Local News

ရန်ကုန်မြို့ကြီးပေါ်ကိုသာ ဗုံးကြဲချ ခံခဲ့ကြရရင်-(မအလ ကစကားအကုန်ပြောထားပြီးသား-သူမလုပ်ရဲတာ ဘာမှမရှိ)

ရန်ကုန်မြို့ကြီးပေါ်ကိုသာ ဗုံးကြဲချ ခံခဲ့ကြရရင်-(မအလ ကစကားအကုန်ပြောထားပြီးသား-သူမလုပ်ရဲတာ ဘာမှမရှိ)

ွလွိုင်ကော်မြို့​လေကြောင်းက တိုက်ခိုက်ခံရတဲ့သတင်းတွေ ဖတ်ပြီး ခေါင်းထဲမှာ ရန်ကုန်မြို့ကြီးသာ ဗုံးကြဲခံရရင် ဆိုတဲ့အတွေးက အလိုလို ဝင်လာခဲ့တယ်။ တကယ်တော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ရန်ကုန်မြို့ကြီး ဗုံးဒဏ်ကောင်းကောင်း ထိခဲ့ဖူးတာပေါ့။ အဲဒီတုန်း ကလည်း အခုလိုပဲ လူတွေက သွားလို့ စားလို့ ကောင်းတုန်း။

(မှတ်တမ်းတွေအရ အဲဒီအချိန်မှာ အခြေအနေကို ရိပ်စား မိပြီး နေရပ်ပြန်ဖို့ကြိုးစားတာ အိန္ဒိယက​နေ အလုပ်လာ လုပ်ကြတဲ့ အလုပ်သမားတွေပဲ။)

စစ်ဆိုတာ ကိုယ်နဲ့ အဝေးကြီးပါလို့ မြို့ကြီးပြကြီးက လူတွေ တွေးတတ်တာ ထုံးစံပဲ မဟုတ်လား။ အဲဒီလို အတွေးနဲ့ပဲ လွိုင်ကော်မြို့က လူတွေလည်း စစ်ဘေးရှောင်ဖို့ အားမထုတ်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့်လည်း တကယ်တမ်း စစ်ရှောင် တဲ့အခါ လူတစ်သိန်းလောက် ရှိတဲ့ လွိုင်ကော်မြို့တောင် အတော် ကသောင်း ကနင်း နိင်လှတာ တွေ့ရမှာပါ။

လူ ခုနစ်သန်းလောက် ရှိတဲ့ ရန်ကုန်မြို့ကြီးသာ စစ်ဘေး ရှောင်ရရင် ဘယ်လိုများ နေမလဲ မတွေးတက်အောင်ပါပဲ။ သွားစရာ လမ်းကြောင်းတွေ အများကြီး ဆိုပေမယ့်

ဒီလောက်များတဲ့ လူဦးရေကို ဘယ်မှာမှ အဆင်ပြေပြေ လက်ခံနိင်ဖို့ မလွယ်လှပါဘူး။ ဒါပေမယ့်လည်း တကယ်တမ်း လေကြောင်းရန် အမြှောက်ရန် ကြုံလာရရင်တော့ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ပြေးရမှာ အမှန်ပါပဲ။

ရန်ကုန်က တိုက်တွေရဲ့ အရည် အသွေးနဲ့ ကတုတ် ကျင်း တူးလို့မရတဲ့အခြေအနေကြောင့် အိုးအိမ်စွန့်ခွာတဲ့ နည်းလမ်းသာရှိပါတော့မယ်။ အဲဒီအချိန်မှာ တပ်ထောက်ခံသူပဲဖြစ်ဖြစ်၊ ခရိုနီ ခရိုပြာပဲ ဖြစ် ဖြစ် ပြေးရမှာပါပဲ။

