Local News

မုံရွာမြို့တွင် သားမိနှစ်ဦးနေထိုင်သောနေအိမ် အနု ကြမ်း စီးခံရ

မုံရွာမြို့တွင် သားမိနှစ်ဦးနေထိုင်သောနေအိမ် အနု ကြမ်း စီးခံရ

ဒီဇင်ဘာ၄၊RNA News

စစ်ကိုင်းတိုင်း၊မုံရွာမြို့ စက်မှုဇုန်၊အမှတ်၈ရပ်ကွက်တွင် ဒီဇင်ဘာ၃ရက်နေ့ ည၁၁နာရီဝန်းကျင်ခန့်က သားမိနှစ်ဦးနေထိုင်သည့်နေအိမ်ကို လူငယ်၆ဦးမှ ဓားမွှန်းပြီး အနုကြမ်းစီးခဲ့တယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းထံမှ RNA သိရှိရပါတယ်။

သားမိနှစ်ဦးနေထိုင်သည့်အိမ်မှ Click ဆိုင်ကယ်တစ်စီး၊ ဆွဲကြိုးတစ်ကုံး၊ နားကပ်တစ်ရံနှင့်အမေဖြစ်သူ၏ မျက်နှာကိုလည်းလည်း ဓားနှင့်မွှန်း၍ နားကိုလည်း ဓားဖြင့် ဖြတ်သွးပြီး

အိမ်မှာရှိသည့် TV၊DVDစက်များကိုလည်း ရေလောင်းသွားကာ အော်မှာစိုးသည့်အတွက် လက်ကိုနောက်ပြန်ကြိုးတုပ် ပါးစပ်ကို တိတ်ဖြင့် သားမိနှစ်ဦးကို ကပ်သွားကြောင်း သိရှိရသည်။

မနက်ပိုင်းမှ နီးစပ်ရာ ပတ်ဝန်းကျင်များမှ သိရှိခဲ့ရာ ကြိုးများတိတ်များ ဖြည်ပေးခဲ့ပြီး အခင်းဖြစ်ပွားသည့် နေအိမ်ကိုလည်း ရဲနှင့်စစ်သား များ လာရောက်စစ်ဆေးသွားကြောင်း၊အနူကြမ်းစီးသူများမှာ Masksများအုပ်ထား၍ တစ်ယောက်မှာ လည်ပင်းတွင်တက်တူး၊လက်ဖျံမှာ စာတန်းထိုးတက်တူးရှိကြောင်းလည်း သိရှိရသည်။

မုံရွာမြို့ပြပြောက်ကျား Monywa Heroes Groupနှင့် Special Regional Attacks Forces-MWA (အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာ)မှလည်း ခိုးဆိုးလုယက်သောင်းကျန်းသူများ ဖမ်းဆီးရမိခဲ့လျှင် အသက်အာမခံမရှိကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

Credit-RNA

Zawgyi

မုံရွာမြို့တွင် သားမိနှစ်ဦးနေထိုင်သောနေအိမ် အနြု ကမ်းစီးခံရ

ဒီဇင်ဘာ၎၊RNA News






ဓာတ်ပုံ-RNA

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.