Local News

ဘုံဆုံးဖြတ်ချက် ၅ရပ် တိုးတက်မှုမရှိပါက မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးများတွင် မဖိတ်ကြားရန် စင်ကာပူဝန်ကြီးချုပ်ဆန္ဒရှိ

ဘုံဆုံးဖြတ်ချက် ၅ရပ် တိုးတက်မှုမရှိပါက မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးများတွင် မဖိတ်ကြားရန် စင်ကာပူဝန်ကြီးချုပ်ဆန္ဒရှိ

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ဘုံဆုံးဖြတ် ချက် ၅ရပ်မှာ တိုးတက်မှုမရှိသေးကြောင်းနှင့် တိုးတက် မှုမရှိပါက လာမည့်အာဆီယံထိပ်သီးညီလာခံတွင် မင်းအောင်လှိုင်ကို ချန်လှပ်သည့် အာဆီယံ၏ဆုံးဖြတ်ချက်ကို ဆက်လက်ကျင့်သုံးသင့်ကြောင်း စင်ကာပူဝန်ကြီး ချုပ် လီရှန်လွန်းက ပြောကြားသည်။

စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်တို့သည် ဇန်နဝါရီ ၁၄ရက်တွင် အွန်လိုင်းကတစ်ဆင့် ဆွေးနွေးခဲ့ပြီး မြန်မာ့အရေးကို ထည့် သွင်းပြောကြားခြင်းဖြစ် သည်။

“ဘုံဆုံးဖြတ်ချက် ၅ရပ်အကောင်အထည်ဖော်မှု တိုးတက်မှုမရှိမချင်း အာဆီယံအစည်းအဝေးတွေကို မြန်မာနိုင်ငံက non-political representative ဖိတ်ကြားဖို့ (၃၈) ကြိမ် နဲ့ (၃၉) ကြိမ်ညီလာခံတွေမှာ ဆုံးဖြတ်ချက်ခဲ့တဲ့အတိုင်း

အာဆီယံက ထိန်းသိမ်းထားသင့်တယ်ဆိုတဲ့ အမြင်ကို ဝန်ကြီးချုပ်လီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၁၅ ရက်)ထုတ်ပြန်သည်။

အထက်ပါတွေ့ဆုံမှုတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းတို့၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် အာဆီယံအလှည့်ကျဥက္ကဌအနေဖြင့် လုပ်ဆောင်မည့် အစီအစဉ်များကို စင်ကာပူဝန် ကြီးချုပ်ကို ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကမ္ဘောဒီးယားသည် ယခုနှစ် အာဆီယံ၏အလှည့်ကျဥက္ကဌဖြစ်ပြီး ဝန်ကြီးချုပ်ဟွန်ဆန်က ဇန်နဝါရီ ၇ရက်နှင့် ၈ ရက်တို့တွင် နေပြည်တော်သို့လာရောက်ကာ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုကို မြန်မာပြည်သူများနှင့် ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက် ထားပြီး အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်ပေးရန် ဟွန်ဆန်က ကြိုးပမ်းနေသည်ဟု သုံးသပ်ကြသည်။

ဟွန်ဆန်ကိုယ်တိုင်ကလည်း မင်းအောင်လှိုင်အနေဖြင့် အာဆီယံထိပ်သီးညီလာခံသို့ ပြန်လည်တက် ရောက်ခွင့်ရသင့်ကြောင်း၊ အာဆီယံမိသားစုနိုင်ငံ တစ်နိုင်ငံကို ဘေးဖယ်မထားသင့်ကြောင်း ပြောဆိုထားသည်။

သို့သော် ဟွန်ဆန်၏နေပြည်တော်ခရီးစဉ်မတိုင်မီ အင်ဒိုနီးရှားသမ္မတက အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့ရာ ဘုံဆုံးဖြတ်ချက် ၅ရပ်ကို အကောင်အထည်ဖော်မှုသိသာထင်ရှားသည့်တိုးတက်မှုမရှိပါက အာဆီယံအစည်းအဝေးများတွင် မြန်မာသည် နိုင်ငံရေးနှင့်သက်ဆိုင်ခြင်းမရှိသူ(non-political) အဆင့်သာ ကိုယ်စားပြုခွင့်ရရှိမည်ဟု ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ နေပြည်တော်ခရီးစဉ်သည် တစ်ဦးတည်းဆန္ဒဖြင့်သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ပြီး ခရီးစဉ်မတိုင်ခင် အာဆီယံခေါင်းဆောင်များ၏ အကြံ ပြုချက်ရယူသင့်ကြောင်း ယမန်နေ့က သတင်းထောက်များကို ပြောသည်။

ဓာတ်ပုံ – CNA

Zawgyi

ဘုံဆုံးျဖတ္ခ်က္ ၅ရပ္ တိုးတက္မႈမ႐ွိပါက မင္းေအာင္လိႈင္ကို အာဆီယံအစည္းအေဝးမ်ားတြင္ မဖိတ္ၾကားရန္ စင္ကာပူဝန္ႀကီးခ်ဳပ္ဆႏၵ႐ွိ

