Knowledge

စိတ်မနှံ့ပဲ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ ကုန်းဘောင်ခေတ်က ဘုရင်တစ်ပါးအကြောင်း

စိတ်မနှံ့ပဲ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ ကုန်းဘောင်ခေတ်က ဘုရင်တစ်ပါးအကြောင်း

ကုန်းဘောင်မင်း ဆက် ၈ ဆက်မြောက်မင်းဖြစ်သူ သာယာဝတီမင်း (ခေါ်)ကုန်းဘောင်မင်း (ခေါ်) ရွှေဘိုမင်း မှာ စိတ်နောက်သွားသောမင်းအဖြစ်ထင်ရှားသည်။

ငယ်မည်မှာ မောင်ခင်ဖြစ်သည်။ နောင်တော် ဘကြီးတော်မင်း ကို ပုန်ကန်ပြီး ထီးနန်းရယူခဲ့ခြင်းဖြစ်သည်။ ပုန်ကန်ရခြင်းမှာ နောင် တော် သည် စိတ်မကျန်းမမာဖြစ်နေသည်က တစ်ကြောင်း ၊

နန်းတွင်းတွင် နန်းမတော် မယ်နု နှင့် မင်းသားကြီးမောင်အိုတို့က ချယ်လှယ်ချင်သလိုချယ်လှယ်နေကြသည်က တစ်ကြောင်းကြောင့် ဖြစ်သည်။သာယာဝတီမင်း ၏ ပုန်ကန်မှု ကို ဘကြီးတော်ကတပ်များစေလွှတ်၍ နှိမ်နှင်းစေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

နောက်ဆုံးတွင် ဘကြီးတော်သည်ညီဖြစ်သူ သာယာဝတီမင်း အား ထီးနန်း လွှဲပေးလိုက်ရတော့သည်။ နောင်တော် အား ခမည်းတော်အရင်းကဲ့သို့ စောင့်ရှောက်ကာ စိတ်ချမ်းသာစွာနေစေသည်။

နန်းမတော် မယ်နု တို့ကိုလည်း မကွပ်မျက်ပဲ အကျယ်ချုပ်နှင့်နေစေခဲ့သလို တူတော်ညောင်ရမ်းမင်းသား(စင်္ကြာမင်းသား) ကိုလည်း သားတော်ကြီး များနှင့် တန်းတူမင်းသားကြီးအဆင့်ပေးခဲ့သော်လည်း

တစ်နှစ်ခန့်အကြာတွင် ပုန်ကန်ရန်ကြံစည်သည်ဟုဆိုကာ ရေချကွပ်မျက်သည်။ သုံးနှစ်ခန့်အကြာတွင် မယ်နုက ထောင်တွင်းမှ အစ်ကိုဖြစ်သူ၏ အပေါင်းအပါများနှင့် နန်းလု ရန်ရည်ရွယ်ချက်ဖြင့် ကြံစည်ဆက်သွယ်သဖြင့်

မယ်နုအား ရေချပြီး မောင်အိုနှင့် အပေါင်းအပါများကို ထောင်တွင်း တွင်ပင် ကွပ်မျက်ခဲ့သည်။ ထိုအထဲတွင် အစပထမက မြဝတီမင်းကြီးဦးစလည်း ပါခဲ့ပြီး ဘုန်းတော် ဘွဲ့အရေးကောင်း၍သာ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကိုလည်း အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။ နန်းတက်စတွင် တိုင်းပြည် အားတည်ငြိမ်အောင် အုပ်ချုပ်နိုင်ခဲ့သူဖြစ်သည်။အင်္ဂလိပ်တို့ကိုလည်း ပြင်းပြင်းထန်ထန်တုန့်ပြန်တတ်သည်။

