Local News

ရန်ကုန်လေဆိပ်အနီးတွင် ပေါက်ကွဲမှုဖြစ် ၊ လူတစ်ဦးကို ပစ်ခတ်ဖမ်းဆီးခံရ

ရန်ကုန်လေဆိပ်အနီးတွင် ပေါက်ကွဲမှုဖြစ် ၊ လူတစ်ဦးကို ပစ်ခတ်ဖမ်းဆီးခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ရန်ကုန်လေဆိပ်အနီး ယနေ့ နံနက်ပိုင်း ၇ နာရီခွဲတွင် ပေါက်ကွဲသံကြားရပြီး ပစ်ခတ်သံများကြားရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

” ၇ နာရီ ၅၀ လောက်မယ် ပေါက်ကွဲသံရော ပစ်ခတ်သံတွေရောကြားရတယ်။ စစ်ကား တဟုန်ထိုးမောင်းသံလည်းကြားရတယ်” ဟု လေဆိပ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်သတင်းများကို ဦးစားပေး TRN ကမူ ယနေ့ နံနက် ၇ နာရီ ခွဲ အချိန်ဝန်းကျင် အင်းစိန်မြို့နယ်၊ ရန်ကုန် လေဆိပ်အဝင်လမ်းနှင့် လေဆိပ်လမ်းသွယ် ၁ ကြားတွင် ဆိုင်ကယ်တစ်စီးဖြင့် လူတစ်ဦးက ကျောပိုးအိတ်လာချသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးကြောင်း သတင်းဖော်ပြထားသည်။

**********

Zawgyi


ရန်ကုန်၊ ဒီဇင်ဘာ ၂၁




**********

About the author

admin

Add Comment

Click here to post a comment