Local News

အာဏာသိမ်းခေါင်းဆောင်က ဗိုလ်ချုပ်ကြီးအချို့ကို စစ်တပ်မှ အနားပေး

အာဏာသိမ်းခေါင်းဆောင်က ဗိုလ်ချုပ်ကြီးအချို့ကို စစ်တပ်မှ အနားပေး

မင်းအောင်လှိုင်ဟာ သူ့အာဏာတည်မြဲရေးအတွက် ဇာတ်တူသားစားဖို့လည်းဝန်မလေးကြောင်း စစ် အုပ်စုရဲ့ ကာကွယ်ရေးဦးစီးချုပ် လေ ရာထူးကနေထုတ်ပယ်ခံရတာက သက်သေပြနေကြောင်း Delta News Agency ရဲ့ တပ်တွင်းရင်းမြစ်ကဆိုပါတယ်

စစ်အုပ်စုခန့်ဗိုလ်ချုပ်ကြီးရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ် လေ မောင်မောင်ကျော်ဟာ ဇန်နဝါရီ၁ဝရက်နေ့မှာ အနားပေးခံလိုက်ရပြီး စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်ရှိနေပေမဲ့ အဲဒါဟာ ဟန်ပြသာဖြစ်တယ်လို့ တပ်ထိပ် ပိုင်းအသိုင်းအဝိုင်းသတင်းအရသိရတယ်လို့ ဆိုပါတယ်

မောင်မောင်ကျော်လိုပဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ဥပဒေချုပ်ရာထူးကနေအနားခံလိုက်ရတဲ့ စစ်အုပ်စုခန့် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဟာလည်း စစ်ကောင်စီအတွင်းရေးမှူးတာဝန်ဆက်ထမ်းခွင့်ရနေပေမဲ့ မင်းအောင်လှိုင်အလိုမကျလို့ အရေးယူခံရခြင်းသာဖြစ်တယ်လို့ သူကပြောပါတယ်

မင်းအောင်လှိုင်ဟာကျဉ်းထဲကျပ်ထဲရောက်လာလေ သူ့အာဏာတည်မြဲရေးအတွက် သူ့ရှေ့တော်မှောက် ပြား ပြားမမှောက်နိုင်ဘူးထင်တာမှန်သမျှ ရှင်းထုတ်လေပဲ အရင်သန်းရွှေလက်ထက်တုန်းက ထွန်းကြည်တို့ ကျော် ဘတို့ကိုဖြုတ်တုန်းကလို လူမြင်ကောင်းအောင် အကြံပေးဆိုပြီး ခဏခန့်တာမျိုး မောင်မောင်ကျော်တို့ကို စစ်ကောင်စီဝင်ခန့်ထားတာ လို့သူကပြောပါတယ်

ပြီးခဲ့တဲ့လပိုင်းက ကာကွယ်ရေးဝန်ကြီးဟောင်း စိန်ဝင်းနဲ့နယ်စပ်ရေးရာဝန်ကြီးဟောင်း ရဲအောင်တို့ အငြိမ်းစားပေး ခံရတာဟာလည်း မင်းအောင်လှိုင်ရဲ့ ဇာတ်တူ သားစားတာ ဖြစ်တယ်လို့ သူကဆိုပါတယ်

Crd- Delta News Agency

Zawgyi

အာဏာသိမ္းေခါင္းေဆာင္က ဗိုလ္ခ်ဳပ္ႀကီးအခ်ိဳ႕ကို စစ္တပ္မွ အနားေပး

မင္းေအာင္လိႈင္ဟာ သူ႕အာဏာတည္ၿမဲေရးအတြက္ ဇာတ္တူသားစားဖို႔လည္းဝန္မေလးေၾကာင္း စစ္ အုပ္စုရဲ႕ ကာကြယ္ေရးဦးစီးခ်ဳပ္ ေလ ရာထူးကေနထုတ္ပယ္ခံရတာက သက္ေသျပေနေၾကာင္း Delta News Agency ရဲ႕ တပ္တြင္းရင္းျမစ္ကဆိုပါတယ္

စစ္အုပ္စုခန္႔ဗိုလ္ခ်ဳပ္ႀကီးရာထူးနဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ေလ ေမာင္ေမာင္ေက်ာ္ဟာ ဇန္နဝါရီ၁ဝရက္ေန႔မွာ အနားေပးခံလိုက္ရၿပီး စစ္ေကာင္စီအဖြဲ႕ဝင္အျဖစ္ ဆက္႐ွိေနေပမဲ့ အဲဒါဟာ ဟန္ျပသာျဖစ္တယ္လို႔ တပ္ထိပ္ ပိုင္းအသိုင္းအဝိုင္းသတင္းအရသိရတယ္လို႔ ဆိုပါတယ္

ေမာင္ေမာင္ေက်ာ္လိုပဲ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက စစ္ဥပေဒခ်ဳပ္ရာထူးကေနအနားခံလိုက္ရတဲ့ စစ္အုပ္စုခန္႔ ဒုဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးဟာလည္း စစ္ေကာင္စီအတြင္းေရးမႉးတာဝန္ဆက္ထမ္းခြင့္ရေနေပမဲ့ မင္းေအာင္လိႈင္အလိုမက်လို႔ အေရးယူခံရျခင္းသာျဖစ္တယ္လို႔ သူကေျပာပါတယ္

မင္းေအာင္လိႈင္ဟာက်ဥ္းထဲက်ပ္ထဲေရာက္လာေလ သူ႕အာဏာတည္ၿမဲေရးအတြက္ သူ႕ေ႐ွ႕ေတာ္ေမွာက္ ျပား ျပားမေမွာက္ႏိုင္ဘူးထင္တာမွန္သမွ် ႐ွင္းထုတ္ေလပဲ အရင္သန္းေ႐ႊလက္ထက္တုန္းက ထြန္းၾကည္တို႔ ေက်ာ္ ဘတို႔ကိုျဖဳတ္တုန္းကလို လူျမင္ေကာင္းေအာင္ အၾကံေပးဆိုၿပီး ခဏခန္႔တာမ်ိဳး ေမာင္ေမာင္ေက်ာ္တို႔ကို စစ္ေကာင္စီဝင္ခန္႔ထားတာ လို႔သူကေျပာပါတယ္

ၿပီးခဲ့တဲ့လပိုင္းက ကာကြယ္ေရးဝန္ႀကီးေဟာင္း စိန္ဝင္းနဲ႔နယ္စပ္ေရးရာဝန္ႀကီးေဟာင္း ရဲေအာင္တို႔ အၿငိမ္းစားေပး ခံရတာဟာလည္း မင္းေအာင္လိႈင္ရဲ႕ ဇာတ္တူ သားစားတာ ျဖစ္တယ္လို႔ သူကဆိုပါတယ္

Crd- Delta News Agency

About the author

admin

Add Comment

Click here to post a comment