Local News
” စစ်ကိုကိုင်းစေမဲ့ စစ်ကိုင်း ” စစ်ကိုင်း. အမည်ကကို ဓာတ်စီးတယ်၊ နာမ်စီးတယ်…
” စစ်ကိုကိုင်းစေမဲ့ စစ်ကိုင်း ” စစ်ကိုင်း။ အမည်ကကို ဓာတ်စီးတယ်၊ နာမ်စီးတယ်။
” စစ်ကိုကိုင်းသွားစေမဲ့ စစ်ကိုင်း ” ” စစ်ကိုကိုင်းသွားစေလို့ စစ်ကိုင်း ” ” စစ်ကိုကိုင်းအောင်၊ ပြိုင်းအောင်၊ ပြုတ်အောင်ဖြုတ်နိုင်လို့ စစ်ကိုင်း ” သဘာဝတရားဟာ စွမ်းအင်ရှိတယ်။ စွမ်းအားရှိတယ်။
လူက ဉာဏ်လွှာသုံးတတ်လေလေ သဘာဝရဲ့စွမ်းအင်၊ စွမ်းအားကတက်လေလေ။ ထက်လေလေ။ ဒါကြောင့် ” အောင်မြေ ” ဆိုတာဖြစ်လာရတယ်။ စစ်ကိုင်းက မတရားမှုမှန်သမျှကိုချေမှုန်းပစ်နိုင်တဲ့သူရဲကောင်းတို့မွေးဖွားရာအောင်မြေဖြစ်တယ်။
နောက်…ထူးခြားချက်တစ်ခု။ ” စုကြည် ” နဲ့ ” စစ်ကိုင်း ” ။ ဓာတ်တူနာမ်တူဖြစ်နေပြန်တယ်။ အံ့ဖွယ်တိုက်ဆိုင်မှု။
ဒါက လူတွေဖန်တီးထားတဲ့ ယတြာမဟုတ်ဘူး။ သဘာဝတရားကဖန်တီးထားတဲ့ ပြီးပြည့်စုံသောအစွမ်းထက်ယတြာ။ ဘာနဲ့မှ ဟန့်တားမရ၊ တန်ပြန်မရ။ သိကြားမင်းဆင်းတားတောင် မရနိုင်လောက်အောင်စွမ်းအားကြီးတယ်။ စွမ်းအင်ရှိတယ်။
စစ်ကိုင်းက အစဉ်အလာကြီးတယ်။ သမိုင်းကြီးတယ်။ သမိုင်းမတင်မီခေတ်ကတည်းက ထီးနဲ့၊ နန်းနဲ့နေလာခဲ့တဲ့တိုင်း။ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က ပျူမြို့ပြနိုင်ငံဖြစ်တဲ့ဟန်လင်း။
ရွှေဘိုမြို့၊ မုဆိုးဖိုရွာကနေ တတိယမြန်မာနိုင်ငံတည်ထောင်ခဲ့တဲ့ဦးအောင်ဇေယျ။
အသင်္ခယာရဲ့ စစ်ကိုင်း။ ဗန္ဓုလရဲ့ ငပယင်း။ ဆရာစံရဲ့ ဒီပဲယင်း။ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်။ ခင်ဦးစား ငချစ်ညို။ ငထွေရူးရဲ့ မြင်းမူ။ ဗိုလ်ရိုင်ရဲ့ ရှိန်းမကား။ ကျန်စစ်သားရဲ့ ပရိမ္မ။
သမိုင်းအဆင်ဆက် စစ်ကိုင်းဟာအမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ ဂုဏ်ရောင်ပြောင်ခဲ့တယ်။
လက်ရှိ တော်လှန်ရေးအနေအထားအရ စစ်ကိုင်းဟာပထမဆုံးလွတ်မြောက်နယ်မြေဖြစ်လာမယ်လို့ခန့်မှန်းကြတယ်။ မြေပြင်အနေအထားတွေအရ စစ်ကိုင်းဟာလွတ်မြောက်နယ်မြေအဖြစ်နိုင်ဆုံးဒေသဆိုတာကျိန်းသေတယ်။
စကစဟာ စစ်ကိုင်းကိုအထူးစစ်ဆင်ရေးတွေလုပ်ခဲ့တယ်။ အသင်္ခယာစစ်ဆင်ရေး၊ အလောင်းစည်သူစစ်ဆင်ရေး။
ရွာတွေမီးရှို့၊ တွေ့ရာလူဖမ်း၊ ပစ္စည်းယူ၊ လေကြောင်းပစ်ကူကလွဲရင်ဘာမှမယ်မယ်ရရမလုပ်နိုင်သေး။ တစ်ဖက်မှာ Local PDF တွေရဲ့ပျောက်ကြားစစ်ဆင်ရေးနဲ့တွေပြီး ပဒေသာမိုင်းအဆွဲခံရလို့အထိနာတာပဲအဖက်တင်တယ်။ mission fail လို့ကောက်ချက် ချနိုင်တယ်။
စစ်ကိုင်းကျရင် စကစကျပြီ။ စစ်ကိုင်းကျတာနဲ့ မကွေး၊ မန္တလေးစတဲ့တိုင်းတွေက ဆက်တိုက်လွတ်မြောက်လာမှာ။ ပြည်နယ်တွေ မှာဆိုရင် ကယားနဲ့ချင်း။
အရင်ကတည်းက ကချင်၊ ကရင်၊ ရခိုင်နဲ့ရှမ်းဒေသအချို့မှာ စကစအာဏာစက်နည်းပါးပြီးသားအခြေအနေမှာ ပြောခဲ့တဲ့တိုင်းနဲ့ပြည်နယ်တွေသာ စကစအာဏာစက်မလွှမ်းမိုးနိုင်တော့ရင် တော်လှန်ရေးကအပြီးသတ်ပြီ။
UN မျှော်စရာမလိုဘူး။ US မျှော်စရာမလိုဘူး။ ICC , အင်တာပိုနားထား။ Mission complete…။ ဖက်ဒရယ်ပြည်ထောင်စုသစ်။ ဖက်ဒရယ်တပ်မတော်အသစ်ကြီးနဲ့။ အရေးတော်ပုံအောင်ရမည် မောင်မာ-သနပ်ခါးမြေ
Zawgyi
Recent Comments
No comments to show.