Local News

မင်းကင်းတွင် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်​ကောင်စီတပ်သား ငါးဦးထက်မနည်း​သေဟု ဗိုလ်သံလုံး​ပြော

မင်းကင်းတွင် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်​ကောင်စီတပ်သား ငါးဦးထက်မနည်း​သေဟု ဗိုလ်သံလုံး​ပြော

—People’s Spring

မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင် အကြမ်း ဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ငါးဦးထက် မနည်းသေဆုံးနိုင်ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်သံလုံးက လူထုနွေဦးသို့ အတည် ပြုသည်။

ယနေ့ (ဒီဇင်ဘာ ၁၆ရက်) နံနက် ၁၀နာရီခန့်တွင်
မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် MKPDF နှင့် မင်းကင်းမြို့နယ်တောင်တွင်းဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်ကို ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“သူတို့တက်လာတဲ့လမ်းကြောင့် ပွိုင့်တွေကို ကြိုသတင်းရတယ်။ဒါကြောင့် မနက်အစောကြီးကတည်းက စောင့်ပြီးတိုက်ခဲ့တာ။မိုင်းဆွဖတြာတွေလည်းပါတယ်”ဟု ဗိုလ်သံလုံးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းအတွက် ခခင်ဦးကျေးရွာမှ နေအိမ် (၇) လုံးအား မီးရှို့ဖျက်ဆီးခြင်းနှင့် စစ်ကြောင်းထိုးထွက်ခွာရာ လမ်းဘေးတောက်လျောက်ရှိ ကျေးရွာ နေအိမ်များကိုလည်း ဖျက်ဆီးသွားခဲ့သည်ဟု MKPDFက ဆိုသည်။

တောင်တွင်းဒေသတွင် ယခုအချိန်၌ အင်တာနက်လိုင်းများအလုံးစုံ ဖြတ်တောက်ခံထားရပြီး ဖုန်လိုင်းအချို့သည် ပြတ်တောက်နေကြောင်းလည်း သိရသည်။

(MKPDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

Zawgyi

မင္းကင္းတြင္ အၾကမ္းဖက္စစ္တပ္ႏွင့္ တိုက္ပြဲျဖစ္ရာ စစ္​ေကာင္စီတပ္သား ငါးဦးထက္မနည္း​ေသဟု ဗိုလ္သံလုံး​ေျပာ

—People’s Spring

မင္းကင္းၿမိဳ႕နယ္ ေတာင္တြင္းေဒသတြင္ အၾကမ္း ဖက္ စစ္ေကာင္စီတပ္ႏွင့္ တိုက္ပြဲျဖစ္ရာ စစ္ေကာင္စီတပ္သား ငါးဦးထက္ မနည္းေသဆုံးႏိုင္ေၾကာင္း မင္းကင္းျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ ေခါင္းေဆာင္ ဗိုလ္သံလုံးက လူထုေႏြဦးသို႔ အတည္ ျပဳသည္။

ယေန႔ (ဒီဇင္ဘာ ၁၆ရက္) နံနက္ ၁၀နာရီခန္႔တြင္
မင္းကင္းၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးတပ္ MKPDF ႏွင့္ မင္းကင္းၿမိဳ႕နယ္ေတာင္တြင္းေဒသ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕က အၾကမ္းဖက္စစ္ေကာင္စီတပ္ကို ပူးေပါင္းစစ္ဆင္ေရး ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

“သူတို႔တက္လာတဲ့လမ္းေၾကာင့္ ပြိဳင့္ေတြကို ႀကိဳသတင္းရတယ္။ဒါေၾကာင့္ မနက္အေစာႀကီးကတည္းက ေစာင့္ၿပီးတိုက္ခဲ့တာ။မိုင္းဆြဖၾတာေတြလည္းပါတယ္”ဟု ဗိုလ္သံလုံးက ႐ွင္းျပသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္သည္ ၎တို႔ မိုင္းဆြဲတိုက္ခိုက္ခံရျခင္းအတြက္ ခခင္ဦးေက်း႐ြာမွ ေနအိမ္ (၇) လုံးအား မီး႐ိႈ႕ဖ်က္ဆီးျခင္းႏွင့္ စစ္ေၾကာင္းထိုးထြက္ခြာရာ လမ္းေဘးေတာက္ေလ်ာက္႐ွိ ေက်း႐ြာ ေနအိမ္မ်ားကိုလည္း ဖ်က္ဆီးသြားခဲ့သည္ဟု MKPDFက ဆိုသည္။

ေတာင္တြင္းေဒသတြင္ ယခုအခ်ိန္၌ အင္တာနက္လိုင္းမ်ားအလုံးစုံ ျဖတ္ေတာက္ခံထားရၿပီး ဖုန္လိုင္းအခ်ိဳ႕သည္ ျပတ္ေတာက္ေနေၾကာင္းလည္း သိရသည္။

(MKPDF ရဲ​ေဘာ္မ်ားကို ​ေတြ႕ရစဥ္)

About the author

admin

Add Comment

Click here to post a comment