Local News

တနင်္သာရီတိုင်းတွင် လေအားလျှပ်စစ် ထုတ်လုပ်ရန် ဝန်ကြီးချုပ် အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းတွင် လေအားလျှပ်စစ် ထုတ်လုပ်ရန် ဝန်ကြီးချုပ် အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဖောင်းတောချောင်းတွင် တည်ရှိသည့် ရေအားလျှပ်စစ်အဆင့်မြှင့် တင်ခြင်းနှင့် လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ

အကြိုစူးစမ်းလေ့လာရေးလုပ်ငန်း ဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း MOU လက်မှတ်ရေးထိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စကစ၏ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်ခဲ့ပြီး၊ ယင်း စီမံကိန်းများကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား MOU လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်မြို့မှ (၂၁) မိုင်ခန့်အကွာတွင်ရှိ သော ဖောင်းတောရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား အဆင့်မြင့်ပြီး ထားဝယ်ခရိုင်အတွင်းရှိ ဆက်စပ် သောမြို့နယ်များအတွက်

လိုအပ်သောလျှပ်စစ်ဓာတ်အားအလုံအလောက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းချိုသာစွာရရှိရေး ဖြစ်နိုင်ချေ ရှိ မရှိ လက်မှတ်ရေးထိုးသောအခမ်းအနားဖြစ်ကြောင်း၊ ဖောင်းတော ရေအား လျှပ်စစ်စီမံကိန်းကို

၂၀၁၀-၂၀၁၅ ခုနှစ်ကတည်းက လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်ထားပြီး အကြောင်း အမျိုးမျိုးကြောင့် နှောင်းနှေးကြန့်ကြာခဲ့ရကြောင်း၊ ဖောင်းတောရေအားလျှပ်စစ်ကို ၁၉၃၉ ခုနှစ်က

စတင် လည်ပတ်ခဲ့ပြီး အသုံးပြုထားသောပစ္စည်းများ စွမ်းအားကျဆင်းလာပြီဖြစ်သဖြင့် နည်းပညာများပိုမိုအဆင့်မြင့်သည့် စက်များဖြင့် အစားထိုးတပ်ဆင်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောပါသည်။

လုပ်ငန်းများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ လုပ်ဆောင်မည်ဆိုပါက ဒီဇင်ဘာလတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို ရေအားဖြင့် လည်ပတ်ရသောကြောင့် ရာသီဥတုအပေါ်

မူတည်ပြီး မိုးရေချိန်အနည်းအများအပေါ် မူတည်သည့်အတွက် နွေရာသီတွင်ကြိုတင်ပြင်ဆင်ထား ရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြစ်မြောက်အောင်မြင်ရေးအတွက်ဝိုင်းဝန်း

ကူညီဆောင်ရွက်ပေး ရန်လိုအပ်ပြီး သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့်လည်း အားတက်သရောဖြင့် သတ်မှတ်သည့်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

Crd..Blacker

Zawgyi

တနသၤာရီတိုင္းတြင္ ေလအားလွ်ပ္စစ္ ထုတ္လုပ္ရန္ ဝန္ႀကီးခ်ဳပ္ အစည္းအေဝး ျပဳလုပ္

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕၊ ေဖာင္းေတာေခ်ာင္းတြင္ တည္႐ွိသည့္ ေရအားလွ်ပ္စစ္အဆင့္ျမႇင့္ တင္ျခင္းႏွင့္ ေလအားလွ်ပ္စစ္ထုတ္လုပ္ေရးစီမံကိန္း ျဖစ္ေျမာက္ႏိုင္စြမ္း ႐ွိ မ႐ွိ

အႀကိဳစူးစမ္းေလ့လာေရးလုပ္ငန္း ေဆာင္႐ြက္ရန္ နားလည္မႈမွတ္တမ္း MOU လက္မွတ္ေရးထိုးျခင္းကို ယမန္ေန႔နံနက္ ၁၀ နာရီက တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးတြင္ က်င္းပခဲ့သည္။

