Local News

မုံရွာတွင် စစ်ကောင်စီမှဦးစီးကျင်းပသည့် လမ်းဖွင့်ပွဲအခမ်းအနား ပွဲပျက်ပြီးဆုံး၊ပေါက်ကွဲသံများနှင့်အတူ စစ်ကောင်စီတပ်သားများ ထွက်ပြေးရ

မုံရွာတွင် စစ်ကောင်စီမှဦးစီးကျင်းပသည့် လမ်းဖွင့်ပွဲအခမ်းအနား ပွဲပျက်ပြီးဆုံး၊ပေါက်ကွဲသံများနှင့်အတူ စစ်ကောင်စီတပ်သားများ ထွက်ပြေးရ

ဇန်နဝါရီ၁၄၊ချင်းတွင်းရိုးမ၊မုံရွာ

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်ကောင်စီမှဦးစီးကျင်းပသည့် လမ်းနှစ်လမ်းဖွင့်ပွဲအခမ်းအနား ဒီကနေ့မနက်အစောပိုင်းက ပွဲပျက်ပြီးဆုံးသွားကြောင်း တပ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်ထံမှ မုံရွာချင်းတွင်းရိုးမသတင်းဌာနမှ သိရသည်။

မုံရွာမြို့ အောင်သပြေလမ်းတွင် ယနေ့ဇန်နဝါရီ၁၄ရက်နေ့ မနက်၈နာရီဝန်းကျင်ခန့်က စစ်ကောင်စီအထက်အရာရှိပိုင်းများ လမ်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ နံနက်၉နာရီဝန်းကျင်ခန့်တွင် ပေါက်ကွဲသံကြား၍ ပွဲပျက်ပြီးဆုံးကာ စစ်ကောင်စီတပ်သားများ ထွက်ပြေးရတယ်လိူ့ ချင်းတွင်းရိုးမသတင်းရင်းမြစ်က ပြောသည်။

“သူတို့က ဒီမနက်၈နာရီဝန်းကျင်လောက်မှာရောက်လာတယ်၊ပြီးတော့ ၉နာရီလောက်လဲရောက်ရော လူကြီးတွေ မိန့်ခွန်းပြောမယ့်အချိန် ပေါက်ကွဲသံကြားလိုက်လို့ မိန့်ခွန်းတောင်မပြောရပဲ ထွက်ပြေးရတယ်၊လမ်းနှစ်လမ်းလုံးပွဲပျက်သွားတယ်၊ကျနော်တို့တောင် ထွက်ပြေးရတယ်ဗျာ၊ဘယ်ကမှန်းမသိဘူး ကွဲတာက”ဟု ဆိုသည်။

အောင်သပြေလမ်းနှင့်ပေ ၈၀လမ်း နှစ်လမ်းကို စစ်ကောင်စီမှ တစ်ချိန်တည်း ဖွင့်ပွဲကျင်းပရာ အောင်သပြေလမ်း ပေါက်ကွဲမှုကြောင့် ပေ ၈၀လမ်း ဖွင့်ပွဲအခမ်းအနားပါ ဖျက်သိမ်းရကြောင်း အဆိုပါသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ပေါက်ကွဲမှုကြောင့် အခမ်းအနားကို လာရောက်ဖွင့်လှစ်ပေးသည့် စစ်ကောင်စီအရာရှိကြီးများနှင့်စစ်ကောင်စီတပ်သားများပါ ထွက်ပြေးရကြောင်း သိရှိရပါတယ်။

ဓာတ်ပူံ-မုံရွာလူထုသပိတ်စစ်ကြောင်းဖြိုခွင်းသည့် စစ်ကောင်စီတပ်သားများ ပူံအဟောင်းဖြစ်သည်။

Photo-မုံရွာချင်းတွင်းရိုးမ

Zawgyi

မုံ႐ြာတြင္ စစ္ေကာင္စီမွဦးစီးက်င္းပသည့္ လမ္းဖြင့္ပြဲအခမ္းအနား ပြဲပ်က္ၿပီးဆုံး၊ေပါက္ကြဲသံမ်ားႏွင့္အတူ စစ္ေကာင္စီတပ္သားမ်ား ထြက္ေျပးရ

