Local News

နေပြည်တော်က ကုလအထူးကိုယ်စားလှယ်ရုံးကို အာဏာသိမ်းစစ်တပ်က အခုမှ ဘာလို့ပိတ်တာလဲ?

နေပြည်တော်က ကုလအထူးကိုယ်စားလှယ်ရုံးကို အာဏာသိမ်းစစ်တပ်က အခုမှ ဘာလို့ပိတ်တာလဲ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တာဝန်ယူခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသူChristine Schraner Burgener ရဲ့ နေပြည်တော်က ရုံးခန်းကို ပိတ်လိုက်ကြောင်း အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၁ ရက်နေ့စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။

Christine Schraner Burgener ဟာ အောက်တိုဘာ (၃၁) ရက်နေ့ကတည်းက မြန်မာပြည်သူတွေကိုရော ကမ္ဘာကိုပါ ကုလသမဂ္ဂစင်မြင့်ထက်ကနေ တရားဝင်နုတ်ဆက်ပြီး ရာထူးတာဝန်က နားသွားခဲ့ပြီးဖြစ်ပါတယ်။

ချမ်းသာကြွယ်ဝတဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ လူအဝင်အထွက်နဲ့ အလုပ်လုပ်ခွင့် နေထိုင်ခွင့် ခိုလုံခွင့်စတဲ့အရေးကြီးဆုံးအရာတွေကို တာဝန်ယူ ဆုံးဖြတ်ရတဲ့ State Secretary for Migration ဌာနမှာ ပြောင်းရွှေ့တာဝန်ယူမှာဖြစ်ပါတယ်။

ဆွစ်ဇာလန်အစိုးရက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ စတင်တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးခဲ့ပေမယ့် မအလအာဏာသိမ်းလိုက်လို့ ဒီမိုကရေစီအလုခံရတဲ့အပေါ် မကျေနပ်လို့ မြန်မာ့အရေးကို ၁ နှစ် ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဆွစ်ဇာလန်အစိုးရကလည်း သဘောတူခဲ့ပြီး ၁ နှစ်နောက်ဆုတ်ပေးခဲ့လို့ အခုလာမယ့် ဖေဖေါ်ဝါရီမှာ စတင်တာဝန်ယူဖို့ဖြစ်လာတာပါ။

သူစတင်တာဝန်ယူမယ့်အချိန်ကစပြီး ဆွစ်ဇာလန်မြေပေါ်ကို မအလစစ်တပ်နဲ့ကြံရာပါတွေ ဆွေမျိုးသားချင်းအားလုံးအနေနဲ့ အရင်ကလို စျေးဝယ်လာလိုက် နှင်းလျှောစီးလိုက် ဓါတ်ပုံရိုက်လိုက် စတဲ့ ဖလန်းဖလန်းခရီးစဉ်တွေ အပါအဝင် လာရောက်လုပ်ကိုင်စားသောက်ဖို့အစီအစဉ်တွေ ဘဏ်အကောင့်တွေ မေ့လိုက်လို့ ရပြီလို့ ပြောရပါမယ်။

မြန်မာပြည်က ဒီမိုကရေစီကို ဖျက်ဆီးခဲ့သူတွေ ကြံရာပါတွေအကြောင်းကို အသေးစိတ်သိထားတဲ့ State Secretary for Migration ကို မိသားစုဆွေမျိုးသားချင်းတွေ ဆွစ်ဇာလန်လာခွင့် နေခွင့်ထိခိုက်မှာစိုးတဲ့ မအလစစ်တပ်အသိုင်းအဝိုင်းနဲ့ ကြံရာပါတွေက အပေးအယူလုပ်ဖို့ကျိုးစားခဲ့ပေမယ့်
Christine Schraner Burgener က အဖက်မလုပ်ပဲ အတွေ့မခံခဲ့ဘူးဆိုပါတယ်။ သူတို့သားသမီးဆွေမျိုးတွေအတွက် ဘယ်လိုမှ ချည်းကပ်လို့မရတော့မှန်းသိလို့ နေပြည်တော်က ရုံးကို မအလစစ်တပ်က မပိတ်ချင်ပဲ အခုမှ ပိတ်လိုက်ရတာလို့ ယူဆကြပါတယ်။