အဲဒီတော့ သယ်လို့မရတဲ့ ပိုင် ဆိုင်မှု မှန်သမျ ဖြစ်ချင်ရာ ဖြစ် ထားခဲ့ရတော့မှာပါ။လူကုံထံ ရပ်ကွက် အိမ်ကြီးအိမ်ကောင်းမှန်သမျှ အောက်ခြေ စစ်ခွေးတွေ တောကြောင်တွေကို အလှူအတန်း လုပ်ရပါတော့မယ်၊

မဟုတ်ရင်လည်း ဗုံးဒဏ် ဒုံးဒဏ်နဲ့ စိစိညက်ညက် ကျေသွားနိင်ပါတယ်။ အဲဒီအတွက် သယ်နိင်သမျှ သယ်မယ် ဆိုပြီး စုထားတဲ့ ရွှေတွေ ဒေါ်လာတွေ ကားပေါ်တင်မယ်ဆိုလည်း လမ်းမှာ/ကိုယ်တည်းခိုမယ့်နေရာမှာ

လုယက်ခံရမယ့် အန္တရယ် ကလည်း မသေးလှပါ။စိတ် ချရအောင် ဘဏ်ထဲလည်း ထည့်မရတော့၊ ထည့်ထားတဲ့ ပိုက်ဆံတွေတောင် ဘယ်ခေတ်မှ ပြန်ရမယ်မသိနိင် ။

ဒီ ပြည်တွင်းစစ်ကြီးမှာ လူတွေရဲ့ ကံကြမ္မာဟာ ဘာမှပြောလို့မရတဲ့ အခြေအနေမှာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုဆို တာတော့ အတော့်ကို မမြဲတဲ့ အနေအထားမှာ ရောက်နေခဲ့ပါပြီ။

ဒါကြောင့်မို့ အခု အချိန်မှာ ဓနဥစ္စာ ပိုင်ဆိုင်မှုတွေကို သိပ်တွယ်တာ မနေပဲ လှူသင့်တဲ့နေရာတွေကို လှူဖို့ ကူဖို့ သိပ်လိုအပ်လှပါတယ်။ သူ ဒုက္ခရောက်လည်း ကိုယ်ကူ ကိုယ်ဒုက္ခရောက်လည်း သူကူ နဲ့လက်ရှိအချိန်မှာ ဘုံစနစ်တစ်ခုလို နေထိုင်သွားမှသာ အားလုံး ရှင်သန်ကျန်ရစ်နိင်မှာပါ။

ဒီအချိန်မှာ နိင်ငံရေး စိတ်မဝင်စားလည်း စစ်ခွေးတွေ ကိုယ့်အိမ်ပေါ် တက်လုမယ့် အဖြစ်ကလွတ်ချင်ရင်အသေခံတိုက်နေတဲ့ သူတွေကို ထောက်ပံ့ရမယ်ဆို တာလောက်တော့ သဘောပေါက်သင့်ပါတယ်။ပြန်ချုပ်ရရင်တော့ ရန်ကုန်မြို့ကြီးသာ ဗုံးကြဲခံရရင် လူတိုင်း လူတိုင်း ပစ္စည်း ဥစ္စာတွေ

ထားခဲ့ပြီး သေပြေးရှင်ပြေး ပြေးရဖို့သာ ရှိတဲ့အတွက် အဲဒီ အခြေ အနေ မရောက်ခင် ပွဲ အမြန်ပြတ်အောင် နိင်ရာ နိင်ရာ ထည့်ဝင်ကြဖို့ တစ်နည်းသာ ရှိပါတော့တယ်။
Credit.. ဂျေလှသင်

Zawgyi

ရန္ကုန္ၿမိဳ႕ႀကီးေပၚကိုသာ ဗုံးႀကဲခ် ခံခဲ့ၾကရရင္-(မအလ ကစကားအကုန္ေျပာထားၿပီးသား-သူမလုပ္ရဲတာ ဘာမွမ႐ွိ)

