Local News

မိစ္ဆာတပ်မတော်တစ်ခုကို မွေးဖွားပေးလိုက်တဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်

မိစ္ဆာတပ်မတော်တစ်ခုကို မွေးဖွားပေးလိုက်တဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်

“ကျနော့်ရဲ့ သူငယ်ချင်းဟောင်း” ရခိုင်မှာ တပ်မတော်တပ်ရင်းလိုက်ပြုတ်တဲ့ အချိန်တုန်းက ကျနော့်သူငယ်ချင်း အမြောက်တပ်က ဗိုလ်ကြီးနဲ့ စကားစမြည်ပြောကြတယ်။(အခုတော့ဆက်ဆံရေးပြတ်သွားပါပြီ)”သူငယ်ချင်း…. ရခိုင်စစ်ပွဲနိုင်ဖို့က အလွယ်လေးတဲ့” ကျနော်လဲ စိတ်ဝင်တစားနားထောင်မိတယ်။

“ဒေါ်စုက တပ်မတော်’စစ်အုပ်ချုပ်ခွင့်ကိုသာ ရခိုင်မှာ ပေးလိုက်၊ ပွဲသိမ်းစေရမယ်၊ဘယ်လိုလုပ်မှာတုန်းဆိုတော့ မင်းပြား/ပုဏ္ဏားကျွန်းလောက်က ဖြတ်ပြီး မျည်းတစ်ကြောင်း သားပေးလိုက်၊ ပြည်သူမှန်ရင် ဒီဘက်ကို အကုန်ရွှေ့လာ၊ မျည်းဟိုဘက်မှာကျန်ခဲ့တဲ့ သက်ရှိမှန်သာ အကုန်သာ ပစ်thet လိုက်” တဲ့ကျနော် ဆွံ့အ သွားတယ်။

‌သူဆက်ပြောတယ်။”ဒေါ်စုကြောင့် ငါတို့ရဲဘော်တွေ သေနေတာ၊ သစ္စာဖောက်မ” ဆဲပါလေရော။(ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ရခိုင်ပြည်သူတွေရဲ့ ခါးသီးမှုတွေ ပုံကျလာအောင် စစ်တပ်က ဘယ်လိုစီမံအကွက်ချခဲ့လဲဆိုတာ နောက်နေ့ ရေးပါမယ်)

ဒီသူငယ်ချင်းက ကျနော့်အခင်ဆုံး၊ အလေးစားဆုံးလူသားတစ်ဦးဖြစ်ခဲ့ဖူးပါတယ်၊ အခုဒီလောက်ထိတောင် ဘာလို့ ပြောင်းလဲသွားတာလဲ? အထက်ကျောင်းမှာတုန်းက ရန်ဖြစ်ကြရင် အနိုင်ကျင့်တတ်သူတွေလက်ထဲက အားနည်းတဲ့သူဘက်က ကယ်ဆယ်တတ်သူပါ။ ကျနော့်ကို ကယ်ရင်းနဲ့ ‌ဒေီကာင် ခေါင်းကွဲဖူးပါတယ်။

နွမ်းပါးသူကိုတွေ့ရင် သူအငတ်ခံပြီး ပေးကျွေးတတ်တဲ့သူပါ။ အရမ်းကို သနားတတ်တဲ့ လူကြမ်းတစ်ယောက်ပါ။သူ စစ်တက္ကသိုလ်ရောက်သွားတော့ ပထမနှစ် out pass ရတဲ့အခါ ဆုံကြတယ်။

ပါးစပ်မပိတ်အောင် ရယ်ရတဲ့ သူငယ်ချင်းကဒီတစ်ခေါက်မှာတော့ နွမ်းကြေဖျော့တော့နေပါတယ်။“အငယ်တွေကို တရားလွန် အနိုင်ကျင့်ကြတယ်ကွာ၊ ငါသေတော့မယ့်အတိုင်းပဲ” တဲ့။သူ့‌အသံမှာ စိတ်ဒါဏ်ရာတွေ အထင်းသား …. သူ့ချမှတ်လိုက်တဲ့ သန္နိဋ္ဌာန်တစ်ခုကို ထပ်ခါထပ်ခါ‌ရေရွတ်တယ်။

“ငါဂျူနီယာဘဝမှာ ရူးလောက်အောင် အဖိအထောင်းခံခဲ့ရသလိုမျိုး၊ ငါ့အောက်က ဂျူနီယာတွေ မခံစေရဘူး” တတိယနှစ်မှာ ပြန်တွေ့တော့ ကမ်းနားလေရှူရင်း၊ လက်ဘက်ရည်သောက်ရင်း တက္ကသိုလ်အတွေ့အကြုံတွေ မျှဝေကြတာပေါ့။