တချိန်ထဲမှာပဲ အသစ်ခန့်အပ်တာဝန်ပေးထားတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် စင်္ကာပူနိုင်ငံသူကို လည်း အလိုမရှိ လက်မခံချင်ဘူးဆိုတာကို မအလစစ်တပ်က ပြသလိုက်တဲ့သဘောလို့လည်း ဂျီနီဗာ သံတမန်အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

ကမ်ဘောဒီးယားကလွဲရင် သူတို့ပြောသမျှ ဘယ်အထူးကိုယ်စားလှယ်ကမှ ယုံကြည်မှာ မဟုတ်တော့ဘူးဆိုတာ မအလစစ်တပ်က ကောင်းကောင်းသဘောပေါက်သွားပြီလို့လည်း Christine Schraner Burgener နဲ့နီးစပ်သူတချို့က ပြောပါတယ်။

ဂျာမဏီနဲ့ ထိုင်းမှာ သံအမတ်ကြီးတာဝန်ယူခဲ့ဘူးတဲ့Christine Schraner Burgener ဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် နောက်ဆုံးတာဝန်ယူရတဲ့နေ့က မြန်မာပြည်သူတွေကို ဆိုရှယ်မီဒီယာကနေ နုတ်ဆက်အားပေးခဲ့သလို

” နေကြာပန်းတိုင်းဟာ အမြဲခေါင်းထောင်မနေနိုင်ပါဘူး။ တချိန်မှာ အပြီးတိုင် ခေါင်းငုံ့ဦးညွှတ်သွားရတာပါ။ အာဏာရှင်တွေ ဆင်းကိုပေးရမယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ နောက်ဆုံးရေးသားခဲ့ပါတယ်။

Zawgyi

ေနျပည္ေတာ္က ကုလအထူးကိုယ္စားလွယ္႐ုံးကို အာဏာသိမ္းစစ္တပ္က အခုမွ ဘာလို႔ပိတ္တာလဲ

ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္တာဝန္ယူခဲ့တဲ့ ဆြစ္ဇာလန္ႏိုင္ငံသူChristine Schraner Burgener ရဲ႕ ေနျပည္ေတာ္က ႐ုံးခန္းကို ပိတ္လိုက္ေၾကာင္း အာဏာသိမ္းစစ္တပ္က ဒီဇင္ဘာ ၂၁ ရက္ေန႔စြဲနဲ႔သတင္းထုတ္ျပန္ထားပါတယ္။

Christine Schraner Burgener ဟာ ေအာက္တိုဘာ (၃၁) ရက္ေန႔ကတည္းက ျမန္မာျပည္သူေတြကိုေရာ ကမ႓ာကိုပါ ကုလသမဂၢစင္ျမင့္ထက္ကေန တရားဝင္ႏုတ္ဆက္ၿပီး ရာထူးတာဝန္က နားသြားခဲ့ၿပီးျဖစ္ပါတယ္။

ခ်မ္းသာႂကြယ္ဝတဲ့ ဆြစ္ဇာလန္ႏိုင္ငံရဲ႕ လူအဝင္အထြက္နဲ႔ အလုပ္လုပ္ခြင့္ ေနထိုင္ခြင့္ ခိုလုံခြင့္စတဲ့အေရးႀကီးဆုံးအရာေတြကို တာဝန္ယူ ဆုံးျဖတ္ရတဲ့ State Secretary for Migration ဌာနမွာ ေျပာင္းေ႐ႊ႕တာဝန္ယူမွာျဖစ္ပါတယ္။

ဆြစ္ဇာလန္အစိုးရက ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလမွာ စတင္တာဝန္ထမ္းေဆာင္ဖို႔ တာဝန္ေပးခဲ့ေပမယ့္ မအလအာဏာသိမ္းလိုက္လို႔ ဒီမိုကေရစီအလုခံရတဲ့အေပၚ မေက်နပ္လို႔ ျမန္မာ့အေရးကို ၁ ႏွစ္ ဆက္လုပ္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ဆြစ္ဇာလန္အစိုးရကလည္း သေဘာတူခဲ့ၿပီး ၁ ႏွစ္ေနာက္ဆုတ္ေပးခဲ့လို႔ အခုလာမယ့္ ေဖေဖၚဝါရီမွာ စတင္တာဝန္ယူဖို႔ျဖစ္လာတာပါ။

