Local News

နှစ်ပတ်အတွင်း ငွေတိုက်စာချုပ်ရောင်းရငွေ ဒေါ်လာ ၃ ဒသမ၆သန်းခန့်ရရှိ

နှစ်ပတ်အတွင်း ငွေတိုက်စာချုပ်ရောင်းရငွေ ဒေါ်လာ ၃ ဒသမ၆သန်းခန့်ရရှိ

နှစ်ပတ်အတွင်း ငွေတိုက်စာချုပ်ရောင်းရငွေ အ​မေရိကန် ဒေါ်လာ ၃ ဒသမ ၆သန်းခန့်ရောင်းချနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ် နှံမှုဝန်ကြီးဌာနက ယနေ့(ဇန်နဝါရီ ၁၅ ရက်) တွင် ကြေညာသည်။

“ကျွန်​တော်တို့ ငွေတိုက်စာချုပ်တွေကို အခု ပြန်ရောင်းနေတာ ၂ ပတ် ရှိသွားပါပြီ။ (အခြေအနေအရ) အရင်လို အုတ်အော်သောင်းနင်း ကြော်ငြာပြီး မရောင်းပေမယ့် ၂ ပတ်အတွင်းမှာ ဒေါ်လာ ၃.၆ သန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်”ဟု NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

၎င်းက ဆက်လက်၍ “ပြည်သူတွေ အားထည့်ဝယ်ယူထားတဲ့ တစ်ကျပ်တစ်ပြားကစလို့ လုံးဝ အလဟသမဖြစ်သလို အလေလွင့်အဆုံးအရှုံးလည်း မရှိဘူးဆိုတာကို တော်လှန်ရေးသစ္စာနဲ့ ကျွန်​တော်တို့လုံးဝ တာဝန်ယူ၊တာဝန်ခံပါတယ်”ဟု ကတိပြုသည်။

ငွေတိုက်စာချုပ်မှတစ်ဆင့်ရရှိငွေများသည် ယခင်ကထက် ပိုမိုထိရောက်သော တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်လျက်ရှိနေပြီဟုလည်း ကြေညာချက်ကဆိုသည်။

လက်ရှိအခြေအနေအရ ပွင့်လင်းမြင်သာစွာ အသိပေးချပြနိုင်ခြင် မရှိနိုင်သေးသည်ကိုနားလည်ခွင့်လွှတ်ပေးရန်လည်း NUG က မေတ္တာရပ်ခံသည်။

နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ်မှတစ်ဆင့် ဒေါ်လာတစ်ဘီလီယံဖိုးရောင်းချနိုင်ရန် NUG ကစီစဥ်ထားခဲ့ပြီးနောက် နိုဝင်ဘာ ၂၂ ရက်ကစတင်ရောင်းချရာ တစ်ပတ်အတွင် ဒေါ်လာ ၁၅ သန်းရရှိခဲ့သည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီဘက်၏ အနှောက်အယှက်များကြောင့် ငွေတိုက်စာချုပ်ရောင်းချမှုကို ဒီဇင်ဘာလကုန်အထိ ခေတ္တရပ်ဆိုင်းခဲ့ရသည်။

ထို့နောက် ပြည်ပ နိုင်ငံများတွင်သာမက ပြည်တွင်း၌ပါ KIO၏ ငွေကြေးပို့ဆောင်ရေးစနစ်မှတစ်ဆင့် ဝယ်ယူနိုင်အောင်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၂ ဇန်နဝါရီ ၁ တွင် ပြန်လည်ရောင်းချခဲ့သည်။

Zawgyi

ႏွစ္ပတ္အတြင္း ေငြတိုက္စာခ်ဳပ္ေရာင္းရေငြ ေဒၚလာ ၃ ဒသမ၆သန္းခန္႔ရ႐ွိ

ႏွစ္ပတ္အတြင္း ေငြတိုက္စာခ်ဳပ္ေရာင္းရေငြ အ​ေမရိကန္ ေဒၚလာ ၃ ဒသမ ၆သန္းခန္႔ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇဳပ္ ႏွံမႈဝန္ႀကီးဌာနက ယေန႔(ဇန္နဝါရီ ၁၅ ရက္) တြင္ ေၾကညာသည္။

