Local News

စစ်​ကောင်စီထုတ်ကုန် ဒဂုံဘီယာဖာ ၅၀၀ခန့် တန့်ဆည် (ပကဖ) ဖျက်ဆီး( ရုပ်/သံ)

စစ်​ကောင်စီထုတ်ကုန် ဒဂုံဘီယာဖာ ၅၀၀ခန့် တန့်ဆည် (ပကဖ) ဖျက်ဆီး
အောက်တွင် ရုပ်/သံပါဝင်သည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် ကုန်တင်ကားဖြင့် သယ်ဆောင်လာသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့၏ ထုတ်ကုန် ဒဂုံဘီယာဖာ ၅၀၀ခန့်ကို တန့်ဆည်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပကဖ) ဖမ်းမိ ဖျက်ဆီးခဲ့သည်။

ဇန်နဝါရီ ၁၄ ရက် ည ၇နာရီ ခွဲခန့်က ခရီးမသွားလာရသတ်မှတ်ချိန် ကျော်လွန်၍ မောင်းနင်လာသည့် ကုန်တင်ကားကို တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တားဆီးစစ်ဆေးရာမှ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ခွေးတွေရဲ့ ထောက်ခံချက်နဲ့ သယ်လာတာပါ။ဒဂုံဘီယာ ဖာ ၅၀၀ ပါ”ဟု တန့်ဆည် ပ.က.ဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒဂုံဘီယာဖာ ၅၀၀ကို တင်ဆောင်လာသည်ယာဥ် ဖြင့်ပင် ကြိတ်၍ ဖျက်ဆီးခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း၌ အကြမ်းဖက်စစ်​ကောင်စီ ထုတ်ကုန် မှန်သမျှ ရောင်းဝယ်၊သယ်ယူ၊ဖောက်ကားခြင်း မပြုလုပ်ရန် မြို့နယ်အသီးသီး ရှိ ပြည်သူတပ်ဖွဲ့များက အကြိမ်ကြိမ် သတိပေးမှုများ ပြုလုပ်ထားသည်။

Zawgyi

စစ္​ေကာင္စီထုတ္ကုန္ ဒဂုံဘီယာဖာ ၅၀၀ခန္႔ တန္႔ဆည္ (ပကဖ) ဖ်က္ဆီး
ေအာက္တြင္ ႐ုပ္/သံပါဝင္သည္။

စစ္ကိုင္းတိုင္း တန္႔ဆည္ၿမိဳ႕တြင္ ကုန္တင္ကားျဖင့္ သယ္ေဆာင္လာေသာ အၾကမ္းဖက္စစ္ေကာင္စီအဖြဲ႕၏ ထုတ္ကုန္ ဒဂုံဘီယာဖာ ၅၀၀ခန္႔ကို တန္႔ဆည္ျပည္သူ႕ကာကြယ္​ေရးအဖြဲ႕(ပကဖ) ဖမ္းမိ ဖ်က္ဆီးခဲ့သည္။

ဇန္နဝါရီ ၁၄ ရက္ ည ၇နာရီ ခြဲခန္႔က ခရီးမသြားလာရသတ္မွတ္ခ်ိန္ ေက်ာ္လြန္၍ ေမာင္းနင္လာသည့္ ကုန္တင္ကားကို တန္႔ဆည္ျပည္သူ႕ကာကြယ္ေရးအဖြဲ႕(ပကဖ)က တားဆီးစစ္ေဆးရာမွ စစ္ေဆးေတြ႕႐ွိခဲ့ျခင္း ျဖစ္သည္။

“ေခြးေတြရဲ႕ ေထာက္ခံခ်က္နဲ႔ သယ္လာတာပါ။ဒဂုံဘီယာ ဖာ ၅၀၀ ပါ”ဟု တန္႔ဆည္ ပ.က.ဖ တာဝန္႐ွိသူ တစ္ဦးက ေျပာသည္။

ဒဂုံဘီယာဖာ ၅၀၀ကို တင္ေဆာင္လာသည္ယာဥ္ ျဖင့္ပင္ ႀကိတ္၍ ဖ်က္ဆီးခဲ့သည္။

စစ္ကိုင္းတိုင္းအတြင္း၌ အၾကမ္းဖက္စစ္​ေကာင္စီ ထုတ္ကုန္ မွန္သမွ် ေရာင္းဝယ္၊သယ္ယူ၊ေဖာက္ကားျခင္း မျပဳလုပ္ရန္ ၿမိဳ႕နယ္အသီးသီး ႐ွိ ျပည္သူတပ္ဖြဲ႕မ်ားက အႀကိမ္ႀကိမ္ သတိေပးမႈမ်ား ျပဳလုပ္ထားသည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.