Local News

Breaking News- ရန်ကုန်၊ ကြည့်မြင်တိုင်တွင် ရန်ကုန်လူထု သပိတ်စစ် ကြောင်း ကားဖြင့်တိုက်ပြီး သေနတ်ဖြင့် ပစ်ခတ် ဖြိုခွင်းခံရ၊ ၄ ဦးကျဆုံးဟု မျက်မြင်များပြော(ရုပ်/သံ)

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် လူထု ပျောက်ကြား သပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ပြီး ပစ်ခတ် ဖြိုခွင်း၊ ထိခိုက်သေဆုံးမှုရှိနိုင်၊ သတင်းထောက်တစ်ဦး ဒဏ်ရာရ ( ရုပ်/သံ အပြည့်အစုံအောက်တွင်ပါသည်)

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဒီဇင်ဘာ ၅ ရက်​နေ့ယနေ့ နံနက် ၈ နာရီခွဲ အချိန်

စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ပျောက်ကြား သပိတ်စစ်ကြောင်းကို စစ်တပ်က ကားဖြင့် ဝင်တိုက်ပြီး

သေနတ်များဖြင့် ပစ်ခတ် ဖမ်းဆီးသဖြင့် ဆန္ဒပြ ပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊

သတင်းထောက်တစ်ဦး ဒဏ်ရာရရှိထားကြောင်း ဆန္ဒပြ သပိတ်အဖွဲ့များထံမှ သိရှိရသည်။

လတ်တလော သိရှိထားရသော အချက်အလက်များအရ ဆန္ဒပြသူ ၁၀ ဦးထက်မနည်း အဖမ်းခံရပြီး

ကားဖြင့်တိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးသူရှိနိုင်ကြောင်း သိရှိရသည်။

သတင်းအသေးစိတ်ကို ဆက်လက် တင်ပြပါမည်။

Zawgyi


ရန်ကုန်၊ ဒီဇင်ဘာ ၅








About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.