“စစ်တက္ကသိုလ်က ပထမနှစ်မှာပဲ ပုံစံသွင်းပေးတာကွ၊ နောက်ပိုင်းနှစ်တွေကျ အငယ်တွေကို အိမ်သာရေဖြည့်၊ ချီးကြုံး၊ ဖိနပ်ဆေးခိုင်းယုံပဲ၊ ထောင့်မကျိုးတဲ့ဟာတွေ ထောင့်ချိုးမပေးရင် ငယ်ထိပ်ပေါ်ချီးတက်ယိုသွားမယ်” “အရာရှိလုပ်မယ့်ကောင်တွေက အထက်အောက်နားလည်မှ” နုံချာလွန်းတဲ့ ဂျူနီယာဘဝကို အံကြိတ်ကျော်ဖြတ်နိုင်ရင်ရှေ့မှာ ရွှေတောင်ကြီးရှိနိုင်တဲ့ဆိုတဲ့ အတွေး ဝင်သွားပြီ။

ဆက်ပြောတယ်…ကျည်ဆန်တွေ ဈေးပေါလွန်းလို့ စိတ်ကြိုက်ပစ်ခတ်နိုင်ကြောင်း၊ ပြည်တွင်းစစ်မငြိမ်းသေးပဲ ထား,ထားတာဟာ တပ်မတော်ရဲ့ ဗျူဟာဖြစ်ကြောင်း၊ ဘတ်ဂျတ်အကြောင်းပြချင်လို့ တပ်မတော်က စစ်ကစားနေတာသာဖြစ်ကြောင်း…. ဦးဏှောက်မပါတဲ့ စကားတွေ အန်ချတယ်။ ကိုယ်ပိုင်ဉာဏ်မရှိသေးတဲ့ ၁ ၇နှစ်သားကျနော်တို့လဲ တစ်ခွန်းကြားတာနဲ့ ယုံကြတာပေါ့။

သူကျောင်းပြီးတဲ့အချိန် ငယ်ဆရာမတွေကို ရင်ဖွင့်တယ်။ စစ်သားမုန်းတဲ့ ခေတ်မှာ စစ်သားလုပ်ရတာ ခက်ခဲကြောင်း၊ အစိုးရသစ်လက်ထပ်မှာ သူတို့ကျပ်တည်းကြောင်း ငြီးတွားတယ်။

အမြောက်တပ် ရောက်ခါစမှာသူဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့အချိန် သူ့ကိုအလေးမပြုမိတဲ့၊ အဘအရွယ်တပ်သားတစ်ယောက်ကို ဖင်ထိုင်ကျအောင် ထိုးခဲ့ရကြောင်း၊ မ, တစ်ထောင်သားကို အုပ်ချုပ်ရင် ‌စကားနဲ့ ပြောမရပဲ၊ ဒီလိုထိုးကျိတ်တဲ့နည်းကသာ ထိရောက်တဲ့အကြောင်းဝမ်းနည်းတဝက်၊ ဂုဏ်ယူတဝက်နဲ့ ရှင်းပြတယ်။

သူချစ်တဲ့ ဂျူနီယာညီလေး ရခိုင်မှာ ကျသွားတဲ့ ည၊ သူဒေါ်စုကို ပေါက်ကွဲတယ်၊ ဒေါ်စုဟာ သူပုန်အားပေးသာ ဖြစ်ကြောင်း၊ ဒေါ်စုကို လုပ်ကြံချင်ကြောင်းပြောတယ်။
ဒေါ်စုပရိတ်သတ် ငယ်သူချင်းတစ်ဦးနဲ့ စကားများတယ်၊ ဆက်ဆံရေးပြတ်သွားတယ်။

အရက်‌နည်းနည်းသောက်ပြီး များများမူးတဲ့နေ့က ရုတ်တရတ်___”ကာချုပ် အာဏာသိမ်းလိုက်ကွာ၊ အနီကောင်တွေ ဆောာက်ရမ်းလွန်လာပြီအာဏာသိမ်းပြီးတာနဲ့ ငါကိုယ်တိုင်လိုက်thetမှာ၊ ရွှေဆိုင်တွေကိုလဲ သေနတ်ဖောက်ပြီး စိတ်ကြိုက်ယူပြီသာမှတ်” မှန်တာပြော သစ္စာ … ဒါသူ့ပါးစပ်က ထွက်တဲ့စကားပါ။

