Local News

နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးရှောင်ပြည်သူများကို ကူညီရန် NUG အစိုးရက ထိုင်းအစိုးရနှင့်နိုင်ငံတကာသို့ အရေးပေါ်မေတ္တာရပ်ခံ

နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးရှောင်ပြည်သူများကို ကူညီရန် NUG အစိုးရက ထိုင်းအစိုးရနှင့်နိုင်ငံတကာသို့ အရေးပေါ်မေတ္တာရပ်ခံ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

အကြမ်းဖက်စစ်ကောင်စီ၏ ကျူးကျော်စစ်များနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ကရင်ပြည်နယ်မှ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြသည့်

မြန်မာစစ်ဘေးရှောင်များကို ကူညီရန် NUG အစိုးရက ထိုင်းအစိုးရနှင့်နိုင်ငံတကာသို့ မေတ္တာရပ်ခံလိုက်ပြီဖြစ်သည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရက်များကြောင့်ဖြစ်ပွားလာရသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပေးတိမ်းရှောင် လာရသော

စစ်ဘေးရှောင်ပြည်သူများအရေးနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ် လေးကေကော်မှ နေရပ်စွန့်ခွာထွက်ပြေးလာရသည့် စစ်ဘေးရှောင်ပြည်သူများကို ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ခိုလှုံခွင့်ပေးနိုင်ရေး၊

နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း အဆိုပါစစ်ဘေးရှောင်ပြည်သူများကို လိုအပ်သောအကူအညီများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရေး စသည့်အချက်များပါဝင်ကြောင်း သိရှိရသည်။

Zawgyi

နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပးလာၾကသည့္ ျမန္မာစစ္ေဘးေ႐ွာင္ျပည္သူမ်ားကို ကူညီရန္ NUG အစိုးရက ထိုင္းအစိုးရႏွင့္ႏိုင္ငံတကာသို႔ အေရးေပၚေမတၱာရပ္ခံ

ရန္ကုန္၊ ဒီဇင္ဘာ ၁၇

အၾကမ္းဖက္စစ္ေကာင္စီ၏ က်ဴးေက်ာ္စစ္မ်ားႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ ကရင္ျပည္နယ္မွ နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပးလာၾကသည့္ ျမန္မာစစ္ေဘးေ႐ွာင္မ်ားကို ကူညီရန္ NUG အစိုးရက ထိုင္းအစိုးရႏွင့္ႏိုင္ငံတကာသို႔ ေမတၱာရပ္ခံလိုက္ၿပီျဖစ္သည္။

လက္႐ွိအခ်ိန္တြင္ အၾကမ္းဖက္စစ္အုပ္စု၏ အၾကမ္းဖက္လုပ္ရက္မ်ားေၾကာင့္ျဖစ္ပြားလာရသည့္ လက္နက္ကိုင္တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေပးတိမ္းေ႐ွာင္ လာရေသာ

စစ္ေဘးေ႐ွာင္ျပည္သူမ်ားအေရးႏွင့္စပ္လ်ဥ္း၍ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထိုင္းႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ေမတၱာရပ္ခံစာေပးပို႔ခဲ့ေၾကာင္း သိ႐ွိရသည္။

ကရင္ျပည္နယ္ ေလးေကေကာ္မွ ေနရပ္စြန္႔ခြာထြက္ေျပးလာရသည့္ စစ္ေဘးေ႐ွာင္ျပည္သူမ်ားကို ထိုင္း-ျမန္မာ နယ္စပ္ျဖတ္ေက်ာ္ခိုလႈံခြင့္ေပးႏိုင္ေရး၊

ႏိုင္ငံတကာအသိုင္းအဝိုင္းမွလည္း အဆိုပါစစ္ေဘးေ႐ွာင္ျပည္သူမ်ားကို လိုအပ္ေသာအကူအညီမ်ား၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားေပးႏိုင္ေရး စသည့္အခ်က္မ်ားပါဝင္ေၾကာင္း သိ႐ွိရသည္။

About the author

admin

Add Comment

Click here to post a comment