Local News

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ နေပြည်တော်ခရီးစဉ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဝေဖန်

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ နေပြည်တော်ခရီးစဉ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဝေဖန်

ခရီးစဉ်မတိုင်မီ အာဆီယံခေါင်းဆောင်များ၏ အကြံဉာဏ်ရယူသင့်ကြောင်းပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ တစ်ဦးတည်းဆန္ဒဖြင့်သွားရောက်ခဲ့သည့် နေပြည်တော်ခရီးစဉ်ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullahက ဝေဖန်လိုက်ပြီး ခရီးစဉ်မတိုင်ခင် အာဆီယံခေါင်းဆောင်များ၏ အကြံပြုချက်ရယူသင့်ကြောင်း ပြောကြားသည်။

မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့မှုသည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ သဘောဆန္ဒသာဖြစ်ပြီး အာဆီယံအဖွဲ့အစည်း၏ သဘောတူညီချက်မပါဘဲ မြန်မာ့ အရေးနှင့်ပတ်သက်၍ အဖွဲ့ဝင် နိုင်ငံများအကြား သဘောထားဆက်လက်ကွဲလွဲနေခြင်း ဖြစ်သည်။

“သူ(ဟွန်ဆန်)ဘာပြောသင့်လဲဆိုတာ အာဆီယံခေါင်းဆောင်အားလုံးမဟုတ်တောင် ညီနောင် ခေါင်းဆောင် အချို့နဲ့ အကြံဉာဏ်ယူဆွေးနွေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့တာပါ” ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီး က ယနေ့(ဇန်နဝါရီ ၁၄ ရက်) သတင်းထောက်များကို ပြော သည်။

ဆက်လက်ပြီး “ဒါက သူ့ကို ဆရာလုပ်ဖို့ကြိုးစားတာမဟုတ်ပါဘူး။ ဒါပေမဲ့ များသောအားဖြင့် အာဆီယံဥက္ကဌတွေ ဟာ သိသာထင်ရှားမှု တစ်ခုခုလုပ်တော့မယ်ဆိုရင် အခြားခေါင်းဆောင်တွေနဲ့ အချိန်မရွေး တိုင်ပင်ကြပါတယ်” ဟု မလေးရှားဝန်ကြီးချုပ်က ဆက်ပြောသည်။

ကမ္ဘောဒီးယားသည် ယခုနှစ် ၂၀၂၂ ၏ အာဆီယံအလှည့်ကျဥက္ကဌဖြစ်ပြီး ယင်းတာဝန်စတင်ထမ်း ဆောင်ချိန်တွင် နေပြည်တော်သို့လာရောက်ကာ အကြမ်းဖက်စစ်ခေါင်းဆောင်ကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။

အကြမ်းဖက်မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ၁ နှစ်နီးပါးအတွင်း အဆိုပါကမ္ဘောဒီးယားဝန်ကြီးချုပ်က နေပြည်တော်သို့လာရောက်သော ပထမဆုံးပြည်ပခေါင်းဆောင်ဖြစ်သည်။

ဟွန်ဆန်ကိုယ်တိုင်သည်လည်း သွေးထွက်သံယိုပြည်တွင်းစစ်အပြီး ကမ္ဘောဒီးယားကို ၃၆ နှစ်ကြာ အုပ်ချုပ်ခဲ့သော အာဏာရှင်တစ်ဦးဖြစ်သည်။

ထို့အပြင် မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်သည် အာဆီယံက ချမှတ်ခဲ့သော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုမရှိသဖြင့် ၎င်းကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို တက်ရောက်ခွင့်မရခဲ့ပေ။

အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို တိုးတက်မှုမဖော်ဆောင်နိုင်ပါက လာမည့်အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများတွင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပေးရန် ရပ်တည်ချက်ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောသည်။

Zawgyi

ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္၏ ေနျပည္ေတာ္ခရီးစဥ္ကို မေလး႐ွားႏိုင္ငံျခားေရးဝန္ႀကီးေဝဖန္

ခရီးစဥ္မတိုင္မီ အာဆီယံေခါင္းေဆာင္မ်ား၏ အၾကံဉာဏ္ရယူသင့္ေၾကာင္းေျပာ

ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္၏ တစ္ဦးတည္းဆႏၵျဖင့္သြားေရာက္ခဲ့သည့္ ေနျပည္ေတာ္ခရီးစဥ္ကို မေလး႐ွား ႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullahက ေဝဖန္လိုက္ၿပီး ခရီးစဥ္မတိုင္ခင္ အာဆီယံေခါင္းေဆာင္မ်ား၏ အၾကံျပဳခ်က္ရယူသင့္ေၾကာင္း ေျပာၾကားသည္။

ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လိႈင္ႏွင့္ေတြ႕ဆုံခဲ့မႈသည္ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္၏ သေဘာဆႏၵသာျဖစ္ၿပီး အာဆီယံအဖြဲ႕အစည္း၏ သေဘာတူညီခ်က္မပါဘဲ ျမန္မာ့ အေရးႏွင့္ပတ္သက္၍ အဖြဲ႕ဝင္ ႏိုင္ငံမ်ားအၾကား သေဘာထားဆက္လက္ကြဲလြဲေနျခင္း ျဖစ္သည္။

“သူ(ဟြန္ဆန္)ဘာေျပာသင့္လဲဆိုတာ အာဆီယံေခါင္းေဆာင္အားလုံးမဟုတ္ေတာင္ ညီေနာင္ ေခါင္းေဆာင္ အခ်ိဳ႕နဲ႔ အၾကံဉာဏ္ယူေဆြးေႏြးလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ခဲ့တာပါ” ဟု မေလး႐ွားႏိုင္ငံျခားေရး ဝန္ႀကီး က ယေန႔(ဇန္နဝါရီ ၁၄ ရက္) သတင္းေထာက္မ်ားကို ေျပာ သည္။

ဆက္လက္ၿပီး “ဒါက သူ႕ကို ဆရာလုပ္ဖို႔ႀကိဳးစားတာမဟုတ္ပါဘူး။ ဒါေပမဲ့ မ်ားေသာအားျဖင့္ အာဆီယံဥကၠဌေတြ ဟာ သိသာထင္႐ွားမႈ တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ အျခားေခါင္းေဆာင္ေတြနဲ႔ အခ်ိန္မေ႐ြး တိုင္ပင္ၾကပါတယ္” ဟု မေလး႐ွားဝန္ႀကီးခ်ဳပ္က ဆက္ေျပာသည္။

ကေမ႓ာဒီးယားသည္ ယခုႏွစ္ ၂၀၂၂ ၏ အာဆီယံအလွည့္က်ဥကၠဌျဖစ္ၿပီး ယင္းတာဝန္စတင္ထမ္း ေဆာင္ခ်ိန္တြင္ ေနျပည္ေတာ္သို႔လာေရာက္ကာ အၾကမ္းဖက္စစ္ေခါင္းေဆာင္ကို လက္ဆြဲႏႈတ္ဆက္ခဲ့သည္။

အၾကမ္းဖက္ျမန္မာစစ္တပ္က အာဏာသိမ္းၿပီးေနာက္ ၁ ႏွစ္နီးပါးအတြင္း အဆိုပါကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္က ေနျပည္ေတာ္သို႔လာေရာက္ေသာ ပထမဆုံးျပည္ပေခါင္းေဆာင္ျဖစ္သည္။

ဟြန္ဆန္ကိုယ္တိုင္သည္လည္း ေသြးထြက္သံယိုျပည္တြင္းစစ္အၿပီး ကေမ႓ာဒီးယားကို ၃၆ ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့ေသာ အာဏာ႐ွင္တစ္ဦးျဖစ္သည္။

ထို႔အျပင္ ျမန္မာအၾကမ္းဖက္စစ္ေခါင္းေဆာင္သည္ အာဆီယံက ခ်မွတ္ခဲ့ေသာ ဘုံဆုံးျဖတ္ခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္မႈမ႐ွိသျဖင့္ ၎ကို အာဆီယံထိပ္သီးအစည္းအေဝးႏွင့္ ဆက္စပ္ အစည္းအေဝးမ်ားကို တက္ေရာက္ခြင့္မရခဲ့ေပ။

အာဆီယံ၏ဘုံဆုံးျဖတ္ခ်က္ ၅ ရပ္ကို တိုးတက္မႈမေဖာ္ေဆာင္ႏိုင္ပါက လာမည့္အာဆီယံထိပ္သီးအစည္းအေဝး ႏွင့္ ဆက္စပ္အစည္းအေဝးမ်ားတြင္ မင္းေအာင္လိႈင္ကို တက္ေရာက္ခြင့္ မေပးရန္ ရပ္တည္ခ်က္ကို ဆက္လက္ ထိန္းသိမ္းထားမည္ဟု မေလး႐ွားဝန္ႀကီးခ်ဳပ္က ေျပာသည္။

About the author

admin

Add Comment

Click here to post a comment