Local News

ကမ္ဘောဒီးယားမှာလုပ်မယ့်အာဆီယံဝန်ကြီးများတွေ့ဆုံပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးအား တက်ရောက်ရန်ဖိတ်ကြားထား

ကမ္ဘောဒီးယားမှာလုပ်မယ့်အာဆီယံဝန်ကြီးများတွေ့ဆုံပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးလူကိုယ်တိုင်တက်မယ်လို့ဆို တွေ့ဆုံပွဲတက်ဖို့ကမ္ဘောဒီးယားက စစ်ကောင်စီကိုဖိတ်ကြားထား

လာမယ့်ရက်သတ္တပတ်မှာ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင်တက်ရောက်မယ်လို့ Thai PBS သတင်းဌာနက ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊အနောက်မြောက်ပိုင်းမှာရှိတဲ့ အပန်းဖြေမြို့ ဆီယမ်ရိ မှာ အာဆီယံဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ကျင်းပမှာပါ။

ဒီဆွေးနွေးပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတက်ဖို့အတွက် အာဆီယံကိုယ်စားလှယ်ဖြစ်လာသူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားလွှာပို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး အာဆီယံ ဆက်စပ်အစည်းအဝေးကိုတွေကို တက်ရောက်ခွင့်မရခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နေပြည်တော်ကိုလာရောက်ပြီးတဲ့နောက် အခုလို တက်ရောက်ခွင့်ရလာတာလည်းဖြစ်ပါတယ်။

ဟွန်ဆန် အာဆီယံဥက္ကဋ္ဌ မဖြစ်ခင်ကတော့ အာဆီယံနိုင်ငံတွေဟာ စစ်ကောင်စီခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတက်ခွင့်မပြုဘဲ နိုင်ငံရေးအရကိုယ်စားမပြုသူအဆင့်ကိုတက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Zawgyi

ကေမ႓ာဒီးယားမွာလုပ္မယ့္အာဆီယံဝန္ႀကီးမ်ားေတြ႕ဆုံပြဲကို စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီးလူကိုယ္တိုင္တက္မယ္လို႔ဆို ေတြ႕ဆုံပြဲတက္ဖို႔ကေမ႓ာဒီးယားက စစ္ေကာင္စီကိုဖိတ္ၾကားထား

လာမယ့္ရက္သတၱပတ္မွာ ကေမ႓ာဒီးယား ႏိုင္ငံမွာ က်င္းပမယ့္ အာဆီယံ ဝန္ႀကီးမ်ားေတြ႕ဆုံေဆြးေႏြးပြဲကို အာဏာသိမ္း စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး လူကိုယ္တိုင္တက္ေရာက္မယ္လို႔ Thai PBS သတင္းဌာနက ေဖာ္ျပပါတယ္။

ကေမ႓ာဒီးယားႏိုင္ငံ၊အေနာက္ေျမာက္ပိုင္းမွာ႐ွိတဲ့ အပန္းေျဖၿမိဳ႕ ဆီယမ္ရိ မွာ အာဆီယံဝန္ႀကီးမ်ားေတြ႕ဆုံေဆြးေႏြးပြဲကို ဇန္နဝါရီလ ၁၈ ရက္နဲ႔ ၁၉ ရက္မွာ က်င္းပမွာပါ။

ဒီေဆြးေႏြးပြဲကို စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီးတက္ဖို႔အတြက္ အာဆီယံကိုယ္စားလွယ္ျဖစ္လာသူ ကေမ႓ာဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးက ဖိတ္ၾကားလႊာပို႔ခဲ့တယ္လို႔ သိရပါတယ္။

စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလကစၿပီး အာဆီယံ ဆက္စပ္အစည္းအေဝးကိုေတြကို တက္ေရာက္ခြင့္မရခဲ့တာပါ။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းက အာဆီယံ အလွည့္က် ဥကၠ႒ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ ေနျပည္ေတာ္ကိုလာေရာက္ၿပီးတဲ့ေနာက္ အခုလို တက္ေရာက္ခြင့္ရလာတာလည္းျဖစ္ပါတယ္။

ဟြန္ဆန္ အာဆီယံဥကၠ႒ မျဖစ္ခင္ကေတာ့ အာဆီယံႏိုင္ငံေတြဟာ စစ္ေကာင္စီေခါင္းေဆာင္ေတြကို အာဆီယံအစည္းအေဝးတက္ခြင့္မျပဳဘဲ ႏိုင္ငံေရးအရကိုယ္စားမျပဳသူအဆင့္ကိုတက္ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.