Local News

“ဒေါ်အောင်ဆန်းစုကြည် အဂတိအမှု အိမ်အကူကို လိုပြသက်သေအဖြစ် စစ်ဆေး”

“ဒေါ်အောင်ဆန်းစုကြည် အဂတိအမှု အိမ်အကူကို လိုပြသက်သေအဖြစ် စစ်ဆေး”

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေနဲ့ဒေါ်လာတွေ ပေးတယ်ဆိုပြီး အဂ တိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူ ဒေါ်ဝေဝေသန်းကို စစ်ကောင်စီရဲ့ တရားလိုပြသက်သေအဖြစ် ဒီနေ့ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် ဦးဖြိုးမင်းသိန်းရဲ့ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်ကြည်နဲ့ ယာဉ်မောင်း ဦးဖြိုးကိုကိုဝင်းတို့ကိုလည်း တရားလိုပြ သက်သေတွေအဖြစ် ဆက်လက် စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

အိမ်အကူ ဒေါ်ဝေဝေသန်းကတော့ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို မိုင်းဖုန်းဆရာတော်ရဲ့ ကိုးလက္မ အရွယ်ရှိ ဗုဒ္ဓရွှေဆင်းတုတစ်ဆူကို ပေးခဲ့တဲ့ကိစ္စကိုသာ ထွက်ဆိုခဲ့ပြီး ရွှေချောင်းနဲ့ ဒေါ်လာကိစ္စကိုတော့ ထွက်ဆိုခဲ့ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ အတွင်းရေးမှူးဟောင်းနဲ့ ယာဉ်မောင်း တို့ရဲ့ ထွက်ဆိုချက်ကိုတော့ မသိရသေးပါဘူး။

အခုအမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ရုံးချိန်းရက်က ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ်က နေပြည်တော်ထိ လူကိုယ်တိုင် လာရောက်ထွက်ဆိုခဲ့ပါတယ်။

အဲဒီနေ့က ခင်ပွန်းဖြစ်သူရဲ့ တောင်းဆိုချက်အရ ရွှေ ချောင်းတွေနဲ့ အမေရိကန် ဒေါ်လာတွေကို ဒေါ်အောင်ဆန်းစုကြည်ထံပေးဖို့ သူစီစဉ်ပေးခဲ့ရတာလို့ သက်သေထွက်ဆိုခဲ့ပေမယ့် အပြန်အလှန် စစ်မေးရာမှာတော့

ရွှေနဲ့ ဒေါ်လာတွေ သွားပေးရာမှာ သူပါမသွားကြောင်းနဲ့ သွားပေးတဲ့ ရက်စွဲ အတိအကျ ကိုလည်း မမှတ်မိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

ဒီအမှုအတွက် တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို စစ်မေးခဲ့တုန်းကလည်း ဦးဖြိုးမင်းသိန်း ပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ဒေါ်လာတွေကို ဒေါ်အောင်ဆန်းစုကြည်ထံကနေ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တာ မရှိဘူးလို့ အောက်တိုဘာ ၈ ရက် ရုံးချိန်းတုန်းက ထွက်ဆို ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း “ရွှေနဲ့ ဒေါ် လာတွေကို ဦးဖြိုးမင်းသိန်းက သူ့ကိုပေးစရာ ဘာအ ကြောင်းမှမရှိဘူး၊ ယူစရာအကြောင်းလည်းမရှိဘူး၊ ဒါတွေအားလုံးဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံဖန်တီးမှုတွေသာဖြစ်တယ်” လို့ ပြီးခဲ့တဲ့အောက်တိုဘာလ ရုံးချိန်းတစ်ခုမှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူထားတဲ့ အဂတိအမှု ငါးမှုအနက် ဒီအမှု တစ်ခုတည်းကိုပဲ စစ် ဆေးခဲ့ပြီး ကျန်တဲ့အမှုတွေအားလုံးကို လာမယ့် ဒီဇင် ဘာလ ၁၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များဥပဒေ ပုဒ်မ – ၃ (၁)(ဂ)၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ တရားရင်ဆိုင်နေရပါတယ်။

လတ်တလောမှာလည်း ရွေးကောက်ပွဲ မသမာမှုအပြင် နောက်ထပ် အဂတိအမှုတစ်ခုနဲ့ ထပ်မံအရေးယူခံထားရပြီး အဲဒီအမှုတွေကတော့ တရားရုံးကို မရောက်လာသေးပါဘူး။
RFA

Zawgyi

“ေဒၚေအာင္ဆန္းစုၾကည္ အဂတိအမႈ အိမ္အကူကို လိုျပသက္ေသအျဖစ္ စစ္ေဆး”

ေဒၚေအာင္ဆန္းစုၾကည္ကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေ႐ႊနဲ႔ေဒၚလာေတြ ေပးတယ္ဆိုၿပီး အဂ တိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ စြဲဆိုထားတဲ့ အမႈနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အိမ္အကူ ေဒၚေဝေဝသန္းကို စစ္ေကာင္စီရဲ႕ တရားလိုျပသက္ေသအျဖစ္ ဒီေန႔ စစ္ေဆးခဲ့တယ္လို႔ တရား႐ုံးနဲ႔နီးစပ္သူေတြက ေျပာပါတယ္။

ဒါ့အျပင္ ဦးၿဖိဳးမင္းသိန္းရဲ႕ အတြင္းေရးမႉးေဟာင္း ဦးေမာင္ေမာင္ၾကည္နဲ႔ ယာဥ္ေမာင္း ဦးၿဖိဳးကိုကိုဝင္းတို႔ကိုလည္း တရားလိုျပ သက္ေသေတြအျဖစ္ ဆက္လက္ စစ္ေဆးခဲ့တယ္လို႔ဆိုပါတယ္။

