Local News

တီးတိန်၊ ထေးဇန်ကျေးရွာရှိ နိုင်ငံတော်ပိုင် ဝန်ထမ်းအိမ်ရာမှ အိမ် ၃ လုံးနှင့် ဂိုဒေါင် ၁ လုံးကို ရွာသားများနေအိမ်ဟု ထင်မှတ်ပြီး စစ်တပ်က မီးရှို့ ဖျက်ဆီး

တီးတိန်၊ ထေးဇန်ကျေးရွာရှိ နိုင်ငံတော်ပိုင် ဝန်ထမ်းအိမ်ရာမှ အိမ် ၃ လုံးနှင့် ဂိုဒေါင် ၁ လုံးကို ရွာသားများနေအိမ်ဟု ထင်မှတ်ပြီး စစ်တပ်က မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထေးဇန်ကျေးရွာရှိ နိုင်ငံတော်ပိုင် ဝန်ထမ်းအိမ်ရာမှ အိမ် ၃ လုံးနှင့် ဂိုဒေါင် ၁ လုံးကို ရွာသားများနေအိမ်ဟုထင်မှတ်ပြီး စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မီးရှို့ခံရသော နေအဆောက်အဦးများသည် နိုင်ငံတော်ပိုင်ကော်ဖီခြံ ဝန်ထမ်းများ၏ နေအိမ်များနှင့် ဂိုထောင် ၁ လုံးဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

“အဲဒီအိမ်တွေရဲ့ အနောက်ကပ်လျက်မှာ အစိုးရကော်ဖီခြံရှိပါတယ်။ အဲဒီနိုင်ငံပိုင်ကော်ဖီခြံက ဝန်ထမ်းနေအိမ်(၃)လုံးနဲ့ ဂိုဒေါင်တစ်လုံးကိုလည်း ရွာသားနေအိမ်မှတ်ပြီ မီးရှို့သွားပါတယ်။” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ချင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခုလို မီးရှို့ဖျက်ဆီးခြင်းသည် မှားယွင်းမီးရှို့ခြင်းလော ရည်ရွယ်ချက်ရှိသည်လော ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားရာနှင့် အနီးတဝိုက်တွင် ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းများ နိုင်ငံအနှံ့တွင် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးတင်ရှို့သွားသော နိုင်ငံတော်ပိုင်ကော်ဖီခြံမှ ဝန်ထမ်းနေအိမ် ၁ လုံး

Zawgyi

တီးတိန္၊ ေထးဇန္ေက်း႐ြာ႐ွိ ႏိုင္ငံေတာ္ပိုင္ ဝန္ထမ္းအိမ္ရာမွ အိမ္ ၃ လုံးႏွင့္ ဂိုေဒါင္ ၁ လုံးကို ႐ြာသားမ်ားေနအိမ္ဟု ထင္မွတ္ၿပီး စစ္တပ္က မီး႐ိႈ႕ ဖ်က္ဆီး

ရန္ကုန္၊ ဇန္နဝါရီ ၁၄

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ ေထးဇန္ေက်း႐ြာ႐ွိ ႏိုင္ငံေတာ္ပိုင္ ဝန္ထမ္းအိမ္ရာမွ အိမ္ ၃ လုံးႏွင့္ ဂိုေဒါင္ ၁ လုံးကို ႐ြာသားမ်ားေနအိမ္ဟုထင္မွတ္ၿပီး စစ္တပ္က မီး႐ိႈ႕ဖ်က္ဆီးသြားေၾကာင္း‌ ေဒသခံမ်ားထံမွ သိ႐ွိရသည္။

ဇန္နဝါရီလ ၁၃ ရက္ေန႔ မီး႐ိႈ႕ခံရေသာ ေနအေဆာက္အဦးမ်ားသည္ ႏိုင္ငံေတာ္ပိုင္ေကာ္ဖီျခံ ဝန္ထမ္းမ်ား၏ ေနအိမ္မ်ားႏွင့္ ဂိုေထာင္ ၁ လုံးျဖစ္ေၾကာင္း ေဒသသတင္းရင္းျမစ္က ေျပာသည္။

“အဲဒီအိမ္ေတြရဲ႕ အေနာက္ကပ္လ်က္မွာ အစိုးရေကာ္ဖီျခံ႐ွိပါတယ္။ အဲဒီႏိုင္ငံပိုင္ေကာ္ဖီျခံက ဝန္ထမ္းေနအိမ္(၃)လုံးနဲ႔ ဂိုေဒါင္တစ္လုံးကိုလည္း ႐ြာသားေနအိမ္မွတ္ၿပီ မီး႐ိႈ႕သြားပါတယ္။” ဟု ေဒသသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

အဆိုပါေဒသတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ေဒသကာကြယ္ေရး ခ်င္းတပ္ဖြဲ႕မ်ား တိုက္ပြဲျဖစ္ပြားခဲ့ဖူးၿပီး ယခုလို မီး႐ိႈ႕ဖ်က္ဆီးျခင္းသည္ မွားယြင္းမီး႐ိႈ႕ျခင္းေလာ ရည္႐ြယ္ခ်က္႐ွိသည္ေလာ ရန္ကုန္ေခတ္သစ္အေနျဖင့္ သီးျခားအတည္မျပဳႏိုင္ေသးေပ။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ တိုက္ပြဲျဖစ္ပြားရာႏွင့္ အနီးတဝိုက္တြင္ ေဒသခံေနအိမ္မ်ားကို မီး႐ိႈ႕ဖ်က္ဆီးခဲ့ျခင္းမ်ား ႏိုင္ငံအႏွံ႔တြင္ လုပ္ေဆာင္လ်က္႐ွိေၾကာင္း သိ႐ွိရသည္။

ဓါတ္ပုံ – အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား မီးတင္႐ိႈ႕သြားေသာ ႏိုင္ငံေတာ္ပိုင္ေကာ္ဖီျခံမွ ဝန္ထမ္းေနအိမ္ ၁ လုံး

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.