Local News

လူမျိုးတုံး သ တ် ဖြတ်မှု စစ်ကောင်စီအပေါ် စွဲဆိုချက် အာဂျင်တီးနားတရားရုံး စတင်ကြားနာ

လူမျိုးတုံး သ တ် ဖြတ်မှု စစ်ကောင်စီအပေါ် စွဲဆိုချက် အာဂျင်တီးနားတရားရုံး စတင်ကြားနာ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဆိုတဲ့ စွဲချက်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စွဲထားတဲ့အမှုကို လက်ခံကြားနာ စစ်ဆေးနေပါတယ်။

အာဂျင်တီးနား ပြည်ထောင်စုတရားရုံးမှာ အမှုစွဲတင်ထားတဲ့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာများအဖွဲ့ BROUK ဥက္ကဌ ဦးထွန်းခင် ကိုယ်တိုင် ဒီကနေ့ ကြာသာပတေးနေ့မှာ ထွက်ဆိုမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ BROUK ရဲ့ ကြေညာချက်မှာတော့- Buenos Aires မှာရှိတဲ့ အာဂျင်တီးနား ဗဟိုတရားရုံးရှေ့မှောက်မှာ အမှုနဲ့ပတ်သက်လို့ ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ အဖွဲ့ဥက္ကဌ ဦးထွန်းခင် ထွက်ဆိုချက်ပေးမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့ မြန်မာစစ်တပ်အပေါ် တရားစွဲထားတဲ့ အမှုဖွင့်လက်ခံဖို့ Universal Jurisdiction နိုင်ငံတကာ ဥပဒေချိုးဖောက်မှု မှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့်ဆိုတဲ့ ဥပဒေအောက်မှာ အာဂျင်တီးနား တရားစီရင်ရေးဌာနက နိုဝင်ဘာလမှာ ဆုံးဖြတ်ခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဆယ်စုနှစ်တွေနဲ့ချီပြီး ကြိုးစားခဲ့ပြီးတဲ့နောက် အခုလို ထွက်ဆိုခွင့်ရတာဟာ ရိုဟင်ဂျာတွေအတွက် သမိုင်းဝင် ဖြစ်ရပ်တခုဖြစ်ကြောင်း မြန်မာ-ရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက်

Universal Jurisdiction ဥပဒေအောက်မှာ မြန်မာ စစ်ဘက်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေအပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ BROUK အဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အာဂျင်တီးနား ဗဟိုတရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပေမယ့်

NUG အမျိုးသားညီညွတ်ရေးအစိုးရကတော့ ရိုဟင်ဂျာဆိုတာကို အသိအမှတ်ပြုကြောင်းနဲ့ သူတို့အတွက် တရားမျှတမှု ရရှိရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

#BROUK #အာဂ်င္တီးနား #အာဂျင်တီးနား

Zawgyi

လူမ်ိဳးတုံး သတ္ျဖတ္မႈ စစ္ေကာင္စီအေပၚ စြဲဆိုခ်က္ အာဂ်င္တီးနားတရား႐ုံး စတင္ၾကားနာ

႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ ဆိုတဲ့ စြဲခ်က္နဲ႔ ျမန္မာစစ္ေခါင္းေဆာင္ေတြအေပၚ စြဲထားတဲ့အမႈကို လက္ခံၾကားနာ စစ္ေဆးေနပါတယ္။

အာဂ်င္တီးနား ျပည္ေထာင္စုတရား႐ုံးမွာ အမႈစြဲတင္ထားတဲ့ ၿဗိတိန္အေျခစိုက္ ျမန္မာ-႐ိုဟင္ဂ်ာမ်ားအဖြဲ႕ BROUK ဥကၠဌ ဦးထြန္းခင္ ကိုယ္တိုင္ ဒီကေန႔ ၾကာသာပေတးေန႔မွာ ထြက္ဆိုမွာ ျဖစ္ပါတယ္။

ဒီဇင္ဘာလ ၁၅ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ထားတဲ့ BROUK ရဲ႕ ေၾကညာခ်က္မွာေတာ့- Buenos Aires မွာ႐ွိတဲ့ အာဂ်င္တီးနား ဗဟိုတရား႐ုံးေ႐ွ႕ေမွာက္မွာ အမႈနဲ႔ပတ္သက္လို႔ ေဒသစံေတာ္ခ်ိန္ ညေန ၃ နာရီမွာ အဖြဲ႕ဥကၠဌ ဦးထြန္းခင္ ထြက္ဆိုခ်က္ေပးမွာျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈဆိုတဲ့ ျမန္မာစစ္တပ္အေပၚ တရားစြဲထားတဲ့ အမႈဖြင့္လက္ခံဖို႔ Universal Jurisdiction ႏိုင္ငံတကာ ဥပေဒခ်ိဳးေဖာက္မႈ မွန္သမွ် ကမ႓ာ့ေနရာတိုင္းမွာ စုံစမ္း စီရင္ပိုင္ခြင့္ဆိုတဲ့ ဥပေဒေအာက္မွာ အာဂ်င္တီးနား တရားစီရင္ေရးဌာနက ႏိုဝင္ဘာလမွာ ဆုံးျဖတ္ခဲ့ေၾကာင္းလည္း ေဖၚျပထားပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြအတြက္ ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီး ႀကိဳးစားခဲ့ၿပီးတဲ့ေနာက္ အခုလို ထြက္ဆိုခြင့္ရတာဟာ ႐ိုဟင္ဂ်ာေတြအတြက္ သမိုင္းဝင္ ျဖစ္ရပ္တခုျဖစ္ေၾကာင္း ျမန္မာ-႐ိုဟင္ဂ်ာအဖြဲ႕ ဥကၠဌ ဦးထြန္းခင္က ဆိုပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ လူသားမ်ိဳးႏြယ္ကို ဆန္႔က်င္တဲ့ ရာဇဝတ္မႈေတြအတြက္

Universal Jurisdiction ဥပေဒေအာက္မွာ ျမန္မာ စစ္ဘက္နဲ႔ အရပ္ဘက္ေခါင္းေဆာင္ေတြအေပၚ စုံစမ္း စစ္ေဆးမႈေတြ ျပဳလုပ္ေပးဖို႔ BROUK အဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၃ ရက္ေန႔မွာ အာဂ်င္တီးနား ဗဟိုတရား႐ုံးကို ဦးတိုက္ ေလွ်ာက္ထားခဲ့တာပါ။

႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေၾကာင္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္က ေျပာၾကားခဲ့ေပမယ့္

NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတာကို အသိအမွတ္ျပဳေၾကာင္းနဲ႔ သူတို႔အတြက္ တရားမွ်တမႈ ရ႐ွိေရး ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ေၾကညာထားပါတယ္။

#BROUK #အာဂ္ငၲီးနား #အာဂ်င္တီးနား

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.