Local News

CRPH နှင့် NUG အပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်မပေးမှု မင်းအောင်လှိုင် ထုတ်ပြော

CRPH နှင့် NUG အပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်မပေးမှု မင်းအောင်လှိုင် ထုတ်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

CRPH နှင့် NUG အပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်မပေးမှု မင်းအောင်လှိုင်က ဒီဇင်ဘာ ၁၃ ရက်နေ့ စစ်ကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။

အကြမ်းဖက် လူသတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပေးထား၍

CRPH ၊ NUG အဖွဲ့များအကြောင်း သိရှိပြီးဖြစ်မည်ဟု ယူဆပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရှေ့နေများမှတစ်ဆင့် ၎င်း၏ မှတ်ချက်များ ပေးနိုင်သည့် အခွင့်အရေးရှိကြောင်း အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသွားသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့၏ ရှေ့နေများကို မီဒီယာများသို့စကားပြောဆိုခွင့်ကို ပုဒ်မ ၁၄၄ ထုတ်၍ ပိတ်ပင်ထားပြီးနောက် ယင်းသို့ ပြောဆိုလာခြင်းဖြစ်သည်။

Zawgyi

CRPH ႏွင့္ NUG အေပၚ ေဒၚေအာင္ဆန္းစုၾကည္ မွတ္ခ်က္မေပးမႈ မင္းေအာင္လိႈင္ ထုတ္ေျပာ

ရန္ကုန္၊ ဒီဇင္ဘာ ၁၄

CRPH ႏွင့္ NUG အေပၚ ေဒၚေအာင္ဆန္းစုၾကည္ မွတ္ခ်က္မေပးမႈ မင္းေအာင္လိႈင္က ဒီဇင္ဘာ ၁၃ ရက္ေန႔ စစ္ေကာင္စီအစည္းအေဝးတြင္ ထုတ္ေဖာ္ေျပာဆိုသည္။

အၾကမ္းဖက္ လူသတ္ စစ္ေခါင္းေဆာင္ မင္းေအာင္လိႈင္က ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေ႐ွ႕ေနမ်ားႏွင့္ လြတ္လပ္စြာ ေတြ႕ဆုံခြင့္ေပးထား၍

CRPH ၊ NUG အဖြဲ႕မ်ားအေၾကာင္း သိ႐ွိၿပီးျဖစ္မည္ဟု ယူဆၿပီး ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ ေ႐ွ႕ေနမ်ားမွတစ္ဆင့္ ၎၏ မွတ္ခ်က္မ်ား ေပးႏိုင္သည့္ အခြင့္အေရး႐ွိေၾကာင္း အစည္းအေဝးတြင္ ထုတ္ေဖာ္ေျပာဆိုသြားသည္။

အၾကမ္းဖက္စစ္ေခါင္းေဆာင္မင္းေအာင္လိႈင္သည္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္တို႔၏ ေ႐ွ႕ေနမ်ားကို မီဒီယာမ်ားသို႔စကားေျပာဆိုခြင့္ကို ပုဒ္မ ၁၄၄ ထုတ္၍ ပိတ္ပင္ထားၿပီးေနာက္ ယင္းသို႔ ေျပာဆိုလာျခင္းျဖစ္သည္။