Local News

အာဆီယံအစည်းအဝေးအထမမြောက်အောင်ရည်ရွယ်သည့်အဖွဲ့ဝင်နိုင်ငံဝန်ကြီးများ၏အပြုအမှုသည် သူရဲဘောကြောင်သည့်လုပ်ရပ်ဟု ဝဏ္ဏမောင်လွင်မှ ပြောဆို

အာဆီယံအစည်းအဝေးအထမမြောက်အောင်ရည်ရွယ်သည့်အဖွဲ့ဝင်နိုင်ငံဝန်ကြီးများ၏အပြုအမှုသည် သူရဲဘောကြောင်သည့်လုပ်ရပ်ဟု ဝဏ္ဏမောင်လွင်မှ ပြောဆို

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများဆိုင်ရာ တွေ့ဆုံစည်းဝေးပွဲအား မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ဖိလစ်ပိုင်
နှင့်ဘရူနိုင်းနိုင်ငံတို့က အကြောင်းအမျိုးမျိုးပြ မတက်ရောက်ကြခြင်းသည်

မြန်မာပြည်က ပြည်သူနှင့်အစိုးရကို တိုက်ရိုက်စော်ကားပြလိုက်ခြင်းဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်မှ ထုတ်ဖော်ပြောဆိုသည်။

မလေးရှားက ရေကြီးတာအကြောင်းပြတယ်၊ စက်ာပူနဲ့ ဘရူနိုင်းကတက်ရောက်မဲ့ဝန်ကြီးတွေအလုပ်မအားတာအကြောင်းပြတယ်၊အင်ဒိုနဲ့ဖိလစ်ပိုင်က ပြန်စာလေးတောင်မပို့ကြဘူး၊ဗီယက်နမ်နဲ့ထိုင်းကလည်း အများမတက်လို့မလာဖြစ်ဘူးလို့ပြောတယ်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကပြောသည်။

ဝဏ္ဏမောင်လွင်မှ မိမိသည်တာဝန်နှင့်ဝတ္တရားအရ တက်ရောက်လိုခြင်းဖြစ်ပြီး အစိုးရသည် စစ်အစိုးရဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်မဆိုင်ကြောင်း၊ စစ်တပ်ကအာဏာသိမ်းအစိုးရလုပ်သည့်အတွက်ဆန့်ကျင်သည့်သဘော အာဆီယံအဖွဲ့ဝင် နိုင်ငံများကပြုမှုနေခြင်းသည် သူရဲဘောကြောင်သည့်လုပ်ရပ်အဖြစ် မိမိတို့အစိုးရကမှတ်ယူရလိမ့်မည်ဟုပြောဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အခြားအာဆီယံ နိုင်ငံများကိုတလေးတစား ဆက်ဆံနေသလို အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံကို လေးစားသမှုရှိသင့်တယ်လို့လည်းထပ်လောင်းပြောဆိုသည်။

Zawgyi

အာဆီယံအစည္းအေဝးအထမေျမာက္ေအာင္ရည္႐ြယ္သည့္အဖြဲ႕ဝင္ႏိုင္ငံဝန္ႀကီးမ်ား၏အျပဳအမႈသည္ သူရဲေဘာေၾကာင္သည့္လုပ္ရပ္ဟု ဝဏၰေမာင္လြင္မွ ေျပာဆို

ကေမ႓ာဒီးယားႏိုင္ငံ ဖႏြမ္းပင္တြင္က်င္းပမည့္ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံမ်ားဆိုင္ရာ ေတြ႕ဆုံစည္းေဝးပြဲအား မေလး႐ွား၊ အင္ဒိုနီး႐ွား၊ စင္ကာပူ၊ဖိလစ္ပိုင္
ႏွင့္ဘ႐ူႏိုင္းႏိုင္ငံတို႔က အေၾကာင္းအမ်ိဳးမ်ိဳးျပ မတက္ေရာက္ၾကျခင္းသည္

ျမန္မာျပည္က ျပည္သူႏွင့္အစိုးရကို တိုက္႐ိုက္ေစာ္ကားျပလိုက္ျခင္းျဖစ္တယ္လို႔ အၾကမ္းဖက္စစ္ေကာင္စီခန္႔ ႏိုင္ငံျခားေရးဝန္ႀကီး ဝဏၰေမာင္လြင္မွ ထုတ္ေဖာ္ေျပာဆိုသည္။

မေလး႐ွားက ေရႀကီးတာအေၾကာင္းျပတယ္၊ စက္ာပူနဲ႔ ဘ႐ူႏိုင္းကတက္ေရာက္မဲ့ဝန္ႀကီးေတြအလုပ္မအားတာအေၾကာင္းျပတယ္၊အင္ဒိုနဲ႔ဖိလစ္ပိုင္က ျပန္စာေလးေတာင္မပို႔ၾကဘူး၊ဗီယက္နမ္နဲ႔ထိုင္းကလည္း အမ်ားမတက္လို႔မလာျဖစ္ဘူးလို႔ေျပာတယ္ဟု ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကေျပာသည္။

ဝဏၰေမာင္လြင္မွ မိမိသည္တာဝန္ႏွင့္ဝတၱရားအရ တက္ေရာက္လိုျခင္းျဖစ္ၿပီး အစိုးရသည္ စစ္အစိုးရျဖစ္ျခင္း၊ မျဖစ္ျခင္းႏွင့္မဆိုင္ေၾကာင္း၊ စစ္တပ္ကအာဏာသိမ္းအစိုးရလုပ္သည့္အတြက္ဆန္႔က်င္သည့္သေဘာ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံမ်ားကျပဳမႈေနျခင္းသည္ သူရဲေဘာေၾကာင္သည့္လုပ္ရပ္အျဖစ္ မိမိတို႔အစိုးရကမွတ္ယူရလိမ့္မည္ဟုေျပာဆိုသည္။

ျမန္မာႏိုင္ငံသည္ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံျဖစ္သည္ႏွင့္အညီ အျခားအာဆီယံ ႏိုင္ငံမ်ားကိုတေလးတစား ဆက္ဆံေနသလို အျခားအာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္လည္း ျမန္မာႏိုင္ငံကို ေလးစားသမႈ႐ွိသင့္တယ္လို႔လည္းထပ္ေလာင္းေျပာဆိုသည္။

About the author

admin

Add Comment

Click here to post a comment