သို့သော်နောက်ပိုင်းတွင် စိတ်မမှန်တော့။ ၁၈၄၄ခုနှစ်မှ စ၍ သွေးပျက်သလိုဖြစ်လာသည်။ အိပ်တတ်၍မပျော် ၊ ပွဲတော်တည်ပြီးလျှင် လက်ဆေးရန် မေ့လျော့လာသည်။ အစားအသောက် နည်းလာသည် ။

အမြဲပြုံးယောင်ပြုနေတတ်ပြီး လှံတိုတစ်ချောင်းကိုင်ကာ အဆောင်များကူးနေတတ်သည်။ လူတွေ့လျှင် ဟဲ့ မောက်လုံးလား ၊ မောက်ပြားလား ဟု မေးတတ်သည်။ ရိုသေစွာ ဒူးတုပ်၍ အလိုက်သင့်ဖြေရသည်။

ပြေးပေါက်ကိုလည်း ကြိုရှာထားရသည်။ ဆေးဝါး မန္တရားဆောင်ထား၍ ရှိန်းဆာယာပိုမောက်လျှက် ကိုယ်ပျောက်နေပြီဟု ကြွားပြောတတ်သည်။ တောင်ရှည်ဝတ်လဲတော်ကို ခေါင်းမြီးခြုံပြီးတိုင်ကွယ်တွင် ဝင်ပုန်းနေသော

သာယာဝတီမင်းကို မိဖုရားမမြလေးက ကိုယ်ပျောက်နေ၍ မမြင်ရပါဟု ညာပြောရသည်။လမ်းသွားလျှင် ဖြောင့်ဖြောင့် မကြွ ၊ ခုန်သည် ၊ ပျံသည် ၊ လွှားသည်။ ထီးတော်မိုးမှာ နေလုံအောင် ဖြောင့်ဖြောင့်မမိုးနိုင် ။

နေလုံအောင်မမိုးရကောင်းလားဟု အပြစ်တင်ကာ ထီးတော် မိုးတစ်ယောက်ကို ကိုယ်တိုင်ကွပ်မျက်ခဲ့သည်။ နောက်ထီးတော်မိုးများမှာ မင်းတရားကြီးကိုယ်ပျောက်နေသည် ဟု ဆိုကာ ရှာဖွေနေသည့်ပုံ ပြရသည်။

ထိုအခါမှ သာယာဝတီမင်းက ‘မြင်စေ’ ဟု ဆိုမှ ထီးကိုနေသားတကျ ပြန်ဆောင်းရသည်။ တစ်ခါတွင် အိမ်သာသို့သွားခိုက် မိန်းမစိုး နှစ်ယောက်ကို ကိုယ်တိုင်ဓားဖြင့် မွှန်းသတ်သည်။

သေဟန်ဆောင်၍ တစ်ဦးလွတ်မြောက်သွားသည်။မင်းတရားကြီး သွက်သွက်လည်နေအောင် စိတ်နောက်နေပြီဖြစ်ကြောင်း ‘တောင်အင်းစား’ ဆိုသူက လွှတ်တော်

ဝန်ကြီးများအား သတင်းပေးသည့်အခါ လွှတ်တော်မ တက်ဝံ့တော့သော ဝန်ကြီးများက သားတော် ပုဂံမင်းလက်သို့ အုပ်ချုပ်ရေးအာဏာကို လွှဲပေးလိုက်ရတော့သည်။
ကိုးကား :မြန်မာ့သမိုင်းထဲက အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန

Zawgyi

စိတ္မႏွံ႔ပဲ တိုင္းျပည္အုပ္ခ်ဳပ္မင္းလုပ္ခဲ့တဲ့ ကုန္းေဘာင္ေခတ္က ဘုရင္တစ္ပါးအေၾကာင္း

ကုန္းေဘာင္မင္း ဆက္ ၈ ဆက္ေျမာက္မင္းျဖစ္သူ သာယာဝတီမင္း (ေခၚ)ကုန္းေဘာင္မင္း (ေခၚ) ေ႐ႊဘိုမင္း မွာ စိတ္ေနာက္သြားေသာမင္းအျဖစ္ထင္႐ွားသည္။

