Local News

မြန်မာ့အခြေအနေ ပိုမိုဆိုးရွားလာမှုတားဆီးရေး ကုလ-အာဆီယံပူးပေါင်းကာ ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

မြန်မာ့အခြေအနေ ပိုမိုဆိုးရွားလာမှုတားဆီးရေး ကုလ-အာဆီယံပူးပေါင်းကာ ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

မြန်မာနိုင်ငံအခြေအနေ ပိုမိုဆိုးရွားလာမှုကိုတားဆီးရေး ကုလသမဂ္ဂ-အာဆီယံ ပူးပေါင်း ဆောင်ရွက်မှုအပေါ်အခြေခံ၍ ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Dr. Noeleen Heyzer က တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် အွန်လိုင်းမှတဆင့်တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရှိန်ဆက်လက်မြင့်တက်နေသော စစ်ဆင်ရေးများအပေါ် လွန်စွာစိုးရိမ်ကြောင်း ကုလအထူးကိုယ်စားလှယ်က ထုတ်ဖော်ပြော ဆိုသည်။

ထို့အပြင် မြန်မာပြည်သူများသည် တိုးတက်မှုနှင့် အကျိုးရလဒ်များကို အမှန်တကယ် မြင် တွေ့လိုပြီး လက်တွေ့ပြနိုင်သော မည်သည့်စိတ်ဆန္ဒကောင်းကိုမဆို ပြသရန်လိုအပ်ကြောင်း Dr. Noeleen Heyzer က ကမ္ဘောဒီးယားဝန်ကြီးချုပ်ကိုပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးစဉ်က အလေးထားပြောကြားသကဲ့သို့ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့် ယုံကြည်မှုတည်ဆောက်ရေးတွင် ဒေသတွင်းခေါင်းဆောင်၏ ယုံကြည်မှုကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆိုသည်။

အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အရေးပေါ်အကောင်အထည်ဖော်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ များ၏ ကြိုးပမ်းမှုကို မြှင့်တင်ရန်နှင့် မြန်မာပြည်သူများ၏ဆန္ဒအရ ငြိမ်းချမ်းသော၊ ဒီမိုကရေစီနည်းကျ၊ အားလုံးပါဝင်သော အနာဂတ်အတွက် မြန်မာဦးဆောင်သည့်လုပ်ငန်းစဉ်ကို အထူး ကိုယ်စားလှယ်က အလေးပေးပြောကြားသည်။

အထူးကိုယ်စားလှယ်သည် မြန်မာ့အရေးအတွက် အာဆီယံအလှည့်ကျဥက္ကဌနှင့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ထပ် လောင်းပြောကြားသည်။

Zawgyi

ျမန္မာ့အေျခအေန ပိုမိုဆိုး႐ြားလာမႈတားဆီးေရး ကုလ-အာဆီယံပူးေပါင္းကာ ခ်က္ခ်င္းအေရးယူေဆာင္႐ြက္ရန္ ကုလအထူးကိုယ္စားလွယ္တိုက္တြန္း

ျမန္မာႏိုင္ငံအေျခအေန ပိုမိုဆိုး႐ြားလာမႈကိုတားဆီးေရး ကုလသမဂၢ-အာဆီယံ ပူးေပါင္း ေဆာင္႐ြက္မႈအေပၚအေျခခံ၍ ခ်က္ခ်င္းအေရးယူေဆာင္႐ြက္ရန္ ကုလသမဂၢအထူးကိုယ္စားလွယ္ Dr. Noeleen Heyzer က တိုက္တြန္းလိုက္သည္။

ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္၏ အထူးကိုယ္စားလွယ္သည္ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ႏွင့္ အြန္လိုင္းမွတဆင့္ေတြ႕ဆုံေဆြးေႏြးစဥ္ ယင္းသို႔ တိုက္တြန္းခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံအႏွံ႔အျပားတြင္ ေလေၾကာင္းတိုက္ခိုက္မႈအပါအဝင္ အ႐ွိန္ဆက္လက္ျမင့္တက္ေနေသာ စစ္ဆင္ေရးမ်ားအေပၚ လြန္စြာစိုးရိမ္ေၾကာင္း ကုလအထူးကိုယ္စားလွယ္က ထုတ္ေဖာ္ေျပာ ဆိုသည္။

ထို႔အျပင္ ျမန္မာျပည္သူမ်ားသည္ တိုးတက္မႈႏွင့္ အက်ိဳးရလဒ္မ်ားကို အမွန္တကယ္ ျမင္ ေတြ႕လိုၿပီး လက္ေတြ႕ျပႏိုင္ေသာ မည္သည့္စိတ္ဆႏၵေကာင္းကိုမဆို ျပသရန္လိုအပ္ေၾကာင္း Dr. Noeleen Heyzer က ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ကိုေျပာသည္။

အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားႏွင့္ ေဆြးေႏြးစဥ္က အေလးထားေျပာၾကားသကဲ့သို႔ အထူးကိုယ္စားလွယ္သည္ ျမန္မာႏိုင္ငံ႐ွိ အဖြဲ႕အစည္းအားလုံးႏွင့္ ယုံၾကည္မႈတည္ေဆာက္ေရးတြင္ ေဒသတြင္းေခါင္းေဆာင္၏ ယုံၾကည္မႈကို အသိအမွတ္ျပဳေၾကာင္း ထုတ္ေဖာ္ေျပာဆိုသည္။

အာဆီယံ၏ဘုံဆုံးျဖတ္ခ်က္ ၅ ရပ္ကို အေရးေပၚအေကာင္အထည္ေဖာ္ေရးအတြက္ အဖြဲ႕ဝင္ႏိုင္ငံ မ်ား၏ ႀကိဳးပမ္းမႈကို ျမႇင့္တင္ရန္ႏွင့္ ျမန္မာျပည္သူမ်ား၏ဆႏၵအရ ၿငိမ္းခ်မ္းေသာ၊ ဒီမိုကေရစီနည္းက်၊ အားလုံးပါဝင္ေသာ အနာဂတ္အတြက္ ျမန္မာဦးေဆာင္သည့္လုပ္ငန္းစဥ္ကို အထူး ကိုယ္စားလွယ္က အေလးေပးေျပာၾကားသည္။

အထူးကိုယ္စားလွယ္သည္ ျမန္မာ့အေရးအတြက္ အာဆီယံအလွည့္က်ဥကၠဌႏွင့္ အာဆီယံ၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္တို႔ႏွင့္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္မည္ဟုလည္း ထပ္ ေလာင္းေျပာၾကားသည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.