Local News

မန္တလေးတွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊ ယမန်နေ့ကလည်း ကုမ္ပဏီရုံးခန်းတစ်ခုတွင် ဓားပြတိုက်မှုဖြစ်

မန္တလေးတွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊ ယမန်နေ့ကလည်း ကုမ္ပဏီရုံးခန်းတစ်ခုတွင် ဓားပြတိုက်မှုဖြစ်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်အား ယနေ့(ဒီဇင်ဘာ ၁၈)ညနေပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ ဝိန့်လီရွှေဆိုင်အား လက်နက်ကိုင်ဆောင်ထားသူအချို့က သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“လမ်း ၈၀၊ လမ်း ၃၀ လောက်မှာတော့ လမ်းပိတ် ကြိတ်ကြိတ်တိုးနေတာ တွေ့ခဲ့တယ်။ ခုပဲ ရှောင်ကွင်းမောင်းပြီး ပြန်လာတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရွှေဆိုင်ဓားပြတိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ရွှေဆိုင်အနီးဝန်ကျင်လမ်းများကိုပိတ်ဆို့ပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

အလားတူ ယမန်နေ့(ဒီဇင်ဘာ ၁၇)ညနေပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်ရှိ မဂ်လာမန္တ လေးအိမ်ရာအတွင်း ဓားပြတိုက်မှုတစ်ခုဖြစ် ပွားခဲ့ကြောင်း မန္တလေးမြို့ခံများက ပြော သည်။

“ဟုတ်တယ်။ မနေ့က မဂ်လာမန္တလေးမှာဖြစ်တဲ့ ဓားပြမှုက သံသယရှိသူတွေကို ဖမ်းမိထားတယ်လည်း ကြားမိတယ်။ အတိအကျတော့ မသိဘူး”ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

မဂ်လာမန္တလေးအိမ်ရာဓားပြတိုက်မှုတွင် လက်နက်အတု (ကော်သေနတ်)များ ကိုင်ဆောင်ထားသည့် အမျိုးသားအချို့က အိမ်ရာ၏မြေ ညီထပ်၌ဖွင့်ထားသော ကုမ္ပဏီရုံးခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီရုံးခန်းစီးနင်းခံရမှုတွင် ကျပ်သိန်း ၃,၀၀၀ ကျော်ပါသွားသည်ဟု ကြားသိရသော်လည်း People’s Spring က သီးခြားအတည်ပြုချက် မရရှိခဲ့ပေ။

ကုမ္ပဏီရုံးခန်းဓားပြတိုက်ခံရမှုတွင် အသုံးပြုခဲ့သော အိမ်စီးကားတစ်စီးကို ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်ရဲများက ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းကားပေါ်တွင် ကော်သေနတ်နှင့် ငွေစက္ကူအချို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသအ​ခြေစိုက် Mandalay Free Press – MFP သတင်းဌာနက ဖော်ပြထားသည်။

ထို့ကြောင့် ဓားပြတိုက်ရာတွင်အသုံးပြုသည့် ကားအားရှာဖွေတွေ့ရှိခဲ့သည့် အောင်မြင်သူကုမ္ပဏီပိုင် အုန်အင်း (ကျူး)ခြံမှ ခြံစောင့်နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း MFP သတင်းတွင် ဖော်ပြထားသည်။

ယနေ့ညနေပိုင်းကဖြစ်ပွားသော မန္တ​လေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဝိန့်လီရွှေဆိုင် ဓားပြတိုက်ခံရမှုနှင့်စပ်လျဥ်းပြီး ငွေကြေးဆုံးရှုံးမှုပမာဏ မည်မျှရှိခဲ့သည်ကို အတိအကျ မသိရသေးပေ။

People’sSpring

Zawgyi

မႏၲေလးတြင္ ေ႐ႊဆိုင္တစ္ဆိုင္ ဓားျပတိုက္ခံရ၊ ယမန္ေန႔ကလည္း ကုမၸဏီ႐ုံးခန္းတစ္ခုတြင္ ဓားျပတိုက္မႈျဖစ္

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္႐ွိ ေ႐ႊဆိုင္တစ္ဆိုင္အား ယေန႔(ဒီဇင္ဘာ ၁၈)ညေနပိုင္းက ဓားျပတိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သတင္းရ႐ွိသည္။

