Local News

မြန်မာပြည်ကြီး အေးချမ်းသာယာပါစေလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ဆုတောင်း

မြန်မာပြည်ကြီး အေးချမ်းသာယာပါစေလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ဆုတောင်း

မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပါစေလို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျိုက်ဒေးဝိဘုရား ထီးတော်တင်ပွဲမှာ ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။

သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးကို ကရဝိမင်းကြီး ဟံသာဝတီ ထီးနန်းစိုးစံစဉ် တည်ထားကိုးကွယ်တော်မူသော စေတီတော်(၇)ဆူအနက် စတုတ္ထမြောက်တည်ထားသည့် စေတီတော်ဖြစ်ကာ ကျိုက်သည်ဘုရား၊ဒေးသည်ကုန်း၊ဝိသည် သဖန်းဖြစ်သဖြင့် သဖန်းကုန်းဘုရားဟု အဓိပ္ပာယ်ရသည်။

ဆံတော်ရှင် ကျိုက်ဒေးဝိစေတီတော်ကြီးသည် ရွှေတိဂုံစေတီတော်၊ ရွှေ မော် ဓေါစေတီတော်တို့နှင့် မျဉ်းတ ဖြောင့်ထဲနီးပါးတည်ရှိ နေကာ မြန်မာနိုင်ငံ၏ ဆဌမ မြောက်ဉာဏ် တော်အမြင့်ဆုံး စေတီလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် လှည်းကူးမြို့နယ်၊ အင်းတိုင်အုပ်စုရှိ ကျိုက်ဒေးဝိဘုရား ထီးတော်တင်ပွဲသို့ လာရောက်စဉ် ရေးသားခဲ့သည့် ဧည့်သည်တော်မှတ်တမ်း ဓါတ်ပုံတစ်ပုံ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လျက်ရှိတာဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်းမှာ “မြန်မာနိုင်ငံတော်ကြီး သာယာဝပြောပါစေ၊ စားရေရိက္ခာဖူလုံပေါများပါစေ၊ အေးချမ်းသာယာပါစေ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

” ဗုဒ္ဓဘာသာသာသနာတော်ကြီး ကမ္ဘာတည်သရွှေ့ ထွန်းလင်းတည်တံ့နေစေရန်ရည်ရွယ်၍ သမိုင်းဝင် ကျိုက်ဒေးဝိစေတီတော်ကြီးအား ဘက်စုံပြုပြင်မွန်းမံခြင်းနဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ တင်လှူပူးဇော်မှုပြုခွင့်ရခြင်းအတွက် များစွာ ပီတိဝမ်းသာဂုဏ်ယူရပါသည် “လို့ ရေးသားထားပါတယ်။

ယမန်နေ့က စစ်ကောင်စီဥက္ကဋ္ဌ လှည်းကူးမြို့နယ် အင်းတိုင်အုပ်စုသို့ လာရောက်စဉ် အဝေးပြေးကားလမ်းအချို့အား အဝင်အထွက်သွားလာခွင့် ပိတ်ထားခြင်းများရှိခဲ့သလို အမြန်လမ်း ဇီးရိုးမိုင်ကိုလည်း ရန်ကုန်အဝင်ပိတ်ထားခဲ့ခြင်းများရှိခဲ့တာဖြစ်ပါတယ်။

မင်းအောင်လှိုင်သည် မှော်ရူး၊ နတ်ရူးများ၊ အဂ္ဂိရရူးများ အစီအမံဖြင့် မကြာခင် လိုတရ ဆေးကြိမ်လုံး လက်ဝယ် ပိုင်ဆိုင်တော့မည့်ဟု ယုံကြည်နေသည့်အလား လျပ်စစ်ကားများ၊ မြေအောက်မီးရထားလမ်းများ၊ ဂြိုလ်တုများ လွှတ်‌တင်တော့မည်ဟု

သွားလေရာ တွင် ပြောဆိုနေချိန်တွင် ရန်ကုန်ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးသည့် ရုံးတွင်တော့ လူအုပ်ကြီးက ကြောက်ခမန်းလိလိ ကြိတ်ကြိတ်တိုးပြီး အလုအယက် ပြည်ပသို့ ထွက်ခွာရန် စိုင်းပြင်းလျက် ရှိနေကြသည်။

ဤဖြစ်စဉ်ကြီးကပင် “သားသားကြီးလာရင် ဘာလုပ်မလဲဟူသော” မိဘများ မေးနေကျ စကား ကို ဖြေဆိုနေသည့် ကလေးသူငယ် တယောက်အလား စိတ်ကူးရသမျှ ပြောဆိုနေသော မင်းအောင်လှိုင်၏ စကားကို မည်သူမျှ အယုံအကြည် မရှိကြောင်း ပြဆိုနေခြင်းလည်း ဖြစ်သည်။

