Local News

လေးကေ့ကော်တိုက်ပွဲ ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူ့ဂုဏ်သိက္ခာနှင့်အညီ လက်ခံထားကြောင်း KNU ပြော

လေးကေ့ကော်တိုက်ပွဲ ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူ့ဂုဏ်သိက္ခာနှင့်အညီ လက်ခံထား KNU ပြော

–လေးကေ့ကော်ဒေသ၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဆက်လုပ်နေဟုဆို

—People’s Spring

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ တိုက်ပွဲ၌ အရှင်ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးကို လူ့ဂုဏ်သိက္ခာနှင့်အညီ လက်ခံထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူ က ပြော သည်။

ဒီဇင်ဘာ ၁၆ရက်က လေးကေ့ကော်မြို့သစ်ဧရိယာ မယ်ထော်သလေး ဒေသ ၌ ဖြစ်ပွားခဲ့သည့် KNU ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု ရှိခဲ့ပြီး BGF နှစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး ဖမ်းဆီးခံခဲ့ရသည်။

အရှင်ဖမ်းမိခဲ့သည့် ခမရ (၂၇၅) မှ တပ်ဖွဲ့ဝင် ၆ဦးနှင့် BGF တပ်မှ ၂ဦး တို့ကို လေးကေ့ကော် အုပ်ချုပ်ရေးအဖွဲ့ထံ လာရောက်အပ်နှံထား၍ နွေးထွေစွာ ကြိုဆိုပြီး

အစားအသောက်နှင့် နေရာထိုင်ခင်းများ လုံခြုံစိတ်ချစွာစီစဉ်ပေးထားသည်ဟု လေးကေ့ကော် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ၏ ပြောကြားချက်ကို ကိုးကားပြီး ကရင်သတင်းဌာန KICတွင် ဓာတ်ပုံများနှင့် အတူဖော်ပြသည်။

KNU ဗဟိုမှ အဖွဲ့ဝင်တစ်ဦးကလည်း ဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့များကို အစားအသောက်နှင့် နေရာထိုင်ခင်းများ စီစဉ်ထားသည့် ဓာတ်ပုံများကို တွေ့ရကြောင်း ပြော သည်။

KNU ၏ စစ်သုံ့ပန်းဆိုင်ရာမူဝါဒတွင်လည်း ဖမ်းဆီးရမိသူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းမပြုရန် ဖော်ပြထားကြောင်း ၎င်း ကဆိုသည်။

“ စစ်သုံ့ပန်းသဘောသဘာ၀နဲ့အညီ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ ကူညီစောင့်ရှောက်ရမှာပေါ့။ KNU မူကတော့ စစ်သုံ့ပန်းကို သတ်ဖြတ်လို့မရဘူး ကောင်း ကောင်းမွန်မွန်စောင့်ရှောက်ရမယ်။ နောက် နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီပေါ့” ဟု KNU အဖွဲ့ဝင် တစ်ဦးက ပြောသည်။

လေးကေ့ကော်ဒေသ၌ ယနေ့လည်း ပစ်ခတ်မှုများ ရှိသည်ဟု ကြားသိရကြောင်းလည်း ၎င်းက ဆိုသည်။

“ရန်သူ့ဘက်က စစ်တပ်ဘက်က လက်နက်ကြီးပစ်တာ။ လေးကေ့ကော်နဲ့ မနီးမဝေးမှာ အဲဒါလက်နက်ကြီးနဲ့ပစ်တာရှိတယ်” ဟု အဆိုပါ KNU အဖွဲ့ဝင်က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၄ရက်တွင် KNU အုပ်ချုပ်ရေးနယ်မြေ လေးကေ့ကော်ဒေသသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လွှတ်တော်အမတ်အပါအဝင် လေးကေ့ကော် ဒေသ၌ ခိုလှုံနေသူများကို ဖမ်းဆီးခဲ့ရာ KNUနှင့် စစ်ရေးတင်းမာမှု ဖြစ်ပြီး ဒီဇင်ဘာ ၁၅ရက်တွင် တိုက်ပွဲစတင်ခဲ့သည်။

ဒီဇင်ဘာ ၁၆ရက်တွင်လည်း တိုက်ပွဲဆက်ဖြစ်ခဲ့ရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံထားရသူများလည်းရှိခဲ့သည်။

Zawgyi

ေလးေက့ေကာ္တိုက္ပြဲ ဖမ္းမိသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို လူ႕ဂုဏ္သိကၡာႏွင့္အညီ လက္ခံထား KNU ေျပာ

–ေလးေက့ေကာ္ေဒသ၌ စစ္ေကာင္စီတပ္က လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈ ဆက္လုပ္ေနဟုဆို

—People’s Spring

ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕နယ္ ေလးေက့ေကာ္ေဒသ တိုက္ပြဲ၌ အ႐ွင္ဖမ္းမိခဲ့သည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈ဦးကို လူ႕ဂုဏ္သိကၡာႏွင့္အညီ လက္ခံထားေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) တာဝန္႐ွိသူ က ေျပာ သည္။

