Local News

ကားတိုက်ဖြိုခွင်းဖမ်းဆီးခံရတဲ့ MPA သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းအား စစ်ကြောရေးသို့ပို့

ကားတိုက်ဖြိုခွင်းဖမ်းဆီးခံရတဲ့ MPA သတင်းထောက်ကို စစ်ကြောရေးပို့

■ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၅ ရက်နေ့က ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားနဲ့ဝင်တိုက်ပြီး ဖြိုခွင်းခံရချိန် ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် မမှူးရတနာခက် မို့မို့ထွန်းဟာ

ဇန်နဝါရီ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ရွှေပြည်သာမြို့နယ်က စစ်ကြောရေးစခန်းကို ပို့ဆောင်ခံလိုက်ရတယ်လို့ မိသားစုရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကိုပြောပါတယ်။

ကားနဲ့တိုက်ပြီးဖြိုခွင်းခံရတာကြောင့် မမှူးရတနာခက်မို့မို့ထွန်းရဲ့ ကျန်းမာရေးအခြေအနေဟာ မူလအနေ အထားကို မရောက်သေးဘူးလို့ အဲဒီရှေ့နေကပြောပါတယ်။

“သူမကြာခဏ ခေါင်းမူးနေသေးတယ်။ ပန်းပင်ကြီးလမ်းဖြစ်စဉ်ကိုလည်း မေးလို့မရဘူးပေါ့။ သတိမရတဲ့ အနေအထား ဖြစ်တယ်။ ဘယ်ဘက်ပေါင်ရင်းကနေ ခြေဖျားအထိ ကျောက်ပတ်တီးစီးထားတာက မနေ့ကတော့ ဖြည်လိုက်ပြီ။ ဆရာဝန်ကြီးတွေ ပြောတာက လိုအပ်ရင် စတီးချောင်းထည့်ရမယ့် အနေအထားရှိတယ်။

မနေ့က ဖြည်လိုက်တာက နှစ်လလောက်နေရင် မူလအခြေအနေတိုင်း ပြန်ဖြစ်မယ်လို့ သုံးသပ်တယ်။ ဒီမနက်တော့ ရွှေပြည်သာ စစ်ကြောရေးကနေ လာပြီးခေါ်ဆောင်သွားတယ်လို့ ကြည့်မြင်တိုင်စခန်းကနေ မိသားစုတွေကို အကြောင်းကြားတယ်”

MPA သတင်းဌာနက ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ စစ်ကောင်စီက ကားနဲ့တိုက် ဖြိုခွင်းခံရပြီးနောက် ဒဂုံမြို့နယ်က အမှတ် (၂) စစ်ဆေးရုံမှာ အချိန်တစ်လကြာ ဆေးကုသမှုခံယူခဲ့ရတာပါ။

စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ရသလို ဘယ်ဘက်ခြေထောက် ဒဏ်ရာနဲ့ ခန္ဓာကိုယ် ပွန်းပဲ့ဒဏ်ရာ တို့လည်း ရခဲ့တယ်လို့ အဲဒီရှေ့နေက ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားနဲ့ဝင်တိုက်ပြီး ဖြိုခွင်းချိန်မှာ မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် လူငယ် ၁၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အသက်မပြည့်သေးတဲ့ အသက် ၁၅ နှစ်အရွယ် မယဉ်မေအောင်ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အာမခံပေးခဲ့ပြီး တခြား ဖမ်းဆီးခံ ကိုရဲလင်းအောင်နဲ့ မမြကြူကြူသင်း တို့ဟာလည်း ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

Photo: CJ
(ကားတိုက်ဖြိုခွင်းဖမ်းဆီးခံရတဲ့ MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို တွေ့ရစဉ်)

Zawgyi

ကားတိုက္ၿဖိဳခြင္းဖမ္းဆီးခံရတဲ့ MPA သတင္းေထာက္ကို စစ္ေၾကာေရးပို႔

■ ရန္ကုန္တိုင္း ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္းမွာ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာ ၅ ရက္ေန႔က ဆႏၵျပပြဲကို စစ္ေကာင္စီတပ္က ကားနဲ႔ဝင္တိုက္ၿပီး ၿဖိဳခြင္းခံရခ်ိန္ ဖမ္းဆီးခံခဲ့ရတဲ့ သတင္းေထာက္ မမႉးရတနာခက္ မို႔မို႔ထြန္းဟာ

