Local News

တိုက်ပွဲများပြင်းထန်းလာ၍​ဒေါ်လာနှင့်​ရွှေ​ဈေးပြန်တက်

တိုက်ပွဲများပြင်းထန်းလာ၍​ဒေါ်လာနှင့်​ရွှေ​ဈေးပြန်တက်

– People’s Spring

နိုင်ငံအနှံ တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ဒေါ်လာဈေးနှင့်ရွှေဈေး ပြန်လည်မြင့်တက်လာကြောင်းဈေးကွက်အတွင်းမှ သိရသည်။

ဒီဇင်ဘာ ၉ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁,၈၂၅ ၀၀၀ ကျပ်အထိမြင့်တက်ပြီးနောက် ပြန်လည်ကျဆင်းခဲ့​ရာမှ ဒီဇင်ဘာ ၁၇ ရက် နေလည်ပိုင်းတွင် ၁၈သိန်းကျော်အထိ ပြန်လည်မြင့်တက်လာသည်ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်များက​ပြောသည်။

“မြဝတီဘက်မှာ စစ်ပွဲတွေဖြစ်နေတော့ ရွှေလမ်းကြောင်းပိတ်တာကြောင့် အခုလိုဈေးပြန်တက်လာတာ။ စစ်ပွဲတွေ ပိုပြင်းထန်လာလေ အဝယ်ပိုများလာတဲ့ သဘောပါပဲ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

​ရွှေ​ဈေးတက်ခြင်းမှာတိုက်ပွဲများပိုမိုပြင်းထန်လာခြင်းအပြင် ကမ္ဘာရွှေဈေးမြင့်တက်လာခြင်းကြောင့်လည်းပါဝင်သည်ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စီကို ၁၈၀၃ ဒေါ်လာရှိပြီး ဒီဇင်ဘာ ၉ ရက်တွင် ဒေါ်လာ ၁၇၈၅ သာရှိခဲ့၍ ၁၈ ​ဒေါ်လာ​ဈေးတက်ခဲ့သည်။ ဒေါ်လာဈေးလည်း ၁၉၀၀ကျပ်ပြန်လည်မြင့်တက်လာသည်ဟု ၎င်းကဆက်​ပြောသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၁၈၈၀ကျပ်မှ ၁၉၀၀ ကျပ်အထိပေါက်ဈေးရှိနေသည်။ ငွေလဲကောင်တာများတွင် အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်ထားမှုကြောင့် တစ်ဒေါ်လာကို ၁၇၇၉ ကျပ်မှ ၁၇၈၇ ကျပ်အထိသာ ဈေးဖွင့်ထားသည်။

“ဒေါ်လာ အရောင်းအဝယ်က စစ်ရေးမတင်းမာခင်ကတည်းက အမြင့်ဈေးမှာဘဲရှိနေတာ။ ဖြေးဖြေးချင်း ပြန်တက်နေတာပေါ့”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း ဒေါ်လာနှင့်ရွှေဈေးများ မြင့်တက်လာခဲ့ပြီး အတက်အကျများက ဈေးနှုန်းများ မတည်ငြိမ်ဖြစ်ခဲ့သည်။ စက်တင်ဘာ ၂၈ ရက်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်းနှင့် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိမြင့်တက်ခဲ့သည်။

ထိုနောက် အခေါက်ရွှေတစ်ကျပ်သားကို ကျပ်၁၈သိန်းနှင့် တစ်ဒေါ်လာကို ၂၀၀၀ကျပ်အောက်ကို နှစ်ပတ်အတွင်းပြန်လည်ကျဆင်းခဲ့သည်။

အကြမ်းဖက်စစ်​ကောင်စီကအာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ လကုန်ပိုင်းတွင် ၁ဒါ်လာလျှင် ၁၃၇၇ ကျပ်သာရှိခဲ့ပြီး အာဏာသိမ်းမှု​ကြောင့်စီးပွား​ရေးနှင့်​ငွေ​ကြေး​ဈေးကွက်တစ်ခုလုံးက​မောက်ကမ ဖြစ်ကာကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်းခဲ့ခြင်းဖြစ်သည်။

Zawgyi

တိုက္ပြဲမ်ားျပင္းထန္းလာ၍​ေဒၚလာႏွင့္​ေ႐ႊ​ေဈးျပန္တက္

– People’s Spring

ႏိုင္ငံအႏွံ တိုက္ပြဲမ်ားျပင္းထန္လာျခင္းေၾကာင့္ ေဒၚလာေဈးႏွင့္ေ႐ႊေဈး ျပန္လည္ျမင့္တက္လာေၾကာင္းေဈးကြက္အတြင္းမွ သိရသည္။