ြလြိဳင္ေကာ္ၿမိဳ႕​ေလေၾကာင္းက တိုက္ခိုက္ခံရတဲ့သတင္းေတြ ဖတ္ၿပီး ေခါင္းထဲမွာ ရန္ကုန္ၿမိဳ႕ႀကီးသာ ဗုံးႀကဲခံရရင္ ဆိုတဲ့အေတြးက အလိုလို ဝင္လာခဲ့တယ္။ တကယ္ေတာ့ ဒုတိယကမ႓ာစစ္အတြင္းမွာ ရန္ကုန္ၿမိဳ႕ႀကီး ဗုံးဒဏ္ေကာင္းေကာင္း ထိခဲ့ဖူးတာေပါ့။ အဲဒီတုန္း ကလည္း အခုလိုပဲ လူေတြက သြားလို႔ စားလို႔ ေကာင္းတုန္း။

(မွတ္တမ္းေတြအရ အဲဒီအခ်ိန္မွာ အေျခအေနကို ရိပ္စား မိၿပီး ေနရပ္ျပန္ဖို႔ႀကိဳးစားတာ အိႏၵိယက​ေန အလုပ္လာ လုပ္ၾကတဲ့ အလုပ္သမားေတြပဲ။)

စစ္ဆိုတာ ကိုယ္နဲ႔ အေဝးႀကီးပါလို႔ ၿမိဳ႕ႀကီးျပႀကီးက လူေတြ ေတြးတတ္တာ ထုံးစံပဲ မဟုတ္လား။ အဲဒီလို အေတြးနဲ႔ပဲ လြိဳင္ေကာ္ၿမိဳ႕က လူေတြလည္း စစ္ေဘးေ႐ွာင္ဖို႔ အားမထုတ္ခဲ့ၾကတာ ျဖစ္ပါလိမ့္မယ္။

ဒါေပမယ့္လည္း တကယ္တမ္း စစ္ေ႐ွာင္ တဲ့အခါ လူတစ္သိန္းေလာက္ ႐ွိတဲ့ လြိဳင္ေကာ္ၿမိဳ႕ေတာင္ အေတာ္ ကေသာင္း ကနင္း နိင္လွတာ ေတြ႕ရမွာပါ။

လူ ခုနစ္သန္းေလာက္ ႐ွိတဲ့ ရန္ကုန္ၿမိဳ႕ႀကီးသာ စစ္ေဘး ေ႐ွာင္ရရင္ ဘယ္လိုမ်ား ေနမလဲ မေတြးတက္ေအာင္ပါပဲ။ သြားစရာ လမ္းေၾကာင္းေတြ အမ်ားႀကီး ဆိုေပမယ့္

ဒီေလာက္မ်ားတဲ့ လူဦးေရကို ဘယ္မွာမွ အဆင္ေျပေျပ လက္ခံနိင္ဖို႔ မလြယ္လွပါဘူး။ ဒါေပမယ့္လည္း တကယ္တမ္း ေလေၾကာင္းရန္ အေျမႇာက္ရန္ ၾကဳံလာရရင္ေတာ့ ဘယ္နည္းနဲ႔ ျဖစ္ျဖစ္ ေျပးရမွာ အမွန္ပါပဲ။

ရန္ကုန္က တိုက္ေတြရဲ႕ အရည္ အေသြးနဲ႔ ကတုတ္ က်င္း တူးလို႔မရတဲ့အေျခအေနေၾကာင့္ အိုးအိမ္စြန္႔ခြာတဲ့ နည္းလမ္းသာ႐ွိပါေတာ့မယ္။ အဲဒီအခ်ိန္မွာ တပ္ေထာက္ခံသူပဲျဖစ္ျဖစ္၊ ခ႐ိုနီ ခ႐ိုျပာပဲ ျဖစ္ ျဖစ္ ေျပးရမွာပါပဲ။

