Local News

ရန်ကုန်မှ အလွတ်တန်းသတင်းဓာတ်ပုံဆရာ ဦးစိုးနိုင် စစ်ကြောရေးတွင် စစ်တပ်က သ တ် ဖြတ်ခြင်းခံရ

ရန်ကုန်မှ အလွတ်တန်းသတင်းဓာတ်ပုံဆရာ ဦးစိုးနိုင် စစ်ကြောရေးတွင် စစ်တပ်က သ တ် ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရန်ကုန်မှ အလွတ်တန်းသတင်းဓာတ်ပုံဆရာ ဦးစိုးနိုင်ကို စစ်တပ်က ဒီဇင် ဘာလ ၁၀ ရက်နေ့တွင် ဖမ်းဆီးပြီး စစ်ကြောရေးတွင် သ တ်ဖြတ်လိုက်ကြောင်း မိတ်ဆွေများက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံတိတ် သပိတ်တွင် ရန်ကုန်မြို့ အခြေအနေများကို လိုက်လံ ဓာတ်ပုံရိုက်ကူးစဉ် ရန်ကုန်မြို့လယ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဒီဇင် ဘာလ ၁၄ ရက်နေ့ စစ်ကြောရေးတွင် ‌ေ‌ေ‌ေသေ ဆုံးသွားသည်ဟု သိရှိရကြောင်း ၎င်း ၏ မိတ်ဆွေက ဆိုသည်။

“သူက အသံတိတ်သပိတ်ကို ဓာတ်ပုံလိုက်ရိုက်ရင်း မြို့ထဲမှာ ဖမ်းသွားတာ။ ဖမ်းသွားတာက စစ်တပ်က ဖမ်းတာပဲ။ ဒီနေ့ ဆုံးသွားပြီလို့ သိရတယ်။ နာရေးက ဘယ်လိုဖြစ်မလဲ။

အလောင်းပြန်ပေးမလား ဘယ်လိုလုပ်မလဲ ဆိုတာတော့ သေချာမသိသေးဘူး” ဟု ရန်ကုန်အခြေစိုက် ဓာတ်ပုံဆရာတစ်ဦးက ပြောသည်။

ဦးစိုးနိုင်ကဲ့သို့ပင် ဖမ်းဆီးခံရသောသူ ဓာတ်ပုံသတင်းထောက် ကိုဇော်ထွန်း၏ အခြေအနေမှာ မသိရှိရသေးကြောင်း မိတ်ဆွေများကဆိုသည်။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.