ဒီဇင္ဘာ ၉ရက္တြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၁,၈၂၅ ၀၀၀ က်ပ္အထိျမင့္တက္ၿပီးေနာက္ ျပန္လည္က်ဆင္းခဲ့​ရာမွ ဒီဇင္ဘာ ၁၇ ရက္ ေနလည္ပိုင္းတြင္ ၁၈သိန္းေက်ာ္အထိ ျပန္လည္ျမင့္တက္လာသည္ဟု ျပည္တြင္းေ႐ႊလုပ္ငန္း႐ွင္မ်ားက​ေျပာသည္။

“ျမဝတီဘက္မွာ စစ္ပြဲေတြျဖစ္ေနေတာ့ ေ႐ႊလမ္းေၾကာင္းပိတ္တာေၾကာင့္ အခုလိုေဈးျပန္တက္လာတာ။ စစ္ပြဲေတြ ပိုျပင္းထန္လာေလ အဝယ္ပိုမ်ားလာတဲ့ သေဘာပါပဲ”ဟု ေ႐ႊလုပ္ငန္း႐ွင္တစ္ဦးကေျပာသည္။

​ေ႐ႊ​ေဈးတက္ျခင္းမွာတိုက္ပြဲမ်ားပိုမိုျပင္းထန္လာျခင္းအျပင္ ကမ႓ာေ႐ႊေဈးျမင့္တက္လာျခင္းေၾကာင့္လည္းပါဝင္သည္ဟု ေ႐ႊဆိုင္ပိုင္႐ွင္တစ္ဦးကေျပာသည္။

ဒီဇင္ဘာ ၁၇ ရက္တြင္ ကမ႓ာ့ေ႐ႊေဈးသည္ တစ္ေအာင္စီကို ၁၈၀၃ ေဒၚလာ႐ွိၿပီး ဒီဇင္ဘာ ၉ ရက္တြင္ ေဒၚလာ ၁၇၈၅ သာ႐ွိခဲ့၍ ၁၈ ​ေဒၚလာ​ေဈးတက္ခဲ့သည္။ ေဒၚလာေဈးလည္း ၁၉၀၀က်ပ္ျပန္လည္ျမင့္တက္လာသည္ဟု ၎ကဆက္​ေျပာသည္။

ဒီဇင္ဘာ ၁၇ ရက္တြင္ ျပင္ပေပါက္ေဈးတြင္ တစ္ေဒၚလာကို ၁၈၈၀က်ပ္မွ ၁၉၀၀ က်ပ္အထိေပါက္ေဈး႐ွိေနသည္။ ေငြလဲေကာင္တာမ်ားတြင္ အၾကမ္းဖက္စစ္ေကာင္စီက ထိန္းခ်ဳပ္ထားမႈေၾကာင့္ တစ္ေဒၚလာကို ၁၇၇၉ က်ပ္မွ ၁၇၈၇ က်ပ္အထိသာ ေဈးဖြင့္ထားသည္။

“ေဒၚလာ အေရာင္းအဝယ္က စစ္ေရးမတင္းမာခင္ကတည္းက အျမင့္ေဈးမွာဘဲ႐ွိေနတာ။ ေျဖးေျဖးခ်င္း ျပန္တက္ေနတာေပါ့”ဟု ေငြလဲလုပ္ငန္းေဆာင္႐ြက္ေနသူတစ္ဦးကေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံအတြင္း ေဒၚလာႏွင့္ေ႐ႊေဈးမ်ား ျမင့္တက္လာခဲ့ၿပီး အတက္အက်မ်ားက ေဈးႏႈန္းမ်ား မတည္ၿငိမ္ျဖစ္ခဲ့သည္။ စက္တင္ဘာ ၂၈ ရက္က အေခါက္ေ႐ႊတစ္က်ပ္သားကို က်ပ္ ၂၂ သိန္းႏွင့္ တစ္ေဒၚလာကို ၂၇၀၀က်ပ္အထိျမင့္တက္ခဲ့သည္။

ထိုေနာက္ အေခါက္ေ႐ႊတစ္က်ပ္သားကို က်ပ္၁၈သိန္းႏွင့္ တစ္ေဒၚလာကို ၂၀၀၀က်ပ္ေအာက္ကို ႏွစ္ပတ္အတြင္းျပန္လည္က်ဆင္းခဲ့သည္။

အၾကမ္းဖက္စစ္​ေကာင္စီကအာဏာမသိမ္းခင္ ၂၀၂၁ ဇန္နဝါရီ လကုန္ပိုင္းတြင္ ၁ဒၚလာလွ်င္ ၁၃၇၇ က်ပ္သာ႐ွိခဲ့ၿပီး အာဏာသိမ္းမႈ​ေၾကာင့္စီးပြား​ေရးႏွင့္​ေငြ​ေၾကး​ေဈးကြက္တစ္ခုလုံးက​ေမာက္ကမ ျဖစ္ကာက်ပ္​ေငြတန္ဖိုးစံခ်ိန္တင္က်ဆင္းခဲ့ျခင္းျဖစ္သည္။