Local News

မတူပီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ခရီးသွားပြည်သူ ၁၁ ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုပြီးနောက် ရက်ရက်စက်စက် သ တ်ဖြတ်ခဲ့

မတူပီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ခရီးသွားပြည်သူ ၁၁ ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုပြီးနောက် ရက်ရက်စက်စက် သ တ်ဖြတ်ခဲ့

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်းပေါ်ရှိ ကီလှုန်းနဲ့ လုံလှောကျေးရွာကြားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ နဲ့ ၇ ရက်က ခရီး သွားပြည်သူ ၁၁ ဦးကို အကြမ်းဖက်စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် ဇန်နဝါရီ ၈ ရက်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ သတင်းရင်းမြစ်များထံက သိရပါတယ်။

Khonumthung Burmese သတင်းဌာနကတော့ အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာနဲ့ သတ်ဖြတ်ခဲ့တဲ့သူတွေစာရင်းထဲမှာ Khonumthung သတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ Pu Tuidim ပါဝင်နေခဲ့ကြောင်းနဲ့ များစွာတုန်လှုပ်ခြောက်ခြားပြီး အလွန်စိတ်မကောင်း ဖြစ်ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၁၁ ဦးအနက် ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိထားပြီဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောထားပါတယ်။

“ ညနေ ၅ နာရီထိလောက်က ၅ လောင်းပဲတွေ့သေးတယ်ပေါ့နော် အခု ၅ လောင်းထပ်တွေ့တယ်ဆိုတော့ စုစုပေါင်း ၁၀ လောင်းတွေ့ရှိထားပါပြီ’’လို့CDF-Matupi ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးလင်းက Khonumthung Burmese သတင်းဌာနကို ပြောကြားထားပါတယ်။

Pu Tuidim အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုပြီး သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်ကို အပြင်းအထန်ပြစ်တင်ရှုတ်ချတဲ့အကြောင်းနဲ့

နောက်နောင်မှာ အခုလို အရပ် သားပြည်သူတွေကို ဖမ်းဆီး ပြီး လူမဆန်စွာသတ်ဖြတ်မှုတွေ ထပ်မံမကျူးလွန်ရန်အတွက်လည်း Khonumthung သတင်းဌာနက အလေးအနက်တောင်းဆို ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CDF-Matupi ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဇန်နဝါရီ ၆ ရက်ကစတင်ပြီး မတူပီ-ဟားခါးလမ်းမပေါ် ဘယ်ဖက်လမ်းမှာရှိတဲ့ ကီလှုန်းရွာနဲ့ လုံလှော်ရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ မိမိတို့ CDF-Matupi တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန် ခဲ့ကြောင်း၊

တိုက်ပွဲပြင်းထန်တဲ့နေရာအနီးက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး ဇန် နဝါရီ ၆ ရက် နေ့လည်ပိုင်းမှာ ခရီးသွားနေတဲ့ ပြည်သူ ၈ ဦး၊ ညနေပိုင်းမှာ ဓာတ်ဆီဝယ်ဖို့သွားတဲ့ ပြည်သူ တစ်ဦး၊ ၇ ရက်မှာ ဘွေထီး ယားရွာက ကစဲရွာကို ခရီးသွားနေတဲ့ ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလိုဖမ်းဆီးပြီးတဲ့နောက်မှာ ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ အလောင်းတွေကို လူသားမဆန်စွာနဲ့ စွန့်ပစ်ထားတာကို တွေ့ရှိခဲ့ရကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်တဲ့အကြောင်း ကျဆုံးပြည်သူများကို တိုင်တည် ပြီး ကတိပြုတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

လူမှုကွန်ရက်တွေမှာ အသတ်ခံထားရတဲ့သူတွေရဲ့ ရုပ်အလောင်းပုံတွေကို ဝမ်းနည်းကြောင်းတွေရေးပြီး မျှဝေမှုတွေလုပ်နေခဲ့ပြီး ဓာတ်ပုံတွေထဲမှာတော့ အသက်မပြည်သေးတဲ့ ကလေးငယ်တစ်ဦးပါ အသတ်ခံရတဲ့အထဲ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

#credit CDF Matupi
#ddaychannel

Zawgyi
မတူပီၿမိဳ႕နယ္အတြင္း အၾကမ္းဖက္စစ္ေကာင္စီက ခရီးသြားျပည္သူ ၁၁ ဦးကို လူသားဒိုင္းအျဖစ္အသုံးျပဳၿပီးေနာက္ ရက္ရက္စက္စက္ သ တ္ျဖတ္ခဲ့

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္၊ မတူပီ-ဟားခါးလမ္းေပၚ႐ွိ ကီလႈန္းနဲ႔ လုံေလွာေက်း႐ြာၾကားမွာ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၆ နဲ႔ ၇ ရက္က ခရီး သြားျပည္သူ ၁၁ ဦးကို အၾကမ္းဖက္စစ္ေကာင္စီက လူသားဒိုင္းအျဖစ္ အသုံးျပဳၿပီးေနာက္ ဇန္နဝါရီ ၈ ရက္တြင္ ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့တယ္လို႔ သတင္းရင္းျမစ္မ်ားထံက သိရပါတယ္။

