Local News

ကိုယ့်ကိုယ်ကိုအဆုံးစီရင်သည့်စက် ဆွစ်ဇာလန်တွင် တရားဝင်ခွင့်ပြုတော့မည်

ကိုယ့်ကိုယ်ကိုအဆုံးစီရင်သည့်စက် ဆွစ်ဇာလန်တွင် တရားဝင်ခွင့်ပြုတော့မည်

မိမိကိုယ်မိမိအဆုံးစီရင်လိုသူများအတွက် 3D ပရင့်တာနည်းပညာဖြင့်ပြုလုပ်ထားသည့် အထောက်အကူပြုစက်တစ်မျိုးကို ဆွစ်ဇာလန်နိုင်ငံတွင် တရားဝင်အသုံးပြုခွင့်ပေးတော့မည်ဖြစ်သည်။

ယင်းစက်ကို ဆာကို(Sarco)ဟု အမည်ပေးထားပြီး၊ အခေါင်းသဏ္ဍာန် ခေတ်မီဒီဇိုင်းဖြင့် ပုံစံထုတ်ထားသည်။ မိမိကိုယ်မိမိအဆုံးစီရင်လိုသူသည် အဆိုပါ စက်ထဲသို့ဝင်ရောက်လှဲလျောင်းရမည်ဖြစ်ပြီး setting များချိန်ညှိပြီးနောက် activate ခလုပ်ကိုနှိပ်ရမည်ဖြစ်သည်။

၂၀၂ဝပြည့်နှစ်အတွင်းက ဆွစ်ဇာလန်နိုင်ငံတွင် လူ ၁၃၀၀ ခန့် မိမိကိုယ်မိမိအဆုံးစီရင်ခဲ့ကြပြီး၊ ဆွစ်ဇာလန်နိုင်ငံရှိ အကြီးဆုံးသော အဆုံးစီရင်ရေးဆိုင်ရာ အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးသော အဖွဲ့ ၂ဖွဲ့ဖြစ်ကြသည့် Exit နှင့် Dignitas တို့၏ အကူအညီဖြင့် မိမိကိုယ်မိမိအဆုံးစီရင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ဆွစ်ဇာလန်နိုင်ငံ၏ ဥပဒေအရ ယင်းစက်ကို လာမည့် ၂၀၂၂ တွင် တရားဝင်ခွင့်ပြုနိုင်ချေရှိသည်ဆို၏။

ဆွစ်ဇာလန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံအချို့ဝယ် ကျန်းမာရေးဆိုးရွားကာ မည်သို့မျှနလန်မထူတော့ခြင်းမျိုးဆိုင်ရာ အထူးအခြေအနေတစ်ရပ်တွင် မိမိကိုယ်မိမိ အဆုံးစီရင်ခွင့်ကို တရားဝင်ပြဌာန်းထားကြောင်းသိရသည်။

ကိုးကား
Sarco suicide capsule ‘passes legal review’ in Switzerland

Zawgyi

ကိုယ့္ကိုယ္ကိုအဆုံးစီရင္သည့္စက္ ဆြစ္ဇာလန္တြင္ တရားဝင္ခြင့္ျပဳေတာ့မည္

မိမိကိုယ္မိမိအဆုံးစီရင္လိုသူမ်ားအတြက္ 3D ပရင့္တာနည္းပညာျဖင့္ျပဳလုပ္ထားသည့္ အေထာက္အကူျပဳစက္တစ္မ်ိဳးကို ဆြစ္ဇာလန္ႏိုင္ငံတြင္ တရားဝင္အသုံးျပဳခြင့္ေပးေတာ့မည္ျဖစ္သည္။

ယင္းစက္ကို ဆာကို(Sarco)ဟု အမည္ေပးထားၿပီး၊ အေခါင္းသ႑ာန္ ေခတ္မီဒီဇိုင္းျဖင့္ ပုံစံထုတ္ထားသည္။ မိမိကိုယ္မိမိအဆုံးစီရင္လိုသူသည္ အဆိုပါ စက္ထဲသို႔ဝင္ေရာက္လွဲေလ်ာင္းရမည္ျဖစ္ၿပီး setting မ်ားခ်ိန္ညႇိၿပီးေနာက္ activate ခလုပ္ကိုႏွိပ္ရမည္ျဖစ္သည္။

၂၀၂ဝျပည့္ႏွစ္အတြင္းက ဆြစ္ဇာလန္ႏိုင္ငံတြင္ လူ ၁၃၀၀ ခန္႔ မိမိကိုယ္မိမိအဆုံးစီရင္ခဲ့ၾကၿပီး၊ ဆြစ္ဇာလန္ႏိုင္ငံ႐ွိ အႀကီးဆုံးေသာ အဆုံးစီရင္ေရးဆိုင္ရာ အခေၾကးေငြျဖင့္ ဝန္ေဆာင္မႈေပးေသာ အဖြဲ႕ ၂ဖြဲ႕ျဖစ္ၾကသည့္ Exit ႏွင့္ Dignitas တို႔၏ အကူအညီျဖင့္ မိမိကိုယ္မိမိအဆုံးစီရင္ခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။

ဆြစ္ဇာလန္ႏိုင္ငံ၏ ဥပေဒအရ ယင္းစက္ကို လာမည့္ ၂၀၂၂ တြင္ တရားဝင္ခြင့္ျပဳႏိုင္ေခ်႐ွိသည္ဆို၏။

ဆြစ္ဇာလန္ႏိုင္ငံအပါအဝင္ ဥေရာပႏိုင္ငံအခ်ိဳ႕ဝယ္ က်န္းမာေရးဆိုး႐ြားကာ မည္သို႔မွ်နလန္မထူေတာ့ျခင္းမ်ိဳးဆိုင္ရာ အထူးအေျခအေနတစ္ရပ္တြင္ မိမိကိုယ္မိမိ အဆုံးစီရင္ခြင့္ကို တရားဝင္ျပဌာန္းထားေၾကာင္းသိရသည္။

ကိုးကား
Sarco suicide capsule ‘passes legal review’ in Switzerland

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.