ခ်မ္းေအးသာစံၿမိဳ႕နယ္ လမ္း ၈၀၊ ၂၉ လမ္းႏွင့္ လမ္း ၃၀ ၾကား႐ွိ ဝိန္႔လီေ႐ႊဆိုင္အား လက္နက္ကိုင္ေဆာင္ထားသူအခ်ိဳ႕က ေသနတ္ပစ္ေဖာက္ကာ ဓားျပတိုက္သြားျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“လမ္း ၈၀၊ လမ္း ၃၀ ေလာက္မွာေတာ့ လမ္းပိတ္ ႀကိတ္ႀကိတ္တိုးေနတာ ေတြ႕ခဲ့တယ္။ ခုပဲ ေ႐ွာင္ကြင္းေမာင္းၿပီး ျပန္လာတာ”ဟု ေဒသခံတစ္ဦးက ေျပာသည္။

အဆိုပါ ေ႐ႊဆိုင္ဓားျပတိုက္ခံရမႈေၾကာင့္ စစ္ေကာင္စီတပ္မ်ား ေရာက္႐ွိလာၿပီး ေ႐ႊဆိုင္အနီးဝန္က်င္လမ္းမ်ားကိုပိတ္ဆို႔ၿပီး စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔(ဒီဇင္ဘာ ၁၇)ညေနပိုင္းကလည္း ခ်မ္းျမသာစည္ၿမိဳ႕နယ္႐ွိ မဂ္လာမႏၲ ေလးအိမ္ရာအတြင္း ဓားျပတိုက္မႈတစ္ခုျဖစ္ ပြားခဲ့ေၾကာင္း မႏၲေလးၿမိဳ႕ခံမ်ားက ေျပာ သည္။

“ဟုတ္တယ္။ မေန႔က မဂ္လာမႏၲေလးမွာျဖစ္တဲ့ ဓားျပမႈက သံသယ႐ွိသူေတြကို ဖမ္းမိထားတယ္လည္း ၾကားမိတယ္။ အတိအက်ေတာ့ မသိဘူး”ဟု ၎ၿမိဳ႕ခံက ဆက္ေျပာသည္။

မဂ္လာမႏၲေလးအိမ္ရာဓားျပတိုက္မႈတြင္ လက္နက္အတု (ေကာ္ေသနတ္)မ်ား ကိုင္ေဆာင္ထားသည့္ အမ်ိဳးသားအခ်ိဳ႕က အိမ္ရာ၏ေျမ ညီထပ္၌ဖြင့္ထားေသာ ကုမၸဏီ႐ုံးခန္းတစ္ခုကို ဝင္ေရာက္စီးနင္းခဲ့ျခင္းျဖစ္သည္။

အဆိုပါ ကုမၸဏီ႐ုံးခန္းစီးနင္းခံရမႈတြင္ က်ပ္သိန္း ၃,၀၀၀ ေက်ာ္ပါသြားသည္ဟု ၾကားသိရေသာ္လည္း People’s Spring က သီးျခားအတည္ျပဳခ်က္ မရ႐ွိခဲ့ေပ။

ကုမၸဏီ႐ုံးခန္းဓားျပတိုက္ခံရမႈတြင္ အသုံးျပဳခဲ့ေသာ အိမ္စီးကားတစ္စီးကို ယမန္ေန႔ညပိုင္းတြင္ စစ္ေကာင္စီတပ္ရဲမ်ားက ႐ွာေဖြေတြ႕႐ွိခဲ့ၿပီး ယင္းကားေပၚတြင္ ေကာ္ေသနတ္ႏွင့္ ေငြစကၠဴအခ်ိဳ႕ကိုပါ သိမ္းဆည္းရမိခဲ့ေၾကာင္း ေဒသအ​ေျခစိုက္ Mandalay Free Press – MFP သတင္းဌာနက ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ဓားျပတိုက္ရာတြင္အသုံးျပဳသည့္ ကားအား႐ွာေဖြေတြ႕႐ွိခဲ့သည့္ ေအာင္ျမင္သူကုမၸဏီပိုင္ အုန္အင္း (က်ဴး)ျခံမွ ျခံေစာင့္ႏွစ္ဦးကို ဖမ္းဆီးစစ္ေဆးေနေၾကာင္းလည္း MFP သတင္းတြင္ ေဖာ္ျပထားသည္။

ယေန႔ညေနပိုင္းကျဖစ္ပြားေသာ မႏၲ​ေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္႐ွိ ဝိန္႔လီေ႐ႊဆိုင္ ဓားျပတိုက္ခံရမႈႏွင့္စပ္လ်ဥ္းၿပီး ေငြေၾကးဆုံး႐ႈံးမႈပမာဏ မည္မွ်႐ွိခဲ့သည္ကို အတိအက် မသိရေသးေပ။

People’sSpring

Recent Comments

No comments to show.