Local News

လေးကေ့ကော်ဒေသတွင် No Fly Zone အဖြစ်သတ်မှတ်ပေးရန် ကရင်အမျိုးသားအစည်းရုံး ဗဟိုအလုပ်မှုဆောင်မှ ကုလသမဂ္ဂအားတောင်းဆို

လေးကေ့ကော်ဒေသတွင် လေကြောင်းပျံသန်းရေးကင်းမဲ့ဇုံသတ်မှတ်ပေးရန် ကရင်အမျိုးသားအစည်းရုံး ဗဟိုအလုပ်မှုဆောင်မှ ကုလသမဂ္ဂအားတောင်းဆို

ဒီဇင်ဘာ(၂၀)

စစ်ကောင်စီသည် ဆိုးဝါးပြင်းထန်သော လူသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေမည့်လေကြောင်းတိုက်ခိုက်မှုများအား လေးကေကော် ဒေသတွင် အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက်

ကမ္ဘာ့ကုလသမဂ္ဂမှ ဦးစီးလျှက် အရေးပေါ်အစည်းအဝေးများကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံ အဖြစ်သတ်မှတ်ပေးရန်အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU) မှ တောင်းဆိုထားသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရအနေဖြင့် တိုက်ပွဲမှ ထွက်ပြေးတိမ်းရှောင်နေသူများအား နိုင်ငံတကာအဖွဲ့အစည်းများ၏ ၀င်ရောက်တွေ့ဆုံခွင့်နှင့် လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရေးအတွက် ကူညီပံ့ပိုးမှုများစီစဉ်ဆောင်ရွက်ပေးရန်လည်း အဆိုပါထုတ်ပြန်ကြေညာချက်တွင်ပါဝင်သည်။

စစ်ကောင်စီအနေဖြင့် ကျဆင်းနေသည့် ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းသည့်အနေဖြင့် ၎င်းတို့၏တပ်ဖွဲ့ဝင်များအား တိုက်ပွဲဖြစ်ပွားရာ အဆိုပါဒေသများမှ ပြန်လည်ရုတ်သိမ်းသွားပြီး

စစ်ကောင်စီအတွင်းရှိ တပ်ဗိုလ်၊ တပ်မှူးများမှလည်း ကျရှုံးသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိနေသော မိမိတို့၏နိုင်ငံအား ပြန်လည်ကယ်ဆယ်သည့်အနေဖြင့် ပြည်သူလူထုဘက်တွင် ပူးပေါင်းပါဝင်သွားရန်ကိုလည်း စစ်ကောင်စီတပ်အရာရှိများကိုအကြံပြုထားသည်။

စစ်ကောင်စီ၏ စစ်တပ်က အနာဂတ် နိုင်ငံရေးတွင် ပါဝင်စွက်ဖက်မှုများမှ ဆုတ်ခွာကြောင်း ကတိပေးလုပ်ဆောင်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်ခြင်းသည်သာလျှင်

နှစ်ပေါင်း(၇၀)ကျော် ကြာမြင့်ခဲ့ပြီး ပိုမိုပြင်းထန်လာနေသည့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၏ အဖြေသာဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ကြေညာထားသည်။

Sa J MM
Photo – KNU Page

Zawgyi

ေလးေက့ေကာ္ေဒသတြင္ ေလေၾကာင္းပ်ံသန္းေရးကင္းမဲ့ဇုံသတ္မွတ္ေပးရန္ ကရင္အမ်ိဳးသားအစည္း႐ုံး ဗဟိုအလုပ္မႈေဆာင္မွ ကုလသမဂၢအားေတာင္းဆို

ဒီဇင္ဘာ(၂၀)

စစ္ေကာင္စီသည္ ဆိုးဝါးျပင္းထန္ေသာ လူသတ္မႈႏွင့္ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား ျဖစ္ေပၚေစမည့္ေလေၾကာင္းတိုက္ခိုက္မႈမ်ားအား ေလးေကေကာ္ ေဒသတြင္ အခ်ိန္မေ႐ြး ျပဳလုပ္လာႏိုင္သည့္အတြက္

ကမ႓ာ့ကုလသမဂၢမွ ဦးစီးလွ်က္ အေရးေပၚအစည္းအေဝးမ်ားက်င္းပၿပီး ေလေၾကာင္းပ်ံသန္းမႈကင္းမဲ့ဇုံ အျဖစ္သတ္မွတ္ေပးရန္အတြက္ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) မွ ေတာင္းဆိုထားသည္။

အိမ္နီးခ်င္း ထိုင္းႏိုင္ငံအစိုးရအေနျဖင့္ တိုက္ပြဲမွ ထြက္ေျပးတိမ္းေ႐ွာင္ေနသူမ်ားအား ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၏ ၀င္ေရာက္ေတြ႕ဆုံခြင့္ႏွင့္ လိုအပ္သည့္အကူအညီမ်ား ေပးအပ္ႏိုင္ေရးအတြက္ ကူညီပံ့ပိုးမႈမ်ားစီစဥ္ေဆာင္႐ြက္ေပးရန္လည္း အဆိုပါထုတ္ျပန္ေၾကညာခ်က္တြင္ပါဝင္သည္။

စစ္ေကာင္စီအေနျဖင့္ က်ဆင္းေနသည့္ ဂုဏ္သိကၡာကို ျပန္လည္ထိန္းသိမ္းသည့္အေနျဖင့္ ၎တို႔၏တပ္ဖြဲ႕ဝင္မ်ားအား တိုက္ပြဲျဖစ္ပြားရာ အဆိုပါေဒသမ်ားမွ ျပန္လည္႐ုတ္သိမ္းသြားၿပီး

စစ္ေကာင္စီအတြင္း႐ွိ တပ္ဗိုလ္၊ တပ္မႉးမ်ားမွလည္း က်႐ႈံးသည့္ႏိုင္ငံအျဖစ္သို႔ ေရာက္႐ွိေနေသာ မိမိတို႔၏ႏိုင္ငံအား ျပန္လည္ကယ္ဆယ္သည့္အေနျဖင့္ ျပည္သူလူထုဘက္တြင္ ပူးေပါင္းပါဝင္သြားရန္ကိုလည္း စစ္ေကာင္စီတပ္အရာ႐ွိမ်ားကိုအၾကံျပဳထားသည္။

စစ္ေကာင္စီ၏ စစ္တပ္က အနာဂတ္ ႏိုင္ငံေရးတြင္ ပါဝင္စြက္ဖက္မႈမ်ားမွ ဆုတ္ခြာေၾကာင္း ကတိေပးလုပ္ေဆာင္ျခင္း၊ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို ထူေထာင္ျခင္းသည္သာလွ်င္

ႏွစ္ေပါင္း(၇၀)ေက်ာ္ ၾကာျမင့္ခဲ့ၿပီး ပိုမိုျပင္းထန္လာေနသည့္ ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေရး၏ အေျဖသာျဖစ္ေၾကာင္း ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံးမွ ထုတ္ျပန္ေၾကညာထားသည္။

Sa J MM
Photo – KNU Page

Recent Comments

No comments to show.