ဒီဇင္ဘာ ၁၆ရက္က ေလးေက့ေကာ္ၿမိဳ႕သစ္ဧရိယာ မယ္ေထာ္သေလး ေဒသ ၌ ျဖစ္ပြားခဲ့သည့္ KNU ဦးေဆာင္သည့္ ပူးေပါင္းအဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္တို႔၏ တိုက္ပြဲတြင္ စစ္ေကာင္စီလက္ေအာက္ခံတပ္ဖြဲ႕ဝင္မ်ား ေသဆုံးထိခိုက္မႈ ႐ွိခဲ့ၿပီး BGF ႏွစ္ဦး အပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈ဦး ဖမ္းဆီးခံခဲ့ရသည္။

အ႐ွင္ဖမ္းမိခဲ့သည့္ ခမရ (၂၇၅) မွ တပ္ဖြဲ႕ဝင္ ၆ဦးႏွင့္ BGF တပ္မွ ၂ဦး တို႔ကို ေလးေက့ေကာ္ အုပ္ခ်ဳပ္ေရးအဖြဲ႕ထံ လာေရာက္အပ္ႏွံထား၍ ေႏြးေထြစြာ ႀကိဳဆိုၿပီး

အစားအေသာက္ႏွင့္ ေနရာထိုင္ခင္းမ်ား လုံျခဳံစိတ္ခ်စြာစီစဥ္ေပးထားသည္ဟု ေလးေက့ေကာ္ အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ နီးစပ္သူ၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး ကရင္သတင္းဌာန KICတြင္ ဓာတ္ပုံမ်ားႏွင့္ အတူေဖာ္ျပသည္။

KNU ဗဟိုမွ အဖြဲ႕ဝင္တစ္ဦးကလည္း ဖမ္းမိ စစ္ေကာင္စီတပ္ဖြဲ႕မ်ားကို အစားအေသာက္ႏွင့္ ေနရာထိုင္ခင္းမ်ား စီစဥ္ထားသည့္ ဓာတ္ပုံမ်ားကို ေတြ႕ရေၾကာင္း ေျပာ သည္။

KNU ၏ စစ္သုံ႔ပန္းဆိုင္ရာမူဝါဒတြင္လည္း ဖမ္းဆီးရမိသူမ်ားကို ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ျခင္းမျပဳရန္ ေဖာ္ျပထားေၾကာင္း ၎ ကဆိုသည္။

“ စစ္သုံ႔ပန္းသေဘာသဘာ၀နဲ႔အညီ ကြၽန္ေတာ္တို႔ အဖြဲ႕အစည္းအေနနဲ႔ ကူညီေစာင့္ေ႐ွာက္ရမွာေပါ့။ KNU မူကေတာ့ စစ္သုံ႔ပန္းကို သတ္ျဖတ္လို႔မရဘူး ေကာင္း ေကာင္းမြန္မြန္ေစာင့္ေ႐ွာက္ရမယ္။ ေနာက္ ႏိုင္ငံတကာ စံခ်ိန္စံႏႈန္းနဲ႔အညီေပါ့” ဟု KNU အဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။

ေလးေက့ေကာ္ေဒသ၌ ယေန႔လည္း ပစ္ခတ္မႈမ်ား ႐ွိသည္ဟု ၾကားသိရေၾကာင္းလည္း ၎က ဆိုသည္။

“ရန္သူ႕ဘက္က စစ္တပ္ဘက္က လက္နက္ႀကီးပစ္တာ။ ေလးေက့ေကာ္နဲ႔ မနီးမေဝးမွာ အဲဒါလက္နက္ႀကီးနဲ႔ပစ္တာ႐ွိတယ္” ဟု အဆိုပါ KNU အဖြဲ႕ဝင္က ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီတပ္သည္ ဒီဇင္ဘာ ၁၄ရက္တြင္ KNU အုပ္ခ်ဳပ္ေရးနယ္ေျမ ေလးေက့ေကာ္ေဒသသို႔ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္ၿပီး လႊတ္ေတာ္အမတ္အပါအဝင္ ေလးေက့ေကာ္ ေဒသ၌ ခိုလႈံေနသူမ်ားကို ဖမ္းဆီးခဲ့ရာ KNUႏွင့္ စစ္ေရးတင္းမာမႈ ျဖစ္ၿပီး ဒီဇင္ဘာ ၁၅ရက္တြင္ တိုက္ပြဲစတင္ခဲ့သည္။

ဒီဇင္ဘာ ၁၆ရက္တြင္လည္း တိုက္ပြဲဆက္ျဖစ္ခဲ့ရာ ႏွစ္ရက္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀ေက်ာ္ေသဆုံးကာ ထိခိုက္ဒဏ္ရာရသူမ်ားႏွင့္ ဖမ္းဆီးခံထားရသူမ်ားလည္း႐ွိခဲ့သည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.