Local News

မြန်မာပြည်သူတွေအတွက် အမေရိကန်သံအမတ်ကြီး အားပေးဆုတောင်း

စစ်အာဏာသိမ်းပြီး နောက်ပိုင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအပေါ် အမေရိကန်သံအမတ်ကြီးက အားပေးစကား ပြောကြားလိုက်ပြီး တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ပေါ်ထွန်းစေဖို့လည်း နှစ်သစ်ကူးဆုတောင်းစကားအဖြစ် ပြောကြားလိုက်ပါတယ်။

“ဒီနှစ်ထဲမှာ မြန်မာပြည်သူတွေဟာ အင်မတန်ခက်ခဲတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း မယုံနိုင်လောက်အောင်ပြောင်မြောက်တဲ့ သတ္တိနဲ့ ကြံ့ကြံ့ခိုင်နိုင်စွမ်းကို ပြသခဲ့ကြပါတယ်။ နှစ်သစ်ကူးပြောင်းဖို့အချိန်နီးကပ်လာတာနဲ့အမျှ မြန်မာပြည်သူတွေ ငြိမ်းချမ်းကြပါစေ၊ ကျန်းမာကြပါစေ၊

ဒီမိုကရေစီစနစ်ကို ပြန်ထူထောင်နိုင်ကြပါစေလို့ ကျွန်တော် ရိုးသားစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။” လို့ သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါ က ဗုဒ္ဓဟူးနေ့ အွန်လိုင်းကနေ နှစ်သစ်ကူးဆုတောင်းစကား ပြောကြားရာမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားအာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေ ပေါ်ပေါက်နေတာကြောင့် အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာစစ်အာဏာပိုင်တွေအပေါ် ဖိအားပေးနေကြတာပါ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားသူတွေအပေါ် အပြင်းအထန် နှိမ်နင်းမှုတွေကြောင့် နောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ပြဿနာတွေကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ကြုံရမှာကိုလည်း နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးထားပါတယ်။

Zawgyi

စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္း အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူေတြအေပၚ အေမရိကန္သံအမတ္ႀကီးက အားေပးစကား ေျပာၾကားလိုက္ၿပီး တိုင္းျပည္မွာ ဒီမိုကေရစီစနစ္ေပၚထြန္းေစဖို႔လည္း ႏွစ္သစ္ကူးဆုေတာင္းစကားအျဖစ္ ေျပာၾကားလိုက္ပါတယ္။

“ဒီႏွစ္ထဲမွာ ျမန္မာျပည္သူေတြဟာ အင္မတန္ခက္ခဲတဲ့စိန္ေခၚမႈေတြကို ရင္ဆိုင္ရင္း မယုံႏိုင္ေလာက္ေအာင္ေျပာင္ေျမာက္တဲ့ သတၱိနဲ႔ ၾကံ့ၾကံ့ခိုင္ႏိုင္စြမ္းကို ျပသခဲ့ၾကပါတယ္။ ႏွစ္သစ္ကူးေျပာင္းဖို႔အခ်ိန္နီးကပ္လာတာနဲ႔အမွ် ျမန္မာျပည္သူေတြ ၿငိမ္းခ်မ္းၾကပါေစ၊ က်န္းမာၾကပါေစ၊

ဒီမိုကေရစီစနစ္ကို ျပန္ထူေထာင္ႏိုင္ၾကပါေစလို႔ ကြၽန္ေတာ္ ႐ိုးသားစြာ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။” လို႔ သံအမတ္ႀကီး ေသာမတ္စ္ဗိုက္ဒါ က ဗုဒၶဟူးေန႔ အြန္လိုင္းကေန ႏွစ္သစ္ကူးဆုေတာင္းစကား ေျပာၾကားရာမွာ ထည့္သြင္းေျပာဆိုလိုက္တာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အရပ္သားအစိုးရကို ဖယ္႐ွားအာဏာသိမ္းလိုက္ၿပီးေနာက္ ႏိုင္ငံေရးအက်ပ္အတည္းေတြနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ ျပႆနာေတြ ေပၚေပါက္ေနတာေၾကာင့္ အေမရိကန္ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းက ျမန္မာစစ္အာဏာပိုင္ေတြအေပၚ ဖိအားေပးေနၾကတာပါ။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္လႈပ္႐ွားသူေတြအေပၚ အျပင္းအထန္ ႏွိမ္နင္းမႈေတြေၾကာင့္ ေနာက္ဆက္တြဲ လက္နက္ကိုင္ ပဋိပကၡေတြ၊ ေနရပ္စြန္႔ခြာထြက္ေျပးရတဲ့ ျပႆနာေတြေၾကာင့္ လူသားခ်င္း စာနာမႈဆိုင္ရာ အက်ပ္အတည္း ၾကဳံရမွာကိုလည္း ႏိုင္ငံတကာ အသိုင္းအဝန္းက သတိေပးထားပါတယ္။

About the author

admin

Add Comment

Click here to post a comment