ဇန္နဝါရီ ၁၁ ရက္ ဒီေန႔ မနက္ပိုင္းမွာ ေ႐ႊျပည္သာၿမိဳ႕နယ္က စစ္ေၾကာေရးစခန္းကို ပို႔ေဆာင္ခံလိုက္ရတယ္လို႔ မိသားစုရဲ႕ ဥပေဒအၾကံေပး တရားလႊတ္ေတာ္ေ႐ွ႕ေနတစ္ဦးက RFA ကိုေျပာပါတယ္။

ကားနဲ႔တိုက္ၿပီးၿဖိဳခြင္းခံရတာေၾကာင့္ မမႉးရတနာခက္မို႔မို႔ထြန္းရဲ႕ က်န္းမာေရးအေျခအေနဟာ မူလအေန အထားကို မေရာက္ေသးဘူးလို႔ အဲဒီေ႐ွ႕ေနကေျပာပါတယ္။

“သူမၾကာခဏ ေခါင္းမူးေနေသးတယ္။ ပန္းပင္ႀကီးလမ္းျဖစ္စဥ္ကိုလည္း ေမးလို႔မရဘူးေပါ့။ သတိမရတဲ့ အေနအထား ျဖစ္တယ္။ ဘယ္ဘက္ေပါင္ရင္းကေန ေျခဖ်ားအထိ ေက်ာက္ပတ္တီးစီးထားတာက မေန႔ကေတာ့ ျဖည္လိုက္ၿပီ။ ဆရာဝန္ႀကီးေတြ ေျပာတာက လိုအပ္ရင္ စတီးေခ်ာင္းထည့္ရမယ့္ အေနအထား႐ွိတယ္။

မေန႔က ျဖည္လိုက္တာက ႏွစ္လေလာက္ေနရင္ မူလအေျခအေနတိုင္း ျပန္ျဖစ္မယ္လို႔ သုံးသပ္တယ္။ ဒီမနက္ေတာ့ ေ႐ႊျပည္သာ စစ္ေၾကာေရးကေန လာၿပီးေခၚေဆာင္သြားတယ္လို႔ ၾကည့္ျမင္တိုင္စခန္းကေန မိသားစုေတြကို အေၾကာင္းၾကားတယ္”

MPA သတင္းဌာနက ႐ုပ္သံသတင္းေထာက္ မမႉးရတနာခက္မို႔မို႔ထြန္းဟာ စစ္ေကာင္စီက ကားနဲ႔တိုက္ ၿဖိဳခြင္းခံရၿပီးေနာက္ ဒဂုံၿမိဳ႕နယ္က အမွတ္ (၂) စစ္ေဆး႐ုံမွာ အခ်ိန္တစ္လၾကာ ေဆးကုသမႈခံယူခဲ့ရတာပါ။

စစ္ေကာင္စီတပ္သားေတြရဲ႕ အၾကမ္းဖက္ ၿဖိဳခြင္းမႈေၾကာင့္ ဦးေခါင္းမွာ ထိခိုက္ဒဏ္ရာ ျပင္းျပင္းထန္ထန္ ရခဲ့ရသလို ဘယ္ဘက္ေျခေထာက္ ဒဏ္ရာနဲ႔ ခႏၶာကိုယ္ ပြန္းပဲ့ဒဏ္ရာ တို႔လည္း ရခဲ့တယ္လို႔ အဲဒီေ႐ွ႕ေနက ေျပာပါတယ္။

ဒီဇင္ဘာ ၅ ရက္ေန႔ ဆႏၵျပပြဲကို စစ္ေကာင္စီတပ္က ကားနဲ႔ဝင္တိုက္ၿပီး ၿဖိဳခြင္းခ်ိန္မွာ မမႉးရတနာခက္မို႔မို႔ထြန္း အပါအဝင္ လူငယ္ ၁၁ ေယာက္ ထိခိုက္ဒဏ္ရာရၿပီး ဖမ္းဆီးခံခဲ့ရပါတယ္။

ဖမ္းဆီးခံရသူေတြထဲက အသက္မျပည့္ေသးတဲ့ အသက္ ၁၅ ႏွစ္အ႐ြယ္ မယဥ္ေမေအာင္ကို ဒီဇင္ဘာ ၂၈ ရက္ေန႔မွာ အာမခံေပးခဲ့ၿပီး တျခား ဖမ္းဆီးခံ ကိုရဲလင္းေအာင္နဲ႔ မျမၾကဴၾကဴသင္း တို႔ဟာလည္း ထိန္းသိမ္းခံေနရဆဲျဖစ္ပါတယ္။

Photo: CJ
(ကားတိုက္ၿဖိဳခြင္းဖမ္းဆီးခံရတဲ့ MPA သတင္းေထာက္ မမႉးရတနာခက္မို႔မို႔ထြန္းကို ေတြ႕ရစဥ္)

Recent Comments

No comments to show.