လူငယ်များ အဖို့က သာဝ ပညာရေး ဖြင့် မိမိတို့ အနာဂတ် မည်သို့မျှ မျှော်လင့်ချက် မရှိသည်ကို ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည့်အတွက်လည်း တော်လှန်ရေးတပ်ဖွဲ့များ နှင့် ပူးပေါင်းမည်လော၊ ပြည်ပသို့ ထွက်ခွာ မည်လော ဟူ၍ ရွေးချယ်စရာ နှစ်လမ်းသာ ရှိပေတော့၏။

မင်းအောင်လှိုင် အဖို့က ၎င်း၏ အပြုအမူများ မှန်သည် မှားသည် ဆိုသည်ကို ရှေရှေဝေးဝေး တွေးနေစရာ မလို၊ နတ်ရူး မှော်ရူးများ နှင့်လည်း တိုင်ပင်စရာ မလို၊

မိမိ အမည်သည် ကမ္ဘာပေါ်တွင် အဘယ်သို့သော အတန်းစားထဲ ရောက်နေသလော၊ နာမည်ဆိုး ဖြင့် ကျော်ကြားနေသလော၊ နာမည်ကောင်း ထွက်နေသည်လော ဆိုသည်ကို လေ့လာယုံမျှ ဖြင့် အလွယ်တကူ သိနိုင်ပေသည်။

Zawgyi

ျမန္မာျပည္ႀကီး ေအးခ်မ္းသာယာပါေစလို႔ စစ္ေခါင္းေဆာင္ မင္းေအာင္လိႈင္မွ ဆုေတာင္း

ျမန္မာႏိုင္ငံေတာ္ႀကီး ေအးခ်မ္းသာယာပါေစလို႔ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က က်ိဳက္ေဒးဝိဘုရား ထီးေတာ္တင္ပြဲမွာ ဆုေတာင္းခဲ့တယ္လို႔ သိရပါတယ္။

သမိုင္းဝင္ဆံေတာ္႐ွင္က်ိဳက္ေဒးဝိေစတီေတာ္ျမတ္ႀကီးကို ကရဝိမင္းႀကီး ဟံသာဝတီ ထီးနန္းစိုးစံစဥ္ တည္ထားကိုးကြယ္ေတာ္မူေသာ ေစတီေတာ္(၇)ဆူအနက္ စတုတၳေျမာက္တည္ထားသည့္ ေစတီေတာ္ျဖစ္ကာ က်ိဳက္သည္ဘုရား၊ေဒးသည္ကုန္း၊ဝိသည္ သဖန္းျဖစ္သျဖင့္ သဖန္းကုန္းဘုရားဟု အဓိပၸာယ္ရသည္။

ဆံေတာ္႐ွင္ က်ိဳက္ေဒးဝိေစတီေတာ္ႀကီးသည္ ေ႐ႊတိဂုံေစတီေတာ္၊ ေ႐ႊ ေမာ္ ေဓါေစတီေတာ္တို႔ႏွင့္ မ်ဥ္းတ ေျဖာင့္ထဲနီးပါးတည္႐ွိ ေနကာ ျမန္မာႏိုင္ငံ၏ ဆဌမ ေျမာက္ဉာဏ္ ေတာ္အျမင့္ဆုံး ေစတီလည္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီဇင္ဘာလ ၁၈ ရက္ေန႔က စစ္ေကာင္စီဥကၠ႒ကိုယ္တိုင္ လွည္းကူးၿမိဳ႕နယ္၊ အင္းတိုင္အုပ္စု႐ွိ က်ိဳက္ေဒးဝိဘုရား ထီးေတာ္တင္ပြဲသို႔ လာေရာက္စဥ္ ေရးသားခဲ့သည့္ ဧည့္သည္ေတာ္မွတ္တမ္း ဓါတ္ပုံတစ္ပုံ လူမႈကြန္ယက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔လ်က္႐ွိတာျဖစ္ပါတယ္။

စစ္ေကာင္စီဥကၠ႒က ဧည့္သည္ေတာ္မွတ္တမ္းမွာ “ျမန္မာႏိုင္ငံေတာ္ႀကီး သာယာဝေျပာပါေစ၊ စားေရရိကၡာဖူလုံေပါမ်ားပါေစ၊ ေအးခ်မ္းသာယာပါေစ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

