Local News

တပ်မတော်က တိုက်ရိုက်မအုပ်ချုပ်ဘဲ အရပ်သားအများစုကို တာဝန်ပေးထားဟု နစကဥက္ကဋ္ဌပြောကြား

တပ်မတော်က တိုက်ရိုက်မအုပ်ချုပ်ဘဲ အရပ်သားအများစုကို တာဝန်ပေးထားဟု နစကဥက္ကဋ္ဌပြောကြား

နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာ၍ နိုင်ငံတော်၏ တာဝန်ကို ယူထားခြင်းဖြစ်ပြီး တပ်မတော်က တိုက်ရိုက် မအုပ်ချုပ်ဘဲ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အရပ်သားအများစုကိုသာ တာဝန်ပေးအပ်ထားဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နစက အစည်းအဝေး (၁၈/၂၀၂၁)ကို ယနေ့ (ဒီဇင်ဘာ ၁၃ ရက်)က ကျင်းပစဉ် အထက်ပါအတိုင်း နစကဥက္ကဋ္ဌက ပြောသွားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ နိုင်ငံရေးအရ အရေးပေါ် အခြေအနေ ကြေညာ၍ နိုင်ငံတော်၏ တာဝန်ကို ယူထားခြင်းဖြစ်ပြီး တပ်မတော်က တိုက်ရိုက် မအုပ်ချုပ်ဘဲ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အရပ်သားအများစုကိုသာ တာဝန်ပေးအပ် ထားခြင်းဖြစ်တယ်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်နေခြင်း ဖြစ်သဖြင့် ဥပဒေနှင့် အညီသာ ဆောင်ရွက်ရမည် ဖြစ်တယ်”ဟု ပြောသည်။

ထို့နောက် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့်

ပြည်သူများနှင့်ဆက်ဆံရာတွင်လည်း ကောင်းမွန်ပြေပြစ်သော ဆက်ဆံရေးဖြင့် ဆောင်ရွက်သွားရန်လိုပြီး တတ်နိုင်သမျှ ပြည်သူများအပေါ် စိတ်ရှည်စွာ ဖြင့် လုပ်ပေးနိုင်သည်ကို စီမံဖြည့်ဆည်းပေးရန် လိုကြောင်း၊

အုပ်ချုပ်မှုနှင့် ပတ်သက်၍ ဥပဒေအရ ဒီမိုကရေစီ နည်းလမ်းအရ နားလည်အောင် အသိပညာပေးခြင်းဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအတွက် များစွာ အထောက်အကူ ပြုမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ပြီး လူထုကို အကြောက်တရားဖြစ်အောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်သူကို ခြိမ်း ခြောက်၍

အကြောက်တရား ဖြစ်အောင် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနှင့်ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပြည်သူများ အားလုံးနှင့် တာဝန်ရှိသော အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်း၍ စုပေါင်းအားဖြင့် ဆောင်ရွက်သွားရန်လိုတယ်” ဟု ပြော သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ယခုလ ၆ ရက်နေ့က ပုဒ်မ နှစ်ခုဖြင့် ထောင်ဒဏ် ၄ နှစ်စီ အသီးသီး ချမှတ်ခဲ့ပြီး ၂ နှစ် လျှော့ပေါ့ပေးခဲ့ကြောင်း၊ ကျန်ရှိသည့် အမှုများကို ဆက်လက် စစ်ဆေးနိုင်ရန်အတွက် အကျဉ်းထောင်သို့ ပို့ဆောင်ခြင်း မရှိဘဲ

ယခုလက်ရှိနေရာတွင်သာ ဆက်လက်ထားရှိရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား အမှုစစ်ဆေးနေချိန် ကာလမှ စီရင်ချက် ချမှတ်သည့် အချိန်အထိ သတ်မှတ်ချက်များအတိုင်း ၎င်း၏ ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ခွင့်ပေးထားကြောင်း ၎င်းက ဆိုသည်။

နစကဥက္ကဋ္ဌက “အဆိုပါ ရှေ့နေများမှတဆင့် လက်ရှိ နိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက် ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များ ဖွဲ့စည်းသည်ကို သိရှိပြီး ဖြစ်မည်ဟု ယူဆပါကြောင်း၊

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ရှေ့နေများမှတဆင့် ၎င်း၏ မှတ်ချက်များ ပေးနိုင်သည့် အခွင့်အရေး ရှိကြောင်း၊ မိမိတို့အနေ ဖြင့် စတင် တာဝန်ယူချိန်တွင််ရွေးကောက်ခံ ကိုယ်စားလှယ်များအား လွတ်လပ်စွာဖြင့် ထားရှိခဲ့ပြီး ၎င်းတို့၏ နေရပ်များသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ထိုသို့ ပြန်လည် စေလွှတ်ပြီးချိန်တွင်

အချို့ ပုဂ္ဂိုလ်များမှာ ဥပဒေအရ ရင်ဆိုင်ခြင်းမရှိဘဲ ၎င်းတို့အနေဖြင့် အကြမ်းဖက်လမ်းစဉ်ဖြင့် တုန့်ပြန်ဆောင်ရွက်လာခြင်း ဖြစ်တယ်”ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ အရေးပေါ် ကြေညာထားသည်။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.