ငယ္မည္မွာ ေမာင္ခင္ျဖစ္သည္။ ေနာင္ေတာ္ ဘႀကီးေတာ္မင္း ကို ပုန္ကန္ၿပီး ထီးနန္းရယူခဲ့ျခင္းျဖစ္သည္။ ပုန္ကန္ရျခင္းမွာ ေနာင္ ေတာ္ သည္ စိတ္မက်န္းမမာျဖစ္ေနသည္က တစ္ေၾကာင္း ၊

နန္းတြင္းတြင္ နန္းမေတာ္ မယ္ႏု ႏွင့္ မင္းသားႀကီးေမာင္အိုတို႔က ခ်ယ္လွယ္ခ်င္သလိုခ်ယ္လွယ္ေနၾကသည္က တစ္ေၾကာင္းေၾကာင့္ ျဖစ္သည္။သာယာဝတီမင္း ၏ ပုန္ကန္မႈ ကို ဘႀကီးေတာ္ကတပ္မ်ားေစလႊတ္၍ ႏွိမ္ႏွင္းေစခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။

ေနာက္ဆုံးတြင္ ဘႀကီးေတာ္သည္ညီျဖစ္သူ သာယာဝတီမင္း အား ထီးနန္း လႊဲေပးလိုက္ရေတာ့သည္။ ေနာင္ေတာ္ အား ခမည္းေတာ္အရင္းကဲ့သို႔ ေစာင့္ေ႐ွာက္ကာ စိတ္ခ်မ္းသာစြာေနေစသည္။

နန္းမေတာ္ မယ္ႏု တို႔ကိုလည္း မကြပ္မ်က္ပဲ အက်ယ္ခ်ဳပ္ႏွင့္ေနေစခဲ့သလို တူေတာ္ေညာင္ရမ္းမင္းသား(စႀကၤာမင္းသား) ကိုလည္း သားေတာ္ႀကီး မ်ားႏွင့္ တန္းတူမင္းသားႀကီးအဆင့္ေပးခဲ့ေသာ္လည္း

တစ္ႏွစ္ခန္႔အၾကာတြင္ ပုန္ကန္ရန္ၾကံစည္သည္ဟုဆိုကာ ေရခ်ကြပ္မ်က္သည္။ သုံးႏွစ္ခန္႔အၾကာတြင္ မယ္ႏုက ေထာင္တြင္းမွ အစ္ကိုျဖစ္သူ၏ အေပါင္းအပါမ်ားႏွင့္ နန္းလု ရန္ရည္႐ြယ္ခ်က္ျဖင့္ ၾကံစည္ဆက္သြယ္သျဖင့္

မယ္ႏုအား ေရခ်ၿပီး ေမာင္အိုႏွင့္ အေပါင္းအပါမ်ားကို ေထာင္တြင္း တြင္ပင္ ကြပ္မ်က္ခဲ့သည္။ ထိုအထဲတြင္ အစပထမက ျမဝတီမင္းႀကီးဦးစလည္း ပါခဲ့ၿပီး ဘုန္းေတာ္ ဘြဲ႕အေရးေကာင္း၍သာ လြတ္ေျမာက္ခဲ့ျခင္းျဖစ္သည္။

ေနျပည္ေတာ္ကိုလည္း အမရပူရသို႔ ေျပာင္းေ႐ႊ႕ခဲ့သည္။ နန္းတက္စတြင္ တိုင္းျပည္ အားတည္ၿငိမ္ေအာင္ အုပ္ခ်ဳပ္ႏိုင္ခဲ့သူျဖစ္သည္။အဂၤလိပ္တို႔ကိုလည္း ျပင္းျပင္းထန္ထန္တုန္႔ျပန္တတ္သည္။