” ဗုဒၶဘာသာသာသနာေတာ္ႀကီး ကမ႓ာတည္သေ႐ႊ႕ ထြန္းလင္းတည္တံ့ေနေစရန္ရည္႐ြယ္၍ သမိုင္းဝင္ က်ိဳက္ေဒးဝိေစတီေတာ္ႀကီးအား ဘက္စုံျပဳျပင္မြန္းမံျခင္းနဲ႔ စိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္တို႔ တင္လႉပူးေဇာ္မႈျပဳခြင့္ရျခင္းအတြက္ မ်ားစြာ ပီတိဝမ္းသာဂုဏ္ယူရပါသည္ “လို႔ ေရးသားထားပါတယ္။

ယမန္ေန႔က စစ္ေကာင္စီဥကၠ႒ လွည္းကူးၿမိဳ႕နယ္ အင္းတိုင္အုပ္စုသို႔ လာေရာက္စဥ္ အေဝးေျပးကားလမ္းအခ်ိဳ႕အား အဝင္အထြက္သြားလာခြင့္ ပိတ္ထားျခင္းမ်ား႐ွိခဲ့သလို အျမန္လမ္း ဇီး႐ိုးမိုင္ကိုလည္း ရန္ကုန္အဝင္ပိတ္ထားခဲ့ျခင္းမ်ား႐ွိခဲ့တာျဖစ္ပါတယ္။

မင္းေအာင္လိႈင္သည္ ေမွာ္႐ူး၊ နတ္႐ူးမ်ား၊ အဂၢိရ႐ူးမ်ား အစီအမံျဖင့္ မၾကာခင္ လိုတရ ေဆးႀကိမ္လုံး လက္ဝယ္ ပိုင္ဆိုင္ေတာ့မည့္ဟု ယုံၾကည္ေနသည့္အလား လ်ပ္စစ္ကားမ်ား၊ ေျမေအာက္မီးရထားလမ္းမ်ား၊ ၿဂိဳလ္တုမ်ား လႊတ္‌တင္ေတာ့မည္ဟု

သြားေလရာ တြင္ ေျပာဆိုေနခ်ိန္တြင္ ရန္ကုန္႐ွိ ႏိုင္ငံကူး လက္မွတ္ ထုတ္ေပးသည့္ ႐ုံးတြင္ေတာ့ လူအုပ္ႀကီးက ေၾကာက္ခမန္းလိလိ ႀကိတ္ႀကိတ္တိုးၿပီး အလုအယက္ ျပည္ပသို႔ ထြက္ခြာရန္ စိုင္းျပင္းလ်က္ ႐ွိေနၾကသည္။

ဤျဖစ္စဥ္ႀကီးကပင္ “သားသားႀကီးလာရင္ ဘာလုပ္မလဲဟူေသာ” မိဘမ်ား ေမးေနက် စကား ကို ေျဖဆိုေနသည့္ ကေလးသူငယ္ တေယာက္အလား စိတ္ကူးရသမွ် ေျပာဆိုေနေသာ မင္းေအာင္လိႈင္၏ စကားကို မည္သူမွ် အယုံအၾကည္ မ႐ွိေၾကာင္း ျပဆိုေနျခင္းလည္း ျဖစ္သည္။

လူငယ္မ်ား အဖို႔က သာဝ ပညာေရး ျဖင့္ မိမိတို႔ အနာဂတ္ မည္သို႔မွ် ေမွ်ာ္လင့္ခ်က္ မ႐ွိသည္ကို ေကာင္းစြာ သေဘာေပါက္ထားၿပီး ျဖစ္သည့္အတြက္လည္း ေတာ္လွန္ေရးတပ္ဖြဲ႕မ်ား ႏွင့္ ပူးေပါင္းမည္ေလာ၊ ျပည္ပသို႔ ထြက္ခြာ မည္ေလာ ဟူ၍ ေ႐ြးခ်ယ္စရာ ႏွစ္လမ္းသာ ႐ွိေပေတာ့၏။

မင္းေအာင္လိႈင္ အဖို႔က ၎၏ အျပဳအမူမ်ား မွန္သည္ မွားသည္ ဆိုသည္ကို ေ႐ွေ႐ွေဝးေဝး ေတြးေနစရာ မလို၊ နတ္႐ူး ေမွာ္႐ူးမ်ား ႏွင့္လည္း တိုင္ပင္စရာ မလို၊

မိမိ အမည္သည္ ကမ႓ာေပၚတြင္ အဘယ္သို႔ေသာ အတန္းစားထဲ ေရာက္ေနသေလာ၊ နာမည္ဆိုး ျဖင့္ ေက်ာ္ၾကားေနသေလာ၊ နာမည္ေကာင္း ထြက္ေနသည္ေလာ ဆိုသည္ကို ေလ့လာယုံမွ် ျဖင့္ အလြယ္တကူ သိႏိုင္ေပသည္။

About the author

admin

Add Comment

Click here to post a comment