အိမ္အကူ ေဒၚေဝေဝသန္းကေတာ့ ဦးၿဖိဳးမင္းသိန္းက ေဒၚေအာင္ဆန္းစုၾကည္ကို မိုင္းဖုန္းဆရာေတာ္ရဲ႕ ကိုးလကၼ အ႐ြယ္႐ွိ ဗုဒၶေ႐ႊဆင္းတုတစ္ဆူကို ေပးခဲ့တဲ့ကိစၥကိုသာ ထြက္ဆိုခဲ့ၿပီး ေ႐ႊေခ်ာင္းနဲ႔ ေဒၚလာကိစၥကိုေတာ့ ထြက္ဆိုခဲ့ျခင္း မ႐ွိဘူးလို႔လည္း ဆိုပါတယ္။

ဦးၿဖိဳးမင္းသိန္းရဲ႕ အတြင္းေရးမႉးေဟာင္းနဲ႔ ယာဥ္ေမာင္း တို႔ရဲ႕ ထြက္ဆိုခ်က္ကိုေတာ့ မသိရေသးပါဘူး။

အခုအမႈနဲ႔ ပတ္သက္လို႔ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၂ ရက္ေန႔ ႐ုံးခ်ိန္းရက္က ဦးၿဖိဳးမင္းသိန္းရဲ႕ ဇနီး ေဒၚခင္မိမိႂကြယ္က ေနျပည္ေတာ္ထိ လူကိုယ္တိုင္ လာေရာက္ထြက္ဆိုခဲ့ပါတယ္။

အဲဒီေန႔က ခင္ပြန္းျဖစ္သူရဲ႕ ေတာင္းဆိုခ်က္အရ ေ႐ႊ ေခ်ာင္းေတြနဲ႔ အေမရိကန္ ေဒၚလာေတြကို ေဒၚေအာင္ဆန္းစုၾကည္ထံေပးဖို႔ သူစီစဥ္ေပးခဲ့ရတာလို႔ သက္ေသထြက္ဆိုခဲ့ေပမယ့္ အျပန္အလွန္ စစ္ေမးရာမွာေတာ့

ေ႐ႊနဲ႔ ေဒၚလာေတြ သြားေပးရာမွာ သူပါမသြားေၾကာင္းနဲ႔ သြားေပးတဲ့ ရက္စြဲ အတိအက် ကိုလည္း မမွတ္မိေၾကာင္း တရား႐ုံးမွာ ထြက္ဆိုခဲ့ပါတယ္။

ဒီအမႈအတြက္ တရားလိုျဖစ္တဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မ႐ွင္ စစ္ေဆးေရးမႉး ဦးရဲထက္ကို စစ္ေမးခဲ့တုန္းကလည္း ဦးၿဖိဳးမင္းသိန္း ေပးခဲ့တယ္ဆိုတဲ့ ေ႐ႊနဲ႔ေဒၚလာေတြကို ေဒၚေအာင္ဆန္းစုၾကည္ထံကေန သက္ေသခံပစၥည္းအျဖစ္ သိမ္းဆည္းရမိခဲ့တာ မ႐ွိဘူးလို႔ ေအာက္တိုဘာ ၈ ရက္ ႐ုံးခ်ိန္းတုန္းက ထြက္ဆို ထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ကလည္း “ေ႐ႊနဲ႔ ေဒၚ လာေတြကို ဦးၿဖိဳးမင္းသိန္းက သူ႕ကိုေပးစရာ ဘာအ ေၾကာင္းမွမ႐ွိဘူး၊ ယူစရာအေၾကာင္းလည္းမ႐ွိဘူး၊ ဒါေတြအားလုံးဟာ လက္ေတြ႕မျမင္ရတဲ့ စိတ္ကူးနဲ႔ လုပ္ၾကံဖန္တီးမႈေတြသာျဖစ္တယ္” လို႔ ၿပီးခဲ့တဲ့ေအာက္တိုဘာလ ႐ုံးခ်ိန္းတစ္ခုမွာ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာ ေဒၚေအာင္ဆန္းစုၾကည္ကို အေရးယူထားတဲ့ အဂတိအမႈ ငါးမႈအနက္ ဒီအမႈ တစ္ခုတည္းကိုပဲ စစ္ ေဆးခဲ့ၿပီး က်န္တဲ့အမႈေတြအားလုံးကို လာမယ့္ ဒီဇင္ ဘာလ ၁၀ ရက္ေန႔ကို ျပန္လည္ခ်ိန္းဆိုလိုက္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏွစ္႐ွည္ေထာင္ဒဏ္ေတြ ခ်မွတ္ခံရႏိုင္တဲ့ အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ားဥပေဒ ပုဒ္မ – ၃ (၁)(ဂ)၊ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ – ၅၅ အပါအဝင္ စုစုေပါင္းအမႈ ၁၁ ခုနဲ႔ တရားရင္ဆိုင္ေနရပါတယ္။

လတ္တေလာမွာလည္း ေ႐ြးေကာက္ပြဲ မသမာမႈအျပင္ ေနာက္ထပ္ အဂတိအမႈတစ္ခုနဲ႔ ထပ္မံအေရးယူခံထားရၿပီး အဲဒီအမႈေတြကေတာ့ တရား႐ုံးကို မေရာက္လာေသးပါဘူး။
RFA