Local News

မုံရွာတွင် စစ်လက်နက်ပစ္စည်းများ နှင့် ရိက္ခာများ သယ်လာသော စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

မုံရွာတွင် စစ်လက်နက်ပစ္စည်းများ နှင့် ရိက္ခာများ သယ်လာသော စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂

မန္တလေးဘက် မှ မုံရွာ သို့လာသည့် စစ်ကောင်စီ၏ စစ်လက်နက် ပစ္စည်းများနှင့် ရိက္ခာများ တင်ဆောင်လာသော တွဲကား (၁၁) စီး စစ်ယာဉ်တန်းအုပ်စုကို ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် မန္တလေး-မုံရွာ လမ်းမကြီးပေါ်ရှိ

မြေနဲကျေးရွာ နှင့် မင်းရွာကျေးရွာ အကြား စွမ်းရည်ထက်ဆီဆိုင်၏ တောင်ဘက်နားတွင် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကြောင်း ဒေသ ကာကွယ် ရေးတပ်က သတင်းထုတ်ပြန်သည်။

မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီ၏ပစ္စည်းများတင်ဆောင်လာသည့် တွဲကား ၁၁ စီးအနက် ၁ စီး ထိမှန်ခဲ့​ပြီး ကားရှေ့ခေါင်းခန်းနှင့် ရှေ့ဘီးများ စုတ် ပြတ်သွားကြောင်း၊ အဆိုပါတိုက်ခံမှုကြောင့်

စစ်ကောင်စီ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သည် ထိခိုက်ဒဏ်ရာရမှု အခြေအနေ ပြင်းထန်သွား​ပြီး နံနက် ၁၁ နာရီ ၄၀ အချိန်တွင် လူနာတင်ကားဖြင့် ဒဏ်ရာရ တင်ဆောင်သွားကြောင်း၊ ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

မတော်တဆ ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ပြည်သူနှစ်ဦးအား စစ်ကောင်စီတပ် သားများက အချိန်အတော်ကြာကြာ ကြာသည်အထိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း မရှိကြောင်း၊

မိုင်းထိမှန်မှုမရှိသော ကားများအနက် ၆ စီးသည် ညနေ ၄ နာရီ ၁၀ မိနစ် အချိန်တွင် နမခသို့ဝင်သွားပြီး ကျန်ရှိသည့် ၄ စီးသည် အလုံ မင်းဒေါင့်ဆိပ်ကမ်းသို့ ရောက်ရှိသွားကြောင်း သိရှိရသည်။

တိုက်ခိုက်ခံရသည့် အဆိုပါကားပေါ်ရှိ ပစ္စည်းများအား စစ်ခွေး၊ရဲခွေး အင်အားအများပြားဖြင့် လုံခြုံရေးယူပြီး နောက်ထပ်ကားတစ်စီးဖြင့် ပစ္စည်းများ ပြောင်းယူတင်ဆောင်သွားပြီးည ၇ နာရီ ၄၀ အချိန် တွင် မုံရွာမြို့သို့ဝင်လာပြီး နမခအတွင်း ဝင်ရောက်သွားကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာMPDF နှင့် ချောင်းဦး CHU PDF ပူးတွဲလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Source . Khit Thit Media

About the author

admin

Add Comment

Click here to post a comment