Local News

မုံရွာမြို့တွင် သံဃာ သုံးပါးနဲ့ လူ ၁၁ ဦး ရိုက်နှက်ဖမ်းဆီးခံရ

မုံရွာမြို့တွင် သံဃာ သုံးပါးနဲ့ လူ ၁၁ ဦး ရိုက်နှက်ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံရပ်ကွက်မှာရှိတဲ့ ချမ်းသာကြီးကျောင်းတိုက်က သံဃာတော် သုံးပါး အပါအဝင် ၁၄ ဦးဟာ ဒီဇင်ဘာ ၁၂ ရက် မနေ့က နေ့လယ်ပိုင်းက

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတာ ခံခဲ့ကြရတယ်လို့ မျက်မြင်တွေ့ ရှိခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

နေ့လယ် ၂ နာရီလောက်မှာ ချမ်းသာကြီးကျောင်းတိုက်ကို ရောက်လာပြီး ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

PDF တပ်ဖွဲ့တွေနဲ့ ဆက်သွယ် ပတ်သက်လို့ဆိုပြီး ဖမ်းသွားတာလို့ဆိုပါတယ်။ မနေ့ညပိုင်းအထိ သူတို့ ဘယ်မှာရှိနေသလဲ ဆိုတာကို မသိရဘူး ဖြစ်နေတယ်လို့လည်း မျက်မြင်သက်သေ ဒေသခံကပြောပါတယ်။

မုံရွာမြို့ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်ခဲ့ရာမှာ ထင်ရှားအားကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပစ်မှတ်ထား ချေမှုန်းနေတဲ့မြို့လည်း ဖြစ်ပါတယ်။

Zawgyi

မုံ႐ြာၿမိဳ႕တြင္ သံဃာ သုံးပါးနဲ႔ လူ ၁၁ ဦး ႐ိုက္ႏွက္ဖမ္းဆီးခံရ

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕၊ အလုံရပ္ကြက္မွာ႐ွိတဲ့ ခ်မ္းသာႀကီးေက်ာင္းတိုက္က သံဃာေတာ္ သုံးပါး အပါအဝင္ ၁၄ ဦးဟာ ဒီဇင္ဘာ ၁၂ ရက္ မေန႔က ေန႔လယ္ပိုင္းက

စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြရဲ႕ ႐ိုက္ႏွက္ဖမ္းဆီး ေခၚေဆာင္သြားတာ ခံခဲ့ၾကရတယ္လို႔ မ်က္ျမင္ေတြ႕ ႐ွိခဲ့တဲ့ လုံျခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက RFA ကို ေျပာပါတယ္။

ေန႔လယ္ ၂ နာရီေလာက္မွာ ခ်မ္းသာႀကီးေက်ာင္းတိုက္ကို ေရာက္လာၿပီး ဖမ္းဆီးသြားခဲ့တာလို႔ ဆိုပါတယ္။

PDF တပ္ဖြဲ႕ေတြနဲ႔ ဆက္သြယ္ ပတ္သက္လို႔ဆိုၿပီး ဖမ္းသြားတာလို႔ဆိုပါတယ္။ မေန႔ညပိုင္းအထိ သူတို႔ ဘယ္မွာ႐ွိေနသလဲ ဆိုတာကို မသိရဘူး ျဖစ္ေနတယ္လို႔လည္း မ်က္ျမင္သက္ေသ ေဒသခံကေျပာပါတယ္။

မုံ႐ြာၿမိဳ႕ဟာ စစ္အာဏာသိမ္းတာကို ဆန္႔က်င္ေတာ္လွန္ခဲ့ရာမွာ ထင္႐ွားအားေကာင္းတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး စစ္ေကာင္စီဘက္ကလည္း ပစ္မွတ္ထား ေခ်မႈန္းေနတဲ့ၿမိဳ႕လည္း ျဖစ္ပါတယ္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.