အဆိုပါ အခမ္းအနားသို႔ စကစ၏ တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးျမတ္ကို တက္ေရာက္ခဲ့ၿပီး၊ ယင္း စီမံကိန္းမ်ားကို တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ ပန္းသိဂႌစြမ္းအင္ကုမၸဏီလီမိတက္တို႔အၾကား MOU လက္မွတ္ေရးထိုးခဲ့ၾကျခင္းျဖစ္သည္။

အခမ္းအနားတြင္ ဝန္ႀကီးခ်ဳပ္ဦးျမတ္ကိုက ထားဝယ္ၿမိဳ႕မွ (၂၁) မိုင္ခန္႔အကြာတြင္႐ွိ ေသာ ေဖာင္းေတာေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံအား အဆင့္ျမင့္ၿပီး ထားဝယ္ခ႐ိုင္အတြင္း႐ွိ ဆက္စပ္ ေသာၿမိဳ႕နယ္မ်ားအတြက္

လိုအပ္ေသာလွ်ပ္စစ္ဓာတ္အားအလုံအေလာက္ရ႐ွိေရး၊ လွ်ပ္စစ္ဓာတ္အားခ ေဈးႏႈန္းခ်ိဳသာစြာရ႐ွိေရး ျဖစ္ႏိုင္ေခ် ႐ွိ မ႐ွိ လက္မွတ္ေရးထိုးေသာအခမ္းအနားျဖစ္ေၾကာင္း၊ ေဖာင္းေတာ ေရအား လွ်ပ္စစ္စီမံကိန္းကို

၂၀၁၀-၂၀၁၅ ခုႏွစ္ကတည္းက လုပ္ေဆာင္ရန္ စီစဥ္ေဆာင္႐ြက္ထားၿပီး အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေႏွာင္းေႏွးၾကန္႔ၾကာခဲ့ရေၾကာင္း၊ ေဖာင္းေတာေရအားလွ်ပ္စစ္ကို ၁၉၃၉ ခုႏွစ္က

စတင္ လည္ပတ္ခဲ့ၿပီး အသုံးျပဳထားေသာပစၥည္းမ်ား စြမ္းအားက်ဆင္းလာၿပီျဖစ္သျဖင့္ နည္းပညာမ်ားပိုမိုအဆင့္ျမင့္သည့္ စက္မ်ားျဖင့္ အစားထိုးတပ္ဆင္ႏိုင္ေရးအတြက္ ေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း ေျပာပါသည္။

လုပ္ငန္းမ်ားကို ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလမွစ၍ လုပ္ေဆာင္မည္ဆိုပါက ဒီဇင္ဘာလတြင္ လွ်ပ္စစ္ဓာတ္အား လုံေလာက္စြာရ႐ွိမည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားကို ေရအားျဖင့္ လည္ပတ္ရေသာေၾကာင့္ ရာသီဥတုအေပၚ

မူတည္ၿပီး မိုးေရခ်ိန္အနည္းအမ်ားအေပၚ မူတည္သည့္အတြက္ ေႏြရာသီတြင္ႀကိဳတင္ျပင္ဆင္ထား ရန္လိုအပ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အား ျဖစ္ေျမာက္ေအာင္ျမင္ေရးအတြက္ဝိုင္းဝန္း

ကူညီေဆာင္႐ြက္ေပး ရန္လိုအပ္ၿပီး သက္ဆိုင္ရာကုမၸဏီမ်ားအေနျဖင့္လည္း အားတက္သေရာျဖင့္ သတ္မွတ္သည့္ကာလအတြင္း ၿပီးေျမာက္ေအာင္ေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ထပ္ေလာင္းေျပာၾကားခဲ့သည္။

Crd..Blacker

About the author

admin

Add Comment

Click here to post a comment