Khonumthung Burmese သတင္းဌာနကေတာ့ အၾကမ္းဖက္စစ္တပ္ရဲ႕ လူမဆန္စြာနဲ႔ သတ္ျဖတ္ခဲ့တဲ့သူေတြစာရင္းထဲမွာ Khonumthung သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ျဖစ္တဲ့ Pu Tuidim ပါဝင္ေနခဲ့ေၾကာင္းနဲ႔ မ်ားစြာတုန္လႈပ္ေျခာက္ျခားၿပီး အလြန္စိတ္မေကာင္း ျဖစ္ရေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္သြားသည့္ အရပ္သားျပည္သူ ၁၁ ဦးအနက္ ႐ုပ္အေလာင္း ၁၀ ေလာင္းေတြ႕႐ွိထားၿပီဟု CDF-Matupi ျပန္ၾကားေရးတာဝန္ခံတစ္ဦးကေျပာထားပါတယ္။

“ ညေန ၅ နာရီထိေလာက္က ၅ ေလာင္းပဲေတြ႕ေသးတယ္ေပါ့ေနာ္ အခု ၅ ေလာင္းထပ္ေတြ႕တယ္ဆိုေတာ့ စုစုေပါင္း ၁၀ ေလာင္းေတြ႕႐ွိထားပါၿပီ’’လို႔CDF-Matupi ျပန္ၾကားေရးတာဝန္ခံ ကိုေႏြဦးလင္းက Khonumthung Burmese သတင္းဌာနကို ေျပာၾကားထားပါတယ္။

Pu Tuidim အပါအဝင္ အျပစ္မဲ့အရပ္သားျပည္သူေတြကို ဖမ္းဆီးၿပီး လူသားဒိုင္းအျဖစ္ အသုံးျပဳၿပီး သတ္ျဖတ္ခဲ့တဲ့ အၾကမ္းဖက္ စစ္ေကာင္စီရဲ႕ လုပ္ရပ္ကို အျပင္းအထန္ျပစ္တင္႐ႈတ္ခ်တဲ့အေၾကာင္းနဲ႔

ေနာက္ေနာင္မွာ အခုလို အရပ္ သားျပည္သူေတြကို ဖမ္းဆီး ၿပီး လူမဆန္စြာသတ္ျဖတ္မႈေတြ ထပ္မံမက်ဴးလြန္ရန္အတြက္လည္း Khonumthung သတင္းဌာနက အေလးအနက္ေတာင္းဆို ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

CDF-Matupi ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာေတာ့ ဇန္နဝါရီ ၆ ရက္ကစတင္ၿပီး မတူပီ-ဟားခါးလမ္းမေပၚ ဘယ္ဖက္လမ္းမွာ႐ွိတဲ့ ကီလႈန္း႐ြာနဲ႔ လုံေလွာ္႐ြာၾကားမွာ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြနဲ႔ မိမိတို႔ CDF-Matupi တပ္ဖြဲ႕ဝင္မ်ားအၾကား တိုက္ပြဲျပင္းထန္ ခဲ့ေၾကာင္း၊

တိုက္ပြဲျပင္းထန္တဲ့ေနရာအနီးက ေက်း႐ြာေတြကို အၾကမ္းဖက္စစ္တပ္က အင္အားအလုံးအရင္းနဲ႔ ထိုးစစ္ဆင္ခဲ့ၿပီး ဇန္ နဝါရီ ၆ ရက္ ေန႔လည္ပိုင္းမွာ ခရီးသြားေနတဲ့ ျပည္သူ ၈ ဦး၊ ညေနပိုင္းမွာ ဓာတ္ဆီဝယ္ဖို႔သြားတဲ့ ျပည္သူ တစ္ဦး၊ ၇ ရက္မွာ ေဘြထီး ယား႐ြာက ကစဲ႐ြာကို ခရီးသြားေနတဲ့ ျပည္သူ ၂ ဦးကို အၾကမ္းဖက္စစ္တပ္က ဖမ္းဆီးသြားခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

အဲဒီလိုဖမ္းဆီးၿပီးတဲ့ေနာက္မွာ ရက္ရက္စက္စက္ သတ္ျဖတ္ထားတဲ့ အေလာင္းေတြကို လူသားမဆန္စြာနဲ႔ စြန္႔ပစ္ထားတာကို ေတြ႕႐ွိခဲ့ရေၾကာင္းနဲ႔ အၾကမ္းဖက္စစ္ေကာင္စီက်ဆုံးတဲ့အထိ တိုက္ပြဲဝင္သြားမွာျဖစ္တဲ့အေၾကာင္း က်ဆုံးျပည္သူမ်ားကို တိုင္တည္ ၿပီး ကတိျပဳတယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

လူမႈကြန္ရက္ေတြမွာ အသတ္ခံထားရတဲ့သူေတြရဲ႕ ႐ုပ္အေလာင္းပုံေတြကို ဝမ္းနည္းေၾကာင္းေတြေရးၿပီး မွ်ေဝမႈေတြလုပ္ေနခဲ့ၿပီး ဓာတ္ပုံေတြထဲမွာေတာ့ အသက္မျပည္ေသးတဲ့ ကေလးငယ္တစ္ဦးပါ အသတ္ခံရတဲ့အထဲ ပါဝင္ေနတာကိုလည္း ေတြ႕ရပါတယ္။

#credit CDF Matupi
#ddaychannel

About the author

admin

Add Comment

Click here to post a comment