ဇန္နဝါရီ၁၄၊ခ်င္းတြင္း႐ိုးမ၊မုံ႐ြာ

စစ္ကိုင္းတိုင္း၊မုံ႐ြာၿမိဳ႕တြင္ စစ္ေကာင္စီမွဦးစီးက်င္းပသည့္ လမ္းႏွစ္လမ္းဖြင့္ပြဲအခမ္းအနား ဒီကေန႔မနက္အေစာပိုင္းက ပြဲပ်က္ၿပီးဆုံးသြားေၾကာင္း တပ္ဘက္ဆိုင္ရာ သတင္းရပ္ကြက္ထံမွ မုံ႐ြာခ်င္းတြင္း႐ိုးမသတင္းဌာနမွ သိရသည္။

မုံ႐ြာၿမိဳ႕ ေအာင္သေျပလမ္းတြင္ ယေန႔ဇန္နဝါရီ၁၄ရက္ေန႔ မနက္၈နာရီဝန္းက်င္ခန္႔က စစ္ေကာင္စီအထက္အရာ႐ွိပိုင္းမ်ား လမ္းဖြင့္ပြဲအခမ္းအနားကို တက္ေရာက္၍ နံနက္၉နာရီဝန္းက်င္ခန္႔တြင္ ေပါက္ကြဲသံၾကား၍ ပြဲပ်က္ၿပီးဆုံးကာ စစ္ေကာင္စီတပ္သားမ်ား ထြက္ေျပးရတယ္လိူ႕ ခ်င္းတြင္း႐ိုးမသတင္းရင္းျမစ္က ေျပာသည္။

“သူတို႔က ဒီမနက္၈နာရီဝန္းက်င္ေလာက္မွာေရာက္လာတယ္၊ၿပီးေတာ့ ၉နာရီေလာက္လဲေရာက္ေရာ လူႀကီးေတြ မိန္႔ခြန္းေျပာမယ့္အခ်ိန္ ေပါက္ကြဲသံၾကားလိုက္လို႔ မိန္႔ခြန္းေတာင္မေျပာရပဲ ထြက္ေျပးရတယ္၊လမ္းႏွစ္လမ္းလုံးပြဲပ်က္သြားတယ္၊က်ေနာ္တို႔ေတာင္ ထြက္ေျပးရတယ္ဗ်ာ၊ဘယ္ကမွန္းမသိဘူး ကြဲတာက”ဟု ဆိုသည္။

ေအာင္သေျပလမ္းႏွင့္ေပ ၈၀လမ္း ႏွစ္လမ္းကို စစ္ေကာင္စီမွ တစ္ခ်ိန္တည္း ဖြင့္ပြဲက်င္းပရာ ေအာင္သေျပလမ္း ေပါက္ကြဲမႈေၾကာင့္ ေပ ၈၀လမ္း ဖြင့္ပြဲအခမ္းအနားပါ ဖ်က္သိမ္းရေၾကာင္း အဆိုပါသတင္းရင္းျမစ္က ဆက္လက္ေျပာဆိုသည္။

ေပါက္ကြဲမႈေၾကာင့္ အခမ္းအနားကို လာေရာက္ဖြင့္လွစ္ေပးသည့္ စစ္ေကာင္စီအရာ႐ွိႀကီးမ်ားႏွင့္စစ္ေကာင္စီတပ္သားမ်ားပါ ထြက္ေျပးရေၾကာင္း သိ႐ွိရပါတယ္။

ဓာတ္ပူံ-မုံ႐ြာလူထုသပိတ္စစ္ေၾကာင္းၿဖိဳခြင္းသည့္ စစ္ေကာင္စီတပ္သားမ်ား ပူံအေဟာင္းျဖစ္သည္။

Photo-မုံ႐ြာခ်င္းတြင္း႐ိုးမ

About the author

admin

Add Comment

Click here to post a comment