Local News

LDF များမှ သတင်းထုတ်ပြန်‌ထားသော စစ်ကိုင်းတိုင်းအတွင်းမှ အချိန်နှင့်တပြေးညီ တိုက်ပွဲအချို့

LDF များမှ သတင်းထုတ်ပြန်‌ထားသော စစ်ကိုင်းတိုင်းအတွင်းမှ အချိန်နှင့်တပြေးညီ တိုက်ပွဲအချို့

ဒီဇင်ဘာ(၁၅)

ဝက်လက်နယ် ရှိမ်းမကားကျေးရွာလမ်းဆုံအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို တောကြီးမြွေပွေးတပ်ဖွဲ့ (ရှိမ်းမကား PDF) မှ နံနက် ၇ နာရီ ၂၀ မိနစ်တွင် မိုင်း ၆ လုံးဖြင့် တိုက် ခိုက်ခဲ့ရာ သစ်သိမ့်စခန်းမှူးအပါအဝင် ၄ ဦးသေဆုံးကြောင်း၊ ခြေလက်များပြတ်သွားပြီး ဒဏ်ရာရသူများပြား။

ကောလင်းမြိုနယ် အရှေ့ဘက်တွင် စစ်ကောင်စီကား ၄စီးအား နံနက် ၂ နာရီအချိန်ခန့်က ပင်လယ်ဘူး PDF မှ မိုင်းခွဲတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ခြင်းမရှိသောကြောင့် လောင်ချာဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ရာ ရှေ့ဆုံးမှ ကားတစ်စီးကို တည့်တည့်ထိမှန်ပြီး အဆိုပါကားပေါ်ပါ စစ်ကောင်စီတပ်သား အယောက် ၂၀ မျှသေဆုံး။

မွန်းလွဲ ၁ နာရီအချိန်တွင် ကျန်ရှိစစ်ကောင်စီတပ်သားများမှ ပေတပင်ရွာဟောင်း ရွှေမှော်ဖောင်များကို မီးရှို့နေ။

ရေဦးနယ် အင်တောရွာနှင့် ပုန်းတကားရွာကြားတွင် PDF/ပကဖတို့က အကြမ်းဖက်စစ်ကောင်စီကား ၃ စီးယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တွဲကားနှင့် အန်စာတုံးတစ်စီးပျက်စီးထိုးရပ်ပြီး သေဆုံးစာရင်းမသိရ။

နံနက် ၉ နာရီခန့်အချိန်က မင်းကင်းမြို့နယ် တောင်တွင်းဒေသ ပိက္ခယား ဘက်သို့စစ်ကြောင်းထိုးလာသော အင်အား (၇၀) ခန့်ရှိ အကြမ်းဘက်စစ်ကောင်စီတပ်အား မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ် MKPDF တပ်ရင်း(၂) ၊

တပ်ခွဲ (၁) မှ စောင့်ကြိုပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ရာ (၁၀) ယောက်သေဆုံး။
ကျန်ရှိအကြမ်းဖက်များမှာ တောင်တွင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းလွင်၏နေအိမ်အား မီးရှို့ ဖျက်ဆီးခဲ့။

မီးရှို့ဖျက်စီးစဉ် MKPDF မှ ထပ်မံတိုက်ခိုက်ရာ (၁၀) ယောက်သေဆုံး၊ (၂၀) ကျော်ခန့် ဒဏ်ရာရ။

(နေ့လည်ခင်းသတင်းဖြစ်သည်)

Sa J MM

ပုံ — ဝက်လက်နယ် ရှိမ်းမကားရှိ စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲခံနေရစဉ်

Zawgyi


ဒီဇင်ဘာ(၁၅)









Sa J MM


About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.