သူစတင္တာဝန္ယူမယ့္အခ်ိန္ကစၿပီး ဆြစ္ဇာလန္ေျမေပၚကို မအလစစ္တပ္နဲ႔ၾကံရာပါေတြ ေဆြမ်ိဳးသားခ်င္းအားလုံးအေနနဲ႔ အရင္ကလို ေစ်းဝယ္လာလိုက္ ႏွင္းေလွ်ာစီးလိုက္ ဓါတ္ပုံ႐ိုက္လိုက္ စတဲ့ ဖလန္းဖလန္းခရီးစဥ္ေတြ အပါအဝင္ လာေရာက္လုပ္ကိုင္စားေသာက္ဖို႔အစီအစဥ္ေတြ ဘဏ္အေကာင့္ေတြ ေမ့လိုက္လို႔ ရၿပီလို႔ ေျပာရပါမယ္။

ျမန္မာျပည္က ဒီမိုကေရစီကို ဖ်က္ဆီးခဲ့သူေတြ ၾကံရာပါေတြအေၾကာင္းကို အေသးစိတ္သိထားတဲ့ State Secretary for Migration ကို မိသားစုေဆြမ်ိဳးသားခ်င္းေတြ ဆြစ္ဇာလန္လာခြင့္ ေနခြင့္ထိခိုက္မွာစိုးတဲ့ မအလစစ္တပ္အသိုင္းအဝိုင္းနဲ႔ ၾကံရာပါေတြက အေပးအယူလုပ္ဖို႔က်ိဳးစားခဲ့ေပမယ့္
Christine Schraner Burgener က အဖက္မလုပ္ပဲ အေတြ႕မခံခဲ့ဘူးဆိုပါတယ္။ သူတို႔သားသမီးေဆြမ်ိဳးေတြအတြက္ ဘယ္လိုမွ ခ်ည္းကပ္လို႔မရေတာ့မွန္းသိလို႔ ေနျပည္ေတာ္က ႐ုံးကို မအလစစ္တပ္က မပိတ္ခ်င္ပဲ အခုမွ ပိတ္လိုက္ရတာလို႔ ယူဆၾကပါတယ္။

တခ်ိန္ထဲမွာပဲ အသစ္ခန္႔အပ္တာဝန္ေပးထားတဲ့ ကုလသမဂၢအထူးကိုယ္စားလွယ္ စကၤာပူႏိုင္ငံသူကို လည္း အလိုမ႐ွိ လက္မခံခ်င္ဘူးဆိုတာကို မအလစစ္တပ္က ျပသလိုက္တဲ့သေဘာလို႔လည္း ဂ်ီနီဗာ သံတမန္အသိုင္းအဝိုင္းက သုံးသပ္ပါတယ္။

ကမ္ေဘာဒီးယားကလြဲရင္ သူတို႔ေျပာသမွ် ဘယ္အထူးကိုယ္စားလွယ္ကမွ ယုံၾကည္မွာ မဟုတ္ေတာ့ဘူးဆိုတာ မအလစစ္တပ္က ေကာင္းေကာင္းသေဘာေပါက္သြားၿပီလို႔လည္း Christine Schraner Burgener နဲ႔နီးစပ္သူတခ်ိဳ႕က ေျပာပါတယ္။

ဂ်ာမဏီနဲ႔ ထိုင္းမွာ သံအမတ္ႀကီးတာဝန္ယူခဲ့ဘူးတဲ့Christine Schraner Burgener ဟာ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ ေနာက္ဆုံးတာဝန္ယူရတဲ့ေန႔က ျမန္မာျပည္သူေတြကို ဆို႐ွယ္မီဒီယာကေန ႏုတ္ဆက္အားေပးခဲ့သလို

” ေနၾကာပန္းတိုင္းဟာ အၿမဲေခါင္းေထာင္မေနႏိုင္ပါဘူး။ တခ်ိန္မွာ အၿပီးတိုင္ ေခါင္းငုံ႔ဦးၫႊတ္သြားရတာပါ။ အာဏာ႐ွင္ေတြ ဆင္းကိုေပးရမယ္” ဆိုၿပီး သူ႕ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေနာက္ဆုံးေရးသားခဲ့ပါတယ္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.