ဟိုးကတည်းက စစ်တပ်ဘယ်လို ‘မောင်း’တင်ထားလဲ သိသာစေတဲ့ အခိုက်အတန့်လေးပါ။“အရမ်းခက်ခဲတဲ့ စစ်ဆင်ရေးတွေမှာ တပ်မတော်သားတွေ ဘာလို့အောင်မြင်ခဲ့လဲ မင်းသိလား?” တိုင်းပြည်အေးချမ်းဖို့ သူတို့လူမိုက်လုပ်ပေးရကြောင်း ကရုဏာငတ်သူတစ်‌ယောက်ရဲ့ ဝမ်းနည်းတဲ့မျက်လုံးတွေနဲ့ ဆိုတယ်။

(သူ့အခေါ်)သူပုန်ရွာတွေမှာ ရှင်းလင်းရင် ရွာထဲက လူကုန် ရွာရှေ့ကိုထုတ်၊ သူပုန်ဘယ်သူရှိလဲမေး၊ တစ်ခွန်းမေးတိုင်းအဖြေထွက်မလာတိုင်း အူဝဲကလေးတစ်ယောက်စီ ဆွဲထုတ်ပြီး သူ‌တို့ရှေ့မှာတင် ဆန်ဖွပ်တဲ့ ဆုံထဲထည့်ပြီး ထောင်းthetတယ်။ သူပုန် ထွက်မလာပဲ မနေဘူးတဲ့။

ကျနော်တို့ ပြည်သူတွေ လူမသိ သူမသိခံစားခဲ့ရတာတွေကို စာထဲမှာ ပုံဖော်ဖို့ မဖြစ်နိုင်ပါဘူး။ကရင်ပြည်နယ်မှာ တော်လှန်ရေးသမား မိန်းမငယ်လေးတွေကို မိတယ်။

ဘာလုပ်လဲပထမ သူ့အစ်ကို‌မောင်ရှေ့မှာ အုပ်စုဖွဲ့ *ုဒိန်းကျင့်တယ်၊ ဒုတိယ မိန်းမကိုယ်ထဲ MA-1ပြောင်း ထိုးထည့်ပြီး ကျည်ကုန်ပစ်ထည့်တယ်။ပြီးတော့ ဒီကလေးမတွေပဲ ကင်ပွန်းတပ်ခံလိုက်ရတယ် “သောင်းကျန်းသူ” ဆိုပါ့လား…? “ဦးဏှောက်တစ်ခုကို ‌အစိမ်းရောင်ခြယ်ခြင်း” အရင်တုန်းကဆို အငတ်ခံပြီး ကူ/လှူတတ်တဲ့သူငယ်ချင်း၊ အခုတော့ ပိုက်ဆံအရမ်းကြိုက်တတ်သွားတယ်။

‘အရာရှိက အရာရှိအဆောင်အယောင်ရှိရတယ်’ ဆိုပြီး၊ သုံးဖြုန်းချင်စိတ်နဲ့ ပိုက်ဆံလိမ်ရမှာ ဝန်မလေးတော့ဘူး။

အရင်က သမာသမတ်ကျပြီး နှိမ့်ချတတ်တဲ့ လူငယ်လေးဟာ “မိန်းမ,မှန်ရင် ဗိုလ်ကို လင်တော်ချင်တယ်” ဆိုတဲ့ သံမှိုကို ခေါင်းထဲက နှုတ်မရတော့ဘူး။ဖာချတာဟာ ယောကျာ်းကောင်းတွ လုပ်ပ်တဲ့အလုပ်ဆိုတဲ့ စကားကို လူရှေ့သူရှေ့ပြောဆိုတတ်လာတယ်။

“”#စစ်တက္ကသိုလ်မှာလူတွေကိုအုပ်ချုပ်နည်းအဓိကသင်ပေးတာဖြစ်သောကြောင့်၊ #နိုင်ငံကိုအုပ်ချုပ်ဖို့ဆိုတာလဲ #သဘောတရားတစ်ခုတည်းသာဖြစ်လို့ #သူတို့အတွက်မခဲယဉ်းဘူး “” လို့ ‌ယုံကြည်လာတယ်။

ပြဿနာတိုင်းကို အရင်းခံက စပြီး ဖြေရှင်းဖို့ထက် သေနတ်ပြဖြေရှင်းဖို့၊ ထိုးကြိတ်သတ်ဖြတ်ရဖို့ လက်ယဉ်လာတယ်။ဖိနှိပ်မှုဆိုတာ နေထိုင်မှုပုံစံတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ “မိမိအပြစ်ကိုမိမိ ရှောင်လွှဲခြင်း”

