြင့် လုပ်ဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ခရီးစဉ်အပြီးသတင်းထောက်များကို ပြောသည်။

သို့သော် ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ခရီးစဉ်သည် အာဏာရှင်အချင်းချင်းအကြား ဖေးကူသည့် လုပ်ရပ်သာဖြစ်ပြီး မြန်မာပြည်သူများအတွက် မည်သည့်အကျိုးရလဒ်ကိုမျှ သယ်ဆောင်လာမည် မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ်များက ယုံကြည်ကြသည်။

Zawgyi

အာဆီယံဘုံဆုံးျဖတ္ခ်က္ ၅ရပ္ အေကာင္အထည္ေဖာ္ႏိုင္ေရးပံ့ပိုးေပးမည္ဟု အာဆီယံအစည္းအေဝးတက္ေရာက္ခြင့္မရသည့္ မင္းေအာင္လိႈင္ ေလသံေျပာင္းေျပာ

–People’s Spring

အာဆီယံအထူးကိုယ္စားလွယ္အေနျဖင့္ ဘုံဆုံးျဖတ္ ခ်က္၅ ရပ္ကို အေကာင္အထည္ေဖာ္ႏိုင္ေရး အျပည့္အ၀ ပံ့ပိုးသြားမည္ဟု အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လိႈင္က ေျပာသည္။

အာဆီယံဘုံဆုံးျဖတ္ခ်က္ ၅ရပ္ ထြက္ေပၚအၿပီး ၈ လေက်ာ္ လိုက္နာအေကာင္အထည္ေဖာ္ျခင္းမ႐ွိခဲ့သည့္ အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္က အာဆီယံအလွည့္က်ဥကၠဌ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္၏ ေနျပည္ေတာ္ခရီးစဥ္တြင္ ယင္းသို႔ေျပာဆိုခဲ့ေၾကာင္း စစ္ေကာင္စီႏွင့္ ကေမ႓ာဒီးယား ပူးတြဲေၾကညာခ်က္၌ ေဖာ္ျပ သည္။

အာဆီယံ၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္သည္ ကေမ႓ာဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Park Sokhonn ျဖစ္ၿပီး အလွည့္က်ဥကၠဌစတင္တာဝန္ယူခ်ိန္တြင္ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ခန္႔အပ္ခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္မင္းေအာင္လိႈင္က အာဆီယံအထူးကိုယ္စားလွယ္၏ ျမန္မာ ႏိုင္ငံခရီးစဥ္ကို ပံ့ပိုးေပးရန္ႏွင့္ လက္႐ွိ ျပည္တြင္းအေျခအေနမ်ား ထည့္သြင္းစဥ္းစားကာ သက္ဆိုင္သည့္ အဖြဲ႕အစည္းအားလုံးႏွင့္ ေတြ႕ဆုံႏိုင္ေရးေျပာဆိုခဲ့သည္။

သို႔ရာတြင္ ၿပီးခဲ့သည့္ အာဆီယံအထူးကိုယ္စားလွယ္ ဘ႐ူႏိုင္းႏိုင္ငံျခားေရးဝန္ႀကီး(၂) Erywan Yusof တာဝန္ယူခ်ိန္ ၅လအတြင္း ျမန္မာျပည္လာေရာက္ႏိုင္ခဲ့ျခင္းမ႐ွိေပ။

အၾကမ္းဖက္စစ္ေကာင္စီက အာဆီယံဘုံဆုံးျဖတ္ခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္ျခင္းမ႐ွိ သည့္အတြက္ ၿပီးခဲ့သည့္အာဆီယံထိပ္သီးညီလာခံအပါအဝင္ ဆက္စပ္အစည္းအေဝးမ်ားသို႔ မင္းေအာင္လိႈင္ကို တက္ေရာက္ခြင့္မေပးခဲ့၍ ကေမ႓ာဒီးယားက အလွည့္က်ဥကၠဌ တာဝန္ယူခ်ိန္တြင္ အထက္ပါအတိုင္း ပံ့ပိုးကူညီမည္ဟု ေျပာဆိုလာျခင္းျဖစ္သည္။

ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္သည္ ျမန္မာျပည္သူမ်ားႏွင့္ ျပည္တြင္း၊ ျပည္ပ လူ႕အခြင့္အေရးတက္ႂကြလႈပ္႐ွားသူမ်ားအျပင္းအထန္ကန္႔ကြက္သည့္ၾကားမွပင္ အၾကမ္းဖက္မႈမ်ား ဆက္တိုက္ တိုးျမႇင့္က်ဴးလြန္ေနေသာ စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လိႈင္၏ ဖိတ္ၾကား ခ်က္အရ ေနျပည္ေတာ္သို႔ ၂ရက္ၾကာလာေရာက္ခဲ့သည္။

အဆိုပါခရီးစဥ္သည္ ျမန္မာ့အက်ပ္အတည္းေျဖ႐ွင္းရန္ အာဆီယံဘုံဆုံးျဖတ္ခ်က္ ၅ ရပ္ အေကာင္အထည္ေဖာ္ေရး မတူညီသည့္ခ်ဥ္းကပ္မႈမ်ားျဖင့္ လုပ္ေဆာင္ခဲ့ေၾကာင္း ကေမ႓ာဒီးယားႏိုင္ငံျခားေရးဝန္ႀကီးက ေနျပည္ေတာ္ခရီးစဥ္အၿပီးသတင္းေထာက္မ်ားကို ေျပာသည္။

သို႔ေသာ္ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္၏ ခရီးစဥ္သည္ အာဏာ႐ွင္အခ်င္းခ်င္းအၾကား ေဖးကူသည့္ လုပ္ရပ္သာျဖစ္ၿပီး ျမန္မာျပည္သူမ်ားအတြက္ မည္သည့္အက်ိဳးရလဒ္ကိုမွ် သယ္ေဆာင္လာမည္ မဟုတ္ေၾကာင္း ျမန္မာ့ႏိုင္ငံေရးအကဲခတ္မ်ားက ယုံၾကည္ၾကသည္။

About the author

admin

Add Comment

Click here to post a comment