အဲဒီေတာ့ သယ္လို႔မရတဲ့ ပိုင္ ဆိုင္မႈ မွန္သမ် ျဖစ္ခ်င္ရာ ျဖစ္ ထားခဲ့ရေတာ့မွာပါ။လူကုံထံ ရပ္ကြက္ အိမ္ႀကီးအိမ္ေကာင္းမွန္သမွ် ေအာက္ေျခ စစ္ေခြးေတြ ေတာေၾကာင္ေတြကို အလႉအတန္း လုပ္ရပါေတာ့မယ္၊

မဟုတ္ရင္လည္း ဗုံးဒဏ္ ဒုံးဒဏ္နဲ႔ စိစိညက္ညက္ ေက်သြားနိင္ပါတယ္။ အဲဒီအတြက္ သယ္နိင္သမွ် သယ္မယ္ ဆိုၿပီး စုထားတဲ့ ေ႐ႊေတြ ေဒၚလာေတြ ကားေပၚတင္မယ္ဆိုလည္း လမ္းမွာ/ကိုယ္တည္းခိုမယ့္ေနရာမွာ

လုယက္ခံရမယ့္ အႏၲရယ္ ကလည္း မေသးလွပါ။စိတ္ ခ်ရေအာင္ ဘဏ္ထဲလည္း ထည့္မရေတာ့၊ ထည့္ထားတဲ့ ပိုက္ဆံေတြေတာင္ ဘယ္ေခတ္မွ ျပန္ရမယ္မသိနိင္ ။

ဒီ ျပည္တြင္းစစ္ႀကီးမွာ လူေတြရဲ႕ ကံၾကမၼာဟာ ဘာမွေျပာလို႔မရတဲ့ အေျခအေနမွာ ပစၥည္းဥစၥာ ပိုင္ဆိုင္မႈဆို တာေတာ့ အေတာ္႕ကို မၿမဲတဲ့ အေနအထားမွာ ေရာက္ေနခဲ့ပါၿပီ။

ဒါေၾကာင့္မို႔ အခု အခ်ိန္မွာ ဓနဥစၥာ ပိုင္ဆိုင္မႈေတြကို သိပ္တြယ္တာ မေနပဲ လႉသင့္တဲ့ေနရာေတြကို လႉဖို႔ ကူဖို႔ သိပ္လိုအပ္လွပါတယ္။ သူ ဒုကၡေရာက္လည္း ကိုယ္ကူ ကိုယ္ဒုကၡေရာက္လည္း သူကူ နဲ႔လက္႐ွိအခ်ိန္မွာ ဘုံစနစ္တစ္ခုလို ေနထိုင္သြားမွသာ အားလုံး ႐ွင္သန္က်န္ရစ္နိင္မွာပါ။

ဒီအခ်ိန္မွာ နိင္ငံေရး စိတ္မဝင္စားလည္း စစ္ေခြးေတြ ကိုယ့္အိမ္ေပၚ တက္လုမယ့္ အျဖစ္ကလြတ္ခ်င္ရင္အေသခံတိုက္ေနတဲ့ သူေတြကို ေထာက္ပံ့ရမယ္ဆို တာေလာက္ေတာ့ သေဘာေပါက္သင့္ပါတယ္။ျပန္ခ်ဳပ္ရရင္ေတာ့ ရန္ကုန္ၿမိဳ႕ႀကီးသာ ဗုံးႀကဲခံရရင္ လူတိုင္း လူတိုင္း ပစၥည္း ဥစၥာေတြ

ထားခဲ့ၿပီး ေသေျပး႐ွင္ေျပး ေျပးရဖို႔သာ ႐ွိတဲ့အတြက္ အဲဒီ အေျခ အေန မေရာက္ခင္ ပြဲ အျမန္ျပတ္ေအာင္ နိင္ရာ နိင္ရာ ထည့္ဝင္ၾကဖို႔ တစ္နည္းသာ ႐ွိပါေတာ့တယ္။
Credit.. ေဂ်လွသင္

About the author

admin

Add Comment

Click here to post a comment