ကချင်နဲ့ ကရင်မှာ မငြိမ်သက်တာ CIAမှာသာ အပြစ်ရှိကြောင်း၊ ရခိုင်မြောက်ပိုင်းပဋိပက္ခဟာ OICရဲ့ ခြေရာလက်ရာသာဖြစ်ကြောင်း၊ မြန်မာပြည်ဆင်းရဲရခြင်းရဲ့ အရင်းခံက နိုင်ငံတကာSanctionsတွေသာဖြစ်ကြောင်း လက်ညှိုး,လိုက်ထိုးတယ်။

အမှန်တစ်ပဲသား၊ အမှားတစ်ပိဿာနဲ့ ဟုတ်နိုးနိုး ဟုတ်သယောင်ယောင် ဝါဒစကားတွေက ကြာတော့ အမှန်တရားဖြစ်လာတယ်။ပြည်နယ်တွေမှာ မငြိမ်သက်တာ “စစ်အစိုးရ ဖိနှိပ်ထားလို့”ဆိုတာအကြောင်းကို မမြင်နိုင်ဘူး၊ ရခိုင်လူမျိုးရေးပဋိပက္ခတွေကို တမင်ဖန်တီးတာဟာ သူတို့စစ်တပ်ဆိုတာ ဝန်ခံမထားကြဘူး၊တိုင်းပြည်နိမ့်ကျတာ သူတို့လောဘကြောင့်ဆိုတာ ဘူးခံငြင်းမယ်။

ကိုယ့်အမှားကိုယ် ကြည့်တတ်တဲ့ ဆင်ခြင်တုံတရားပျောက်လာပြီး လက်ညှိုးထိုး တစ်ပွဲထိုးရှင်းတတ်တဲ့ အကျင့်က လူကို ပြန်ပုံဖော်သွားတယ်။conspiracy theoriesတွေ တွင်တွင်သုံးပြီးနုနယ်လန်းဆန်းတဲ့ ဦးဏှောက်‌အကောင်းစားတစ်ခုကို စနစ်တကျဘောင်ကွပ်လိုက်တယ်၊ ‌အာဏာရှင်တွေစိတ်တိုင်းကျ စီမံထားတဲ့ အမည်းရောင်ဆေး‌ရည်တွေ ထိုးသွင်းလိုက်တယ်။

“တွေးခေါ်နိုင်စွမ်းအတု”တွေ ရေးဆွဲထည့်သွင်းပေးလိုက်တယ်။ လောဘနဲ့ အကြောက်တရားတွေကြောင့် အာဏာသိမ်းပြီး ပြည်သူတွေကို နှိပ်ကွပ်နေတာကို တိုင်းပြည်ငြိမ်ဝပ်မှုအတွက် အနစ်နာခံအသက်စွန့်နေရသယောင် ယုံကြည်သွားကြတယ်။

ဒီမိုအင်အားစုတွေကို နှိပ်စက်အလောင်းဖျောက်တာဟာ တိုင်းပြည်ရန်စွယ်ဖယ်ရှားတာလို့ မြင်လာကြတယ်ဆန္ဒပြလူငယ်တွေကို ပစ်ခတ်တာဟာ တည်ငြိမ်ရေးအတွက် ကြိုးစားတာလို့မြင်သွားတယ်။လခလေး နှစ်ပဲတစ်ပြားနဲ့ ရှေ့တန်းမှာ အဓိပ္ပါယ်မဲ့အသက်စွန့်ကြတယ်။

အကြောက်တရား၊ မက်လုံး၊ စိတ်ဒါဏ်ရာ၊ စိတ်မလုံခြုံခြင်း၊ အာဃာတ၊ မာန စတဲ့ စိတ်တစ်ခုရဲ့ မကျန်းမာခြင်းကို ပေါ်လစီလုပ်ပြီး အထက်အောက် အုပ်ချုပ်မှုတွေကို ကောက်ကျစ်စွာ ဖွဲ့စည်းထားတယ်။

လိမ်ညာမှုတွေကို နေ့စဉ်ရှုရှိုက်မှသာ အသက်တစ်ရက်ပိုရှည်မယ်။ အဖွဲ့အစည်းတစ်ခု အဓွန့်တည်ဖို့ ဒါဟာ ခိုင်ခန့်တဲ့အုတ်မြစ်မဟုတ်ဘူး။

ပြည်နယ်တစ်ခုကို လက်လွှတ်လိုက်ရတဲ့တစ်နေ့၊ အမှန်တရားတွေ ထွန်းလင်းလာတဲ့ တစ်နေ့ဟာ၊ “ပြည်ထောင်စုမပြိုကွဲရေး” ဂျင်းနဲ့ သက်ဆိုးရှည်တဲ့ တပ်မတော် အဆုံးသတ်တဲ့နေ့ ဖြစ်လာလိမ့်မယ်။

crd

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.