Local News

ကာလုံခေါ်ပြီး နောက်ထပ် ခြောက်လ အာဏာဆက်ယူဖို့ စစ်ကောင်စီပြင်ဆင်

ကာလုံခေါ်ပြီး နောက်ထပ် ခြောက်လ အာဏာဆက်ယူဖို့ စစ်ကောင်စီပြင်ဆင်

ဇန်နဝါရီလကုန်မှာ တစ်နှစ်သက်တမ်းပြည့်မယ့် အရေးပေါ်အခြေအနေကြေညာချက်ကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကို တင်ပြပြီး သက်တမ်းတိုးမယ်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

‘’ကာလုံ ကို အခြေအနေတင်ပြပြီး သက်တမ်းတိုးနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ လို့ သူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေကြေညာချက်ကို သမ္မတက ကာလုံနဲ့ ညှိနှိုင်းပြီး နောက်ထပ် ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိနေသေးတာဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးပြီး စစ်တပ်ကတင်မြှောက်ထားတဲ့ ဒု သမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတ အဖြစ် အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပေးခဲ့တာဖြစ်ပါတယ်။

ဒါကို ပြည်တွင်းပြည်ပက အာဏာသိမ်းမှုလို့ရှုမြင်ပြီး စစ်တပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းတယ်လို့ ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
ပုံစာ – ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ခေါ်ခဲ့တဲ့ ကာလုံအစည်းအဝေး
ဓာတ်ပုံ – cincds

Zawgyi

ကာလုံေခၚၿပီး ေနာက္ထပ္ ေျခာက္လ အာဏာဆက္ယူဖို႔ စစ္ေကာင္စီျပင္ဆင္

ဇန္နဝါရီလကုန္မွာ တစ္ႏွစ္သက္တမ္းျပည့္မယ့္ အေရးေပၚအေျခအေနေၾကညာခ်က္ကို အမ်ိဳးသားကာကြယ္ေရးနဲ႔လုံျခဳံေရးေကာင္စီ ကို တင္ျပၿပီး သက္တမ္းတိုးမယ္လို႔ ဒီကေန႔ျပဳလုပ္တဲ့ သတင္းစာ႐ွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

‘’ကာလုံ ကို အေျခအေနတင္ျပၿပီး သက္တမ္းတိုးႏိုင္ဖို႔ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္’’ လို႔ သူက ေျပာပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အေရးေပၚအေျခအေနေၾကညာခ်က္ကို သမၼတက ကာလုံနဲ႔ ညႇိႏိႈင္းၿပီး ေနာက္ထပ္ ေျခာက္လ ႏွစ္ႀကိမ္ သက္တမ္းတိုးခြင့္႐ွိေနေသးတာျဖစ္ပါတယ္။

၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္မွာ သမၼတ ဦးဝင္းျမင့္ကို ဖမ္းဆီးၿပီး စစ္တပ္ကတင္ေျမႇာက္ထားတဲ့ ဒု သမၼတ ဦးျမင့္ေဆြက ယာယီသမၼတ အျဖစ္ အေရးေပၚအေျခအေန တစ္ႏွစ္ ေၾကညာၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို အာဏာလႊဲေပးခဲ့တာျဖစ္ပါတယ္။

ဒါကို ျပည္တြင္းျပည္ပက အာဏာသိမ္းမႈလို႔႐ႈျမင္ၿပီး စစ္တပ္ကေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အာဏာထိန္းတယ္လို႔ ေျပာပါတယ္။

ဘီဘီစီျမန္မာပိုင္း
ပုံစာ – ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္က ေခၚခဲ့တဲ့ ကာလုံအစည္းအေဝး
ဓာတ္ပုံ – cincds