International News

အလွန်ကူးစက်မြန်သော ကိုဗစ်မျိုးစိတ်သစ် Omicron တောင်အာဖရိကတွင် စတင်တွေ့ရပြီး ယခင်ကိုဗစ်ပိုး ထက် ပျံ့နှံ့မှုနှုန်းအဆ ၅၀၀ မြန်ဆန်၊ ကာ ကွယ်ဆေး မတိုးနိုင်တော့၍ တစ်ကမ္ဘာလုံး ဝရုန်းသုန်းကားဖြစ်

အလွန်ကူးစက်မြန်သော ကိုဗစ်မျိုးစိတ်သစ် Omicron တောင်အာဖရိကတွင် စတင်တွေ့ရပြီး ယခင်ကိုဗစ်ပိုး ထက် ပျံ့နှံ့မှုနှုန်းအဆ ၅၀၀ မြန်ဆန်၊ ကာ ကွယ်ဆေး မတိုးနိုင်တော့၍ တစ်ကမ္ဘာလုံး ဝရုန်းသုန်းကားဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Omicron ကိုဗစ်မျိုးစိတ်သစ် ကူးစက်လာမှုသည် စိုးရိမ်စရာကောင်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

အဆိုပါ ကိုဗစ်မျိုးစိတ်သစ်သည် ဗီဇပြောင်းလဲမှုအများအပြားရှိခဲ့ပြီး အစောပိုင်းအထောက်အထားများက ပြန်လည်ကူးစက်နိုင်ခြေ တိုးလာကြောင်း WHOက ပြောကြားသည်။

တောင်အာဖရိကမှ WHO သို့ နိုဝင်ဘာ ၂၄ ရက်က ကိုဗစ်မျိုးစိတ်သစ် ကူးစက်နေကြောင်း အစီရင်ခံခဲ့ပြီး ဘော့ဆွာနာ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်နှင့် အစ္စရေးတို့တွင် Omicron မျိုးစိတ်သစ် ကူးစက်မှုများ တွေ့ရှိရပြီဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ နိုင်ငံအများအပြားသည် အာဖရိကတောင်ပိုင်းသို့ ခရီးသွားခြင်းနှင့် တောင်အာဖရိကမှ ခရီးသည်များ လာရောက်ခြင်းကို တားမြစ်ကန့်သတ်ကြောင်း အမိန့်များ ထုတ်ပြန်နေကြပြီဖြစ်သည်။

တောင်အာဖရိက၊ နမီးဘီးယား၊ ဇင်ဘာဘွေ၊ ဘော့ဆွာနာ၊ လီဆိုသိုနှင့် အက်စ်ဝါတီနီတို့မှ ခရီးသွားများကို ကမ္ဘာ့နိုင်ငံအများအပြားက လာရောက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုကလည်း တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆိုသို၊ အက်စဝါတီနီ၊ မိုဇမ်ဘစ်နှင့် မာလာဝီတို့မှ ပျံသန်းမှုများကို လာမည့်တနင်္လာနေ့မှစတင် ပိတ်ဆို့လိုက်ကြောင်းသိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် WHO က ကိုဗစ်မျိုးစိတ်သစ် B.1.1.529 ဖြစ်ပွားမှု ရှိကြောင်း ကြေညာခဲ့ပြီး ယနေ့တွင် ယင်းကိုဗစ်မျိုးစိတ်သစ်ကို Omicron ဟု အမည်ပေးလိုက်ခြင်းဖြစ်သည်။

“ဒီမျိုးစိတ်မှာ စိုးရိမ်စရာကောင်းတဲ့ ဗီဇပြောင်းလဲမှုအမြောက်အများရှိနေပါတယ်” ဟု WHO က ပြောသည်။

ကိုဗစ်မျိုးစိတ်သစ် B.1.1.529 (သို့မဟုတ်) Omicron ကို နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သိပ္ပံပညာရှင်များက ကိုဗစ်မျိုးစိတ်သစ် အကြောင်းနှင့် မျိုးကွဲအသစ်၏ အကျိုးသက်ရောက်မှုကို နားလည်ရန် ရက်သတ္တပတ်အနည်းငယ်ကြာမည်ဟု WHO က ပြောသည်။

လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ စတော့ဈေးကွက်များသည် သောကြာနေ့တွင် သိသိသာသာ ကျဆင်းသွားကာ အလားအလာရှိသော စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်လျက်ရှိသည်။

Zawgyi

အလြန္ကူးစက္ျမန္ေသာ ကိုဗစ္မ်ိဳးစိတ္သစ္ Omicron ေတာင္အာဖရိကတြင္ စတင္ေတြ႕ရၿပီး ယခင္ကိုဗစ္ပိုး ထက္ ပ်ံ႕ႏွံ႔မႈႏႈန္းအဆ ၅၀၀ ျမန္ဆန္၊ ကာ ကြယ္ေဆး မတိုးႏိုင္ေတာ့၍ တစ္ကမ႓ာလုံး ဝ႐ုန္းသုန္းကားျဖစ္

