Local News

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ် ကောင်စီ တရားရုံးကအမှုဆင်တရားစွဲဆိုမှု အမိန့်ချရက် ဒီဇင်ဘာ ၆ ရက်ပြောင်းရွှေ့

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖက်ဆစ် စစ် တရားရုံးကအမှုဆင်တရားစွဲဆိုမှု အမိန့်ချရက် ဒီဇင်ဘာ ၆ ရက်ပြောင်းရွှေ့

ရန်ကုန်၊ နိုဝင်ဘာ ၃၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖက်ဆစ် စစ် တရားရုံးက ပုဒ်မ ၅၀၅ ဖြင့်အကြမ်းဖက်စစ်ကောင်စီက အမှုဆင် တရားစွဲဆိုထားမှု

အမိန့်ချရက်ကို ဒီဇင်ဘာလ ၆ ရက်နေ့သို့ပြောင်းရွှေ့ လိုက်ကြောင်း တရားရုံးသတင်းရပ်ကွက်မှ ပြောသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာပုဒ်မဖြင့် စွဲဆိုထားသော အမှုအတွက် သက် သေ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို

ကျန်းမာရေး ကောင်း မွန်လာပြီဖြစ်၍ ဆင့်ခေါ်ရန် ရှေ့နေများက တင်ပြရာ စစ်ကောင်စီခန့်ထားသောတရားသူကြီး ဒီဇင်ဘာ ၆ ရက်နေ့တွင် ဆုံးဖြတ်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားခေါင်း ဆောင်များကို မတရားဖမ်းဆီးပြီး နိုင်ငံတော်အာဏာကို

အကြမ်းဖက် နည်းလမ်းဖြင့် လုယူပြီး ပြည်သူပေါင်း ၁၅၀၀ နီးပါးကိုသတ်ဖြတ်ကာ သောင်းချီ၍ ထောင်သွင်းအကျဉ်းချထား သည်။

Photo – AP

Zawgyi


ရန်ကုန်၊ နိုဝင်ဘာ ၃၀







Photo – AP

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.