Local News

မင်းတုန်းတွင် စစ်တပ်က ကျေးရွာတစ်ရွာလျှင် လူ ၃ဝဦးပေးဆောင်ရန်နှင့် မပေးဆောင်နိုင်လျှင် ငွေကျပ် သိန်း ၃ဝ ပေးရန် လိုက်လံ ခြိမ်းခြောက်နေ

မင်းတုန်းတွင် စစ်တပ်က ကျေးရွာတစ်ရွာလျှင် လူ ၃ဝဦးပေးဆောင်ရန်နှင့် မပေးဆောင်နိုင်လျှင် ငွေကျပ် သိန်း ၃ဝ ပေးရန် လိုက်လံ ခြိမ်းခြောက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ မင်္ဂလာဦး ၊ ပေါက်ကိုင်း ၊ ယောကျေးရွာ၊ သမ္ဘူလ၊ အလယ်ချောင်း စသည့်ကျေးရွာများတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက

ကျေးရွာတစ်ရွာလျှင် လူ ၃ဝဦးပေးဆောင်ရန်နှင့် မပေးဆောင်နိုင်လျှင် ငွေကျပ် သိန်း ၃ဝ ပေးရန် လိုက်လံ ခြိမ်းခြောက်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဇန်နဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် ယင်းကျေးရွာ ၅ရွာကို သွားရောက်ကာ ဒေသခံပြည်သူများကို ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကာ မည်သည့်အတွက်ကြောင့် လူတောင်းသည်ကို ပြောဆိုခြင်းမရှိကြောင်း သိရသည်။

“ကျွန်တော်တို့ မင်းတုန်းမြို့နယ်ထဲက ကျေးရွာ တွေကို စစ်သားတွေက ရွာတစ်ရွာကို လူအယောက်၃၀ဆယ်နှုန်းနဲ့ ပေးဖို့ ပေါ်ပေါ်တင်တင်တောင်းနေပါတယ်။ မပေးနိုင်တဲ့ရွာတွေကို ငွေသိန်း၃၀တောင်းပါတယ်။

တောင်းခံရတဲ့ ရွာနာမည်တွေက မဂ်လာဦး ၊ ပေါက်ကိုင်း ၊ ယောကျေးရွာ၊ သမ္ဘူလ၊ အလယ်ချောင်းရွာတွေပါ။ ကျန်တဲ့ရွာတွေကတော့ အခြေနေမသိရသေးပါဘူး
၇ရက်၈ရက်နေ့လောက်က ရွာတွေကို

စစ်သားတွေရောက်လာပြီး ကျေးရွာမှာရှိတဲ့ အကြီးပိုင်းတွေကို လာပြောသွားတာလို့ သိရတယ်။ ဘာအတွက်တောင်းတယ်ဆိုတာကို မပြောဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – AFP

Zawgyi

မင္းတုန္းတြင္ စစ္တပ္က ေက်း႐ြာတစ္႐ြာလွ်င္ လူ ၃ဝဦးေပးေဆာင္ရန္ႏွင့္ မေပးေဆာင္ႏိုင္လွ်င္ ေငြက်ပ္ သိန္း ၃ဝ ေပးရန္ လိုက္လံ ၿခိမ္းေျခာက္ေန

ရန္ကုန္၊ ဇန္နဝါရီ ၁၄

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ မင္းတုန္းၿမိဳ႕နယ္အတြင္း႐ွိ မဂၤလာဦး ၊ ေပါက္ကိုင္း ၊ ေယာေက်း႐ြာ၊ သမ႓ဴလ၊ အလယ္ေခ်ာင္း စသည့္ေက်း႐ြာမ်ားတြင္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက

ေက်း႐ြာတစ္႐ြာလွ်င္ လူ ၃ဝဦးေပးေဆာင္ရန္ႏွင့္ မေပးေဆာင္ႏိုင္လွ်င္ ေငြက်ပ္ သိန္း ၃ဝ ေပးရန္ လိုက္လံ ၿခိမ္းေျခာက္ေနေၾကာင္း ေဒသခံျပည္သူမ်ားက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။

အဆိုပါ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားသည္ ဇန္နဝါရီလ ၇ရက္ႏွင့္ ၈ရက္ေန႔တို႔တြင္ ယင္းေက်း႐ြာ ၅႐ြာကို သြားေရာက္ကာ ေဒသခံျပည္သူမ်ားကို ၿခိမ္းေျခာက္ေျပာဆိုခဲ့ျခင္းျဖစ္ကာ မည္သည့္အတြက္ေၾကာင့္ လူေတာင္းသည္ကို ေျပာဆိုျခင္းမ႐ွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ မင္းတုန္းၿမိဳ႕နယ္ထဲက ေက်း႐ြာ ေတြကို စစ္သားေတြက ႐ြာတစ္႐ြာကို လူအေယာက္၃၀ဆယ္ႏႈန္းနဲ႔ ေပးဖို႔ ေပၚေပၚတင္တင္ေတာင္းေနပါတယ္။ မေပးႏိုင္တဲ့႐ြာေတြကို ေငြသိန္း၃၀ေတာင္းပါတယ္။

ေတာင္းခံရတဲ့ ႐ြာနာမည္ေတြက မဂ္လာဦး ၊ ေပါက္ကိုင္း ၊ ေယာေက်း႐ြာ၊ သမ႓ဴလ၊ အလယ္ေခ်ာင္း႐ြာေတြပါ။ က်န္တဲ့႐ြာေတြကေတာ့ အေျခေနမသိရေသးပါဘူး
၇ရက္၈ရက္ေန႔ေလာက္က ႐ြာေတြကို

စစ္သားေတြေရာက္လာၿပီး ေက်း႐ြာမွာ႐ွိတဲ့ အႀကီးပိုင္းေတြကို လာေျပာသြားတာလို႔ သိရတယ္။ ဘာအတြက္ေတာင္းတယ္ဆိုတာကို မေျပာဘူး” ဟု ေဒသခံျပည္သူ တစ္ဦးကေျပာဆိုသည္။

Photo – AFP

About the author

admin

Add Comment

Click here to post a comment