ရန္ကုန္၊ ႏိုဝင္ဘာ ၂၇

ကမ႓ာ့က်န္းမာေရးအဖြဲ႕ႀကီးက Omicron ကိုဗစ္မ်ိဳးစိတ္သစ္ ကူးစက္လာမႈသည္ စိုးရိမ္စရာေကာင္း ထုတ္ျပန္ေၾကညာလိုက္ၿပီျဖစ္သည္။

အဆိုပါ ကိုဗစ္မ်ိဳးစိတ္သစ္သည္ ဗီဇေျပာင္းလဲမႈအမ်ားအျပား႐ွိခဲ့ၿပီး အေစာပိုင္းအေထာက္အထားမ်ားက ျပန္လည္ကူးစက္ႏိုင္ေျခ တိုးလာေၾကာင္း WHOက ေျပာၾကားသည္။

ေတာင္အာဖရိကမွ WHO သို႔ ႏိုဝင္ဘာ ၂၄ ရက္က ကိုဗစ္မ်ိဳးစိတ္သစ္ ကူးစက္ေနေၾကာင္း အစီရင္ခံခဲ့ၿပီး ေဘာ့ဆြာနာ၊ ဘယ္လ္ဂ်ီယံ၊ ေဟာင္ေကာင္ႏွင့္ အစၥေရးတို႔တြင္ Omicron မ်ိဳးစိတ္သစ္ ကူးစက္မႈမ်ား ေတြ႕႐ွိရၿပီျဖစ္ေၾကာင္း သိ႐ွိရသည္။

ယခုအခါ ႏိုင္ငံအမ်ားအျပားသည္ အာဖရိကေတာင္ပိုင္းသို႔ ခရီးသြားျခင္းႏွင့္ ေတာင္အာဖရိကမွ ခရီးသည္မ်ား လာေရာက္ျခင္းကို တားျမစ္ကန္႔သတ္ေၾကာင္း အမိန္႔မ်ား ထုတ္ျပန္ေနၾကၿပီျဖစ္သည္။

ေတာင္အာဖရိက၊ နမီးဘီးယား၊ ဇင္ဘာေဘြ၊ ေဘာ့ဆြာနာ၊ လီဆိုသိုႏွင့္ အက္စ္ဝါတီနီတို႔မွ ခရီးသြားမ်ားကို ကမ႓ာ့ႏိုင္ငံအမ်ားအျပားက လာေရာက္ခြင့္ ပိတ္ပင္လိုက္ျခင္းျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုကလည္း ေတာင္အာဖရိက၊ ေဘာ့ဆြာနာ၊ ဇင္ဘာေဘြ၊ နမီးဘီးယား၊ လီဆိုသို၊ အက္စဝါတီနီ၊ မိုဇမ္ဘစ္ႏွင့္ မာလာဝီတို႔မွ ပ်ံသန္းမႈမ်ားကို လာမည့္တနလၤာေန႔မွစတင္ ပိတ္ဆို႔လိုက္ေၾကာင္းသိ႐ွိရသည္။

ႏိုဝင္ဘာလ ၂၆ ရက္ေန႔တြင္ WHO က ကိုဗစ္မ်ိဳးစိတ္သစ္ B.1.1.529 ျဖစ္ပြားမႈ ႐ွိေၾကာင္း ေၾကညာခဲ့ၿပီး ယေန႔တြင္ ယင္းကိုဗစ္မ်ိဳးစိတ္သစ္ကို Omicron ဟု အမည္ေပးလိုက္ျခင္းျဖစ္သည္။

“ဒီမ်ိဳးစိတ္မွာ စိုးရိမ္စရာေကာင္းတဲ့ ဗီဇေျပာင္းလဲမႈအေျမာက္အမ်ား႐ွိေနပါတယ္” ဟု WHO က ေျပာသည္။

ကိုဗစ္မ်ိဳးစိတ္သစ္ B.1.1.529 (သို႔မဟုတ္) Omicron ကို ႏိုဝင္ဘာလ ၉ ရက္ေန႔တြင္ စတင္ေတြ႕႐ွိခဲ့ျခင္းျဖစ္သည္။

သိပၸံပညာ႐ွင္မ်ားက ကိုဗစ္မ်ိဳးစိတ္သစ္ အေၾကာင္းႏွင့္ မ်ိဳးကြဲအသစ္၏ အက်ိဳးသက္ေရာက္မႈကို နားလည္ရန္ ရက္သတၱပတ္အနည္းငယ္ၾကာမည္ဟု WHO က ေျပာသည္။

လက္႐ွိတြင္ ကမ႓ာတစ္ဝွမ္း႐ွိ စေတာ့ေဈးကြက္မ်ားသည္ ေသာၾကာေန႔တြင္ သိသိသာသာ က်ဆင္းသြားကာ အလားအလာ႐ွိေသာ စီးပြားေရးဆိုင္ရာ အက်ိဳးသက္ေရာက္မႈမ်ားေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက စိုးရိမ္လ်က္႐ွိသည္။

About the author

admin

Add Comment

Click here to post a comment