Local News

PDF တပ်သားတချို့ရှေ့တန်းထွက်ကာ စစ်တိုက်ဖို့ ဆန္ဒပြတောင်းဆို

PDF တပ်သားတချို့ရှေ့တန်းထွက်ကာ စစ်တိုက်ဖို့ ဆန္ဒပြတောင်းဆို

ဒီဇင်ဘာ(၁၉)

စစ်ကောင်စီတပ်တွေနဲ့လတ်တလောတိုက်ပွဲတွေဖြစ်နေတဲ့ လေးကေ့ကော်ဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) ဝင်တချို့ဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ရှေ့တန်းမထွက်ရတဲ့အတွက်

တချို့တပ်ရင်းတပ်ဖွဲ့တွေက စစ်သည်တချို့ဟာ ဆန္ဒပြတောင်းဆိုတာတွေရှိလာတယ်လို့လေးကေ့ကော်ဒေသမှတပ်မှူးတချိုကပြောပါတယ်။

“မနေ့က မနက်စာနဲ့ နေ့လည်စာ ထမင်းလာမစားတဲ့ ရဲဘော်တွေရှိတယ်လို့သတင်းပို့တော့ ကျွန်တော်သွားပြီးမေးတယ်။ မင်းတို့ဘာဖြစ်လို့ထမင်းမစားတာလဲမေးတော့ ရှေ့တန်းမထွက်ရလို့လို့ပြောတယ်ဗျာ။

စစ်သားဆိုတာဆန္ဒပြလို့မရဘူးအမိန့်အတိုင်းပဲလုပ်ရမယ်။ နောက်တစ်ခါဆန္ဒပြရင် အရေးယူခံရမယ်လို့ပြောလိုက်တယ်” လို့လေးကေ့ကော်ဒေသက တပ်မှူးတစ်ဦးကပြောပါတယ်။

KNLA တပ်မှူးတွေအနေနဲ့PDF တပ်ဖွဲ့ဝင်တွေထဲက တချို့ကိုသာ စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲဖြစ်နေတဲ့ရှေ့တန်းနေရာတွေထိ စေလွှတ်ပြီးတိုက်ပွဲဝင်ခိုင်းတာတွေရှိသလို တချို့တပ်ဖွဲ့ဝင်တွေကိုတော့ နောက်တန်းရုံးတွေမှာပဲတာဝန်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုနောက်တန်းရုံးတွေမှာတာဝန်ထမ်းဆောင်နေရတဲ့ PDF စစ်သားတွေအနေနဲ့သူတို့လည်းရှေ့တန်းထွက်ပြီးစစ်ကောင်စီတပ်တွေကို တိုက်ခိုက်ချင်တယ်လို့မကြာခဏပြောဆိုလေ့ရှိတယ်လို့ လေးကေ့ကော်ဒေသမှာအုပ်ချုပ်ရေးတာဝန်ရှိသူတချို့ကဆိုပါတယ်။

ဗမာလူငယ်တွေ အနေနဲ့စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာစစ်တပ်ကိုအတော်မုန်းတီးသွားတဲ့အတွက် အခုလိုစစ်တိုက်ခွင့်ရဖို့ဆန္ဒပြတောင်းဆိုတာတွေအထိ ဖြစ်လာရတာထင်တယ်လို့လေးကေ့ကော်ဒေသခံတချို့ကဆိုပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကစလို့KNLA တပ်တွေနဲ့PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လေးကေ့ကော်ဒေသမှာစစ်ကောင်စီတပ်တွေကိုရင်ဆိုင်တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်ကအရာရှိအဆင့်တွေထိ အကျအဆုံးရှိသလို့PDF တပ်သားနှစ်ဦးလည်းကျဆုံးခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကဆိုပါတယ်။
Salweenpress

Sa J MM

Zawgyi

PDF တပ္သားတခ်ိဳ႕ေ႐ွ႕တန္းထြက္ကာ စစ္တိုက္ဖို႔ ဆႏၵျပေတာင္းဆို

ဒီဇင္ဘာ(၁၉)

စစ္ေကာင္စီတပ္ေတြနဲ႔လတ္တေလာတိုက္ပြဲေတြျဖစ္ေနတဲ့ ေလးေက့ေကာ္ေဒသမွာ႐ွိတဲ့ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ ( PDF ) ဝင္တခ်ိဳ႕ဟာ စစ္ေကာင္စီတပ္ဖြဲ႕ေတြနဲ႔ရင္ဆိုင္တိုက္ခိုက္ဖို႔ေ႐ွ႕တန္းမထြက္ရတဲ့အတြက္