သို႔ေသာ္ေနာက္ပိုင္းတြင္ စိတ္မမွန္ေတာ့။ ၁၈၄၄ခုႏွစ္မွ စ၍ ေသြးပ်က္သလိုျဖစ္လာသည္။ အိပ္တတ္၍မေပ်ာ္ ၊ ပြဲေတာ္တည္ၿပီးလွ်င္ လက္ေဆးရန္ ေမ့ေလ်ာ့လာသည္။ အစားအေသာက္ နည္းလာသည္ ။

အၿမဲျပဳံးေယာင္ျပဳေနတတ္ၿပီး လွံတိုတစ္ေခ်ာင္းကိုင္ကာ အေဆာင္မ်ားကူးေနတတ္သည္။ လူေတြ႕လွ်င္ ဟဲ့ ေမာက္လုံးလား ၊ ေမာက္ျပားလား ဟု ေမးတတ္သည္။ ႐ိုေသစြာ ဒူးတုပ္၍ အလိုက္သင့္ေျဖရသည္။

ေျပးေပါက္ကိုလည္း ႀကိဳ႐ွာထားရသည္။ ေဆးဝါး မႏၲရားေဆာင္ထား၍ ႐ွိန္းဆာယာပိုေမာက္လွ်က္ ကိုယ္ေပ်ာက္ေနၿပီဟု ႂကြားေျပာတတ္သည္။ ေတာင္႐ွည္ဝတ္လဲေတာ္ကို ေခါင္းၿမီးျခဳံၿပီးတိုင္ကြယ္တြင္ ဝင္ပုန္းေနေသာ

သာယာဝတီမင္းကို မိဖုရားမျမေလးက ကိုယ္ေပ်ာက္ေန၍ မျမင္ရပါဟု ညာေျပာရသည္။လမ္းသြားလွ်င္ ေျဖာင့္ေျဖာင့္ မႂကြ ၊ ခုန္သည္ ၊ ပ်ံသည္ ၊ လႊားသည္။ ထီးေတာ္မိုးမွာ ေနလုံေအာင္ ေျဖာင့္ေျဖာင့္မမိုးႏိုင္ ။

ေနလုံေအာင္မမိုးရေကာင္းလားဟု အျပစ္တင္ကာ ထီးေတာ္ မိုးတစ္ေယာက္ကို ကိုယ္တိုင္ကြပ္မ်က္ခဲ့သည္။ ေနာက္ထီးေတာ္မိုးမ်ားမွာ မင္းတရားႀကီးကိုယ္ေပ်ာက္ေနသည္ ဟု ဆိုကာ ႐ွာေဖြေနသည့္ပုံ ျပရသည္။

ထိုအခါမွ သာယာဝတီမင္းက ‘ျမင္ေစ’ ဟု ဆိုမွ ထီးကိုေနသားတက် ျပန္ေဆာင္းရသည္။ တစ္ခါတြင္ အိမ္သာသို႔သြားခိုက္ မိန္းမစိုး ႏွစ္ေယာက္ကို ကိုယ္တိုင္ဓားျဖင့္ မႊန္းသတ္သည္။

ေသဟန္ေဆာင္၍ တစ္ဦးလြတ္ေျမာက္သြားသည္။မင္းတရားႀကီး သြက္သြက္လည္ေနေအာင္ စိတ္ေနာက္ေနၿပီျဖစ္ေၾကာင္း ‘ေတာင္အင္းစား’ ဆိုသူက လႊတ္ေတာ္

ဝန္ႀကီးမ်ားအား သတင္းေပးသည့္အခါ လႊတ္ေတာ္မ တက္ဝံ့ေတာ့ေသာ ဝန္ႀကီးမ်ားက သားေတာ္ ပုဂံမင္းလက္သို႔ အုပ္ခ်ဳပ္ေရးအာဏာကို လႊဲေပးလိုက္ရေတာ့သည္။
ကိုးကား :ျမန္မာ့သမိုင္းထဲက အထင္ကရ ဇာတ္ေကာင္မ်ား – ေမာင္ၾကည္သန

Recent Comments

No comments to show.