ျမန္မာ့အေရးႏွင့္ပတ္သက္၍ အာဆီယံ၏ဘုံဆုံးျဖတ္ ခ်က္ ၅ရပ္မွာ တိုးတက္မႈမ႐ွိေသးေၾကာင္းႏွင့္ တိုးတက္ မႈမ႐ွိပါက လာမည့္အာဆီယံထိပ္သီးညီလာခံတြင္ မင္းေအာင္လိႈင္ကို ခ်န္လွပ္သည့္ အာဆီယံ၏ဆုံးျဖတ္ခ်က္ကို ဆက္လက္က်င့္သုံးသင့္ေၾကာင္း စင္ကာပူဝန္ႀကီး ခ်ဳပ္ လီ႐ွန္လြန္းက ေျပာၾကားသည္။

စင္ကာပူဝန္ႀကီးခ်ဳပ္လီ႐ွန္လြန္းႏွင့္ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္တို႔သည္ ဇန္နဝါရီ ၁၄ရက္တြင္ အြန္လိုင္းကတစ္ဆင့္ ေဆြးေႏြးခဲ့ၿပီး ျမန္မာ့အေရးကို ထည့္ သြင္းေျပာၾကားျခင္းျဖစ္ သည္။

“ဘုံဆုံးျဖတ္ခ်က္ ၅ရပ္အေကာင္အထည္ေဖာ္မႈ တိုးတက္မႈမ႐ွိမခ်င္း အာဆီယံအစည္းအေဝးေတြကို ျမန္မာႏိုင္ငံက non-political representative ဖိတ္ၾကားဖို႔ (၃၈) ႀကိမ္ နဲ႔ (၃၉) ႀကိမ္ညီလာခံေတြမွာ ဆုံးျဖတ္ခ်က္ခဲ့တဲ့အတိုင္း

အာဆီယံက ထိန္းသိမ္းထားသင့္တယ္ဆိုတဲ့ အျမင္ကို ဝန္ႀကီးခ်ဳပ္လီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္” ဟု စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယေန႔ (ဇန္နဝါရီ ၁၅ ရက္)ထုတ္ျပန္သည္။

အထက္ပါေတြ႕ဆုံမႈတြင္ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ၎တို႔၏ ဦးစားေပးလုပ္ငန္းစဥ္မ်ားႏွင့္ အာဆီယံအလွည့္က်ဥကၠဌအေနျဖင့္ လုပ္ေဆာင္မည့္ အစီအစဥ္မ်ားကို စင္ကာပူဝန္ ႀကီးခ်ဳပ္ကို ႐ွင္းလင္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

ကေမ႓ာဒီးယားသည္ ယခုႏွစ္ အာဆီယံ၏အလွည့္က်ဥကၠဌျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ဇန္နဝါရီ ၇ရက္ႏွင့္ ၈ ရက္တို႔တြင္ ေနျပည္ေတာ္သို႔လာေရာက္ကာ အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လိႈင္ႏွင့္ေတြ႕ဆုံခဲ့သည္။

အဆိုပါေတြ႕ဆုံမႈကို ျမန္မာျပည္သူမ်ားႏွင့္ ေဒသတြင္းအရပ္ဘက္အဖြဲ႕အစည္းမ်ားက ကန္႔ကြက္ ထားၿပီး အၾကမ္းဖက္စစ္ေကာင္စီကို အာဆီယံအစည္းအေဝးမ်ားသို႔ တက္ေရာက္ခြင့္ေပးရန္ ဟြန္ဆန္က ႀကိဳးပမ္းေနသည္ဟု သုံးသပ္ၾကသည္။

ဟြန္ဆန္ကိုယ္တိုင္ကလည္း မင္းေအာင္လိႈင္အေနျဖင့္ အာဆီယံထိပ္သီးညီလာခံသို႔ ျပန္လည္တက္ ေရာက္ခြင့္ရသင့္ေၾကာင္း၊ အာဆီယံမိသားစုႏိုင္ငံ တစ္ႏိုင္ငံကို ေဘးဖယ္မထားသင့္ေၾကာင္း ေျပာဆိုထားသည္။

သို႔ေသာ္ ဟြန္ဆန္၏ေနျပည္ေတာ္ခရီးစဥ္မတိုင္မီ အင္ဒိုနီး႐ွားသမၼတက အြန္လိုင္းမွတဆင့္ေတြ႕ဆုံခဲ့ရာ ဘုံဆုံးျဖတ္ခ်က္ ၅ရပ္ကို အေကာင္အထည္ေဖာ္မႈသိသာထင္႐ွားသည့္တိုးတက္မႈမ႐ွိပါက အာဆီယံအစည္းအေဝးမ်ားတြင္ ျမန္မာသည္ ႏိုင္ငံေရးႏွင့္သက္ဆိုင္ျခင္းမ႐ွိသူ(non-political) အဆင့္သာ ကိုယ္စားျပဳခြင့္ရ႐ွိမည္ဟု ေျပာၾကားခဲ့သည္။

မေလး႐ွားႏိုင္ငံျခားေရးဝန္ႀကီးကလည္း ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္၏ ေနျပည္ေတာ္ခရီးစဥ္သည္ တစ္ဦးတည္းဆႏၵျဖင့္သြားေရာက္ခဲ့ျခင္းျဖစ္သည္ဟု ေဝဖန္ခဲ့ၿပီး ခရီးစဥ္မတိုင္ခင္ အာဆီယံေခါင္းေဆာင္မ်ား၏ အၾကံ ျပဳခ်က္ရယူသင့္ေၾကာင္း ယမန္ေန႔က သတင္းေထာက္မ်ားကို ေျပာသည္။

ဓာတ္ပုံ – CNA

About the author

admin

Add Comment

Click here to post a comment