တခ်ိဳ႕တပ္ရင္းတပ္ဖြဲ႕ေတြက စစ္သည္တခ်ိဳ႕ဟာ ဆႏၵျပေတာင္းဆိုတာေတြ႐ွိလာတယ္လို႔ေလးေက့ေကာ္ေဒသမွတပ္မႉးတခ်ိဳကေျပာပါတယ္။

“မေန႔က မနက္စာနဲ႔ ေန႔လည္စာ ထမင္းလာမစားတဲ့ ရဲေဘာ္ေတြ႐ွိတယ္လို႔သတင္းပို႔ေတာ့ ကြၽန္ေတာ္သြားၿပီးေမးတယ္။ မင္းတို႔ဘာျဖစ္လို႔ထမင္းမစားတာလဲေမးေတာ့ ေ႐ွ႕တန္းမထြက္ရလို႔လို႔ေျပာတယ္ဗ်ာ။

စစ္သားဆိုတာဆႏၵျပလို႔မရဘူးအမိန္႔အတိုင္းပဲလုပ္ရမယ္။ ေနာက္တစ္ခါဆႏၵျပရင္ အေရးယူခံရမယ္လို႔ေျပာလိုက္တယ္” လို႔ေလးေက့ေကာ္ေဒသက တပ္မႉးတစ္ဦးကေျပာပါတယ္။

KNLA တပ္မႉးေတြအေနနဲ႔PDF တပ္ဖြဲ႕ဝင္ေတြထဲက တခ်ိဳ႕ကိုသာ စစ္ေကာင္စီတပ္ေတြနဲ႔တိုက္ပြဲျဖစ္ေနတဲ့ေ႐ွ႕တန္းေနရာေတြထိ ေစလႊတ္ၿပီးတိုက္ပြဲဝင္ခိုင္းတာေတြ႐ွိသလို တခ်ိဳ႕တပ္ဖြဲ႕ဝင္ေတြကိုေတာ့ ေနာက္တန္း႐ုံးေတြမွာပဲတာဝန္ေပးထားတာျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီလိုေနာက္တန္း႐ုံးေတြမွာတာဝန္ထမ္းေဆာင္ေနရတဲ့ PDF စစ္သားေတြအေနနဲ႔သူတို႔လည္းေ႐ွ႕တန္းထြက္ၿပီးစစ္ေကာင္စီတပ္ေတြကို တိုက္ခိုက္ခ်င္တယ္လို႔မၾကာခဏေျပာဆိုေလ့႐ွိတယ္လို႔ ေလးေက့ေကာ္ေဒသမွာအုပ္ခ်ဳပ္ေရးတာဝန္႐ွိသူတခ်ိဳ႕ကဆိုပါတယ္။

ဗမာလူငယ္ေတြ အေနနဲ႔စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ဦးေဆာင္တဲ့ျမန္မာစစ္တပ္ကိုအေတာ္မုန္းတီးသြားတဲ့အတြက္ အခုလိုစစ္တိုက္ခြင့္ရဖို႔ဆႏၵျပေတာင္းဆိုတာေတြအထိ ျဖစ္လာရတာထင္တယ္လို႔ေလးေက့ေကာ္ေဒသခံတခ်ိဳ႕ကဆိုပါတယ္။

ဒီဇင္ဘာလ ၁၅ ရက္ေန႔ကစလို႔KNLA တပ္ေတြနဲ႔PDF ပူးေပါင္းတပ္ဖြဲ႕ဝင္ေတြဟာ ေလးေက့ေကာ္ေဒသမွာစစ္ေကာင္စီတပ္ေတြကိုရင္ဆိုင္တိုက္ခိုက္ေနၿပီး စစ္ေကာင္စီဖက္ကအရာ႐ွိအဆင့္ေတြထိ အက်အဆုံး႐ွိသလို႔PDF တပ္သားႏွစ္ဦးလည္းက်ဆုံးခဲ့တယ္လို႔ နယ္ေျမခံသတင္းရင္းျမစ္ကဆိုပါတယ္။
Salweenpress

Sa J MM

About the author

admin

Add Comment

Click here to post a comment