Local News

Silent Strike နေ့တွင် အင်းစိန်ထောင်အတွင်း ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြသူများ ရိုက်နှက်ခံရ

Silent Strike နေ့တွင် အင်းစိန်ထောင်အတွင်း ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြသူများ ရိုက်နှက်ခံရ

ဒီဇင်ဘာ ၁၀၊

မြန်မာနိုင်ငံတဝန်းတွင် ယနေ့ ဒီဇင်ဘာ ၁၀ ရက် Silent Strike သပိတ်ပြုလုပ်နေချိန် ညနေ ၃ နာရီဝန်းကျင်မှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတယ်လို့ အင်းစိန်ထောင် အသိုက်အဝန်းကနေ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်လို့ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေက ထောင်တွင်းတွင် အစာငတ်ခံဆန္ဒပြကြပြီး သွေးသစ္စာသီချင်းကိုလည်း သီဆိုခဲ့ကြကြောင်း အင်းစိန်ထောင်အနီးဝတ်ကျင်မှာ နေထိုင်သူတစ်ဦးထံမှသိရပါတယ်။

” အားလုံးပေါင်း ဆန္ဒပြတာ ၈၉ ယောက်လို့ကြားတယ်။ နောက်ပြီးအဲ့ ဆန္ဒပြတဲ့ ၈၉ ယောက်လုံးကို ဝင်ရိုက်ကြတယ်။

အသက်ကြီးတဲ့သူတွေပါ အရိုက်ခံရတယ်ကြားတယ်။ ဆန္ဒပြ ဦးဆောင်သူကိုတော့ တိုက်ပိတ်သွားမယ်လို့ သတင်းကြားတယ် ” လို့ ထိုသူကပြောပါတယ်။

#PDFNewsflash

Zawgyi

Silent Strike ေန႔တြင္ အင္းစိန္ေထာင္အတြင္း ဆႏၵျပမႈမ်ားျဖစ္ေပၚခဲ့ၿပီး ဆႏၵျပသူမ်ား ႐ိုက္ႏွက္ခံရ

ဒီဇင္ဘာ ၁၀၊

ျမန္မာႏိုင္ငံတဝန္းတြင္ ယေန႔ ဒီဇင္ဘာ ၁၀ ရက္ Silent Strike သပိတ္ျပဳလုပ္ေနခ်ိန္ ညေန ၃ နာရီဝန္းက်င္မွာ ရန္ကုန္ အင္းစိန္အက်ဥ္းေထာင္မွာလည္း ႏိုင္ငံေရးအက်ဥ္းသားေတြ ဆႏၵျပခဲ့ၾကတယ္လို႔ အင္းစိန္ေထာင္ အသိုက္အဝန္းကေန သိရပါတယ္။

စစ္အာဏာ႐ွင္ဆန္႔က်င္လို႔ ပုဒ္မ ၅၀၅ (က)နဲ႔ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသူေတြက ေထာင္တြင္းတြင္ အစာငတ္ခံဆႏၵျပၾကၿပီး ေသြးသစၥာသီခ်င္းကိုလည္း သီဆိုခဲ့ၾကေၾကာင္း အင္းစိန္ေထာင္အနီးဝတ္က်င္မွာ ေနထိုင္သူတစ္ဦးထံမွသိရပါတယ္။

” အားလုံးေပါင္း ဆႏၵျပတာ ၈၉ ေယာက္လို႔ၾကားတယ္။ ေနာက္ၿပီးအဲ့ ဆႏၵျပတဲ့ ၈၉ ေယာက္လုံးကို ဝင္႐ိုက္ၾကတယ္။

အသက္ႀကီးတဲ့သူေတြပါ အ႐ိုက္ခံရတယ္ၾကားတယ္။ ဆႏၵျပ ဦးေဆာင္သူကိုေတာ့ တိုက္ပိတ္သြားမယ္လို႔ သတင္းၾကားတယ္ ” လို႔ ထိုသူကေျပာပါတယ္။

#PDFNewsflash

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.