“ကြၽန္​ေတာ္တို႔ ေငြတိုက္စာခ်ဳပ္ေတြကို အခု ျပန္ေရာင္းေနတာ ၂ ပတ္ ႐ွိသြားပါၿပီ။ (အေျခအေနအရ) အရင္လို အုတ္ေအာ္ေသာင္းနင္း ေၾကာ္ျငာၿပီး မေရာင္းေပမယ့္ ၂ ပတ္အတြင္းမွာ ေဒၚလာ ၃.၆ သန္းနီးပါး ေရာင္းခ်ႏိုင္ခဲ့ပါတယ္”ဟု NUG ဝန္ႀကီး ဦးတင္ထြန္းႏိုင္က ေျပာသည္။

၎က ဆက္လက္၍ “ျပည္သူေတြ အားထည့္ဝယ္ယူထားတဲ့ တစ္က်ပ္တစ္ျပားကစလို႔ လုံးဝ အလဟသမျဖစ္သလို အေလလြင့္အဆုံးအ႐ႈံးလည္း မ႐ွိဘူးဆိုတာကို ေတာ္လွန္ေရးသစၥာနဲ႔ ကြၽန္​ေတာ္တို႔လုံးဝ တာဝန္ယူ၊တာဝန္ခံပါတယ္”ဟု ကတိျပဳသည္။

ေငြတိုက္စာခ်ဳပ္မွတစ္ဆင့္ရ႐ွိေငြမ်ားသည္ ယခင္ကထက္ ပိုမိုထိေရာက္ေသာ ေတာ္လွန္ေရးလိုအပ္ခ်က္ကို ျဖည့္ဆည္းေပး ႏိုင္လ်က္႐ွိေနၿပီဟုလည္း ေၾကညာခ်က္ကဆိုသည္။

လက္႐ွိအေျခအေနအရ ပြင့္လင္းျမင္သာစြာ အသိေပးခ်ျပႏိုင္ျခင္ မ႐ွိႏိုင္ေသးသည္ကိုနားလည္ခြင့္လႊတ္ေပးရန္လည္း NUG က ေမတၱာရပ္ခံသည္။

ေႏြဦးေတာ္လွန္ေရးအတြက္ ေငြတိုက္စာခ်ဳပ္မွတစ္ဆင့္ ေဒၚလာတစ္ဘီလီယံဖိုးေရာင္းခ်ႏိုင္ရန္ NUG ကစီစဥ္ထားခဲ့ၿပီးေနာက္ ႏိုဝင္ဘာ ၂၂ ရက္ကစတင္ေရာင္းခ်ရာ တစ္ပတ္အတြင္ ေဒၚလာ ၁၅ သန္းရ႐ွိခဲ့သည္။

သို႔ေသာ္ အၾကမ္းဖက္စစ္ေကာင္စီဘက္၏ အေႏွာက္အယွက္မ်ားေၾကာင့္ ေငြတိုက္စာခ်ဳပ္ေရာင္းခ်မႈကို ဒီဇင္ဘာလကုန္အထိ ေခတၱရပ္ဆိုင္းခဲ့ရသည္။

ထို႔ေနာက္ ျပည္ပ ႏိုင္ငံမ်ားတြင္သာမက ျပည္တြင္း၌ပါ KIO၏ ေငြေၾကးပို႔ေဆာင္ေရးစနစ္မွတစ္ဆင့္ ဝယ္ယူႏိုင္ေအာင္ေဆာင္႐ြက္ခဲ့ၿပီးေနာက္ ၂၀၂၂ ဇန္နဝါရီ ၁ တြင္ ျပန္လည္ေရာင္းခ်ခဲ့သည္။

About